
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မြန်မာ့အသင်း ပြန်ရောက်ရှိ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
အေအက်ဖ်စီ ချဲလင့်ဖလားတွင် စတုတ္ထနေရာရရှိခဲ့သော မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လ ၁ ရက်နေ့ မနက်တွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဖေဖော်ဝါရီလ ၂၇ ရက်တွင် တာဂျီကစ္စတန်အသင်းနှင့် တတိယ နေရာအတွက် ယှဉ်ပြိုင်ခဲ့ရာ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် စတုတ္ထနေရာ၌သာ ကျေနပ်ခဲ့ရသည်။
မြန်မာအသင်းသည် ပြီးခဲ့သော ၂၀၀၈ ပြိုင်ပွဲတွင်လည်း တတိယလုပွဲ၌ မြောက်ကိုရီးယားကို ၄-၀ ဖြင့်ရှုံးကာ စတုတ္ထပင်ရခဲ့သည်။
ယခုနှစ်ဗိုလ်လုပွဲတွင် မြောက်ကိုရီးယားနှင့် တာ့ခ်မင်နစ္စတန်တို့ ယှဉ်ပြိုင်ရာ တစ်ဂိုးစီသရေဖြစ်နေ၍ ပင်နယ်တီဖြင့် ဆုံးဖြတ်ရပြီး မြောက်ကိုရီးယားက ၅-၄ ဖြင့်အနိုင်ရဗိုလ်စွဲကာ အာရှဖလား ၀င်ခွင့်ရရှိသွားသည်။