Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တာဝန်ရှိသူ နုတ်ထွက်ရန် ရုရှားသမ္မတ အမိန့်ပေး

အောင်ဝင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

၂၀၁၀ ဗန်ကူးဗား ဆောင်းရာသီ အိုလံပစ်တွင်ရုရှားအသင်းက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း အဆိုးဆုံး အခြေအနေ ကြုံတွေ့ခဲ့ရသဖြင့် အိုလံပစ် တာဝန်ရှိပုဂ္ဂိုလ်များကို နုတ်ထွက်ပေးရန် ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ်က အမိန့်ပေးခဲ့သည်။

ရုရှားအသင်းသည် ရွှေသုံးခုသာရခဲ့ ရာ အဓိကတာဝန်ရှိကြသော လူကြီးများ နုတ်ထွက်ကြရန် သမ္မတမက်ဗီဒက်ဗ်က တောင်းဆိုခဲ့ သည်။ ပြိုင်ပွဲမတိုင်မီဆိုလျှင် ထိပ်ဆုံးသုံးနိုင်ငံတွင် ပါဝင်ရန် မျှော်မှန်းခဲ့ကြသော်လည်း ပြိုင်ပွဲအပြီးတွင်မူ ရုရှားသည် အာရှမှ တောင် ကိုရီးယား၊ တရုတ်နှင့် နယ်သာလန်တို့၏ နောက်မှအဆင့် (၁၁) နေရာသာရခဲ့သည်။ အိမ်ရှင်ကနေဒါကရွှေ ၁၄ ခု ဖြင့် အောင်မြင်မှု စံချိန်တင်ကာ နိုင်ငံအလိုက်တွင် ထိပ်ဆုံးနေရာရခဲ့သည်။

ရုရှားသည် နောက်တစ်ကြိမ် ၂၀၁၄ ဆောင်းရာသီအိုလံပစ်ကို ပင်လယ်နက်ဒေသ ဆိုချီမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ရာ ယခုဗန်ကူးဗား အိုလံပစ်မှ ၎င်းတို့၏ အခြေအနေက လာမည့်ပြိုင်ပွဲအတွက် ပြုပြင်စရာများကို သတိပေးလိုက်သကဲ့သို့ဖြစ်ခဲ့ သည်။

ထို့ကြောင့်လည်း သမ္မတမက်ဗီဒက်ဗ်က "ဗန်ကူးဗားဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမတိုင်မီမှာ ရုရှားအသင်းကို လေ့ကျင့်ပေးခဲ့ကြတဲ့ သူတွေဟာ အခုရလဒ်အရ သတ္တိရှိရှိနဲ့တာဝန်ယူပြီး ရာထူးကဆင်းပေးကြသင့်ပါတယ်။ ပြုပြင်စရာတွေကိုလည်း ပြုပြင်ရပါမယ်"ဟု ပြောကြားခဲ့သည်။