Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

သန်း ၄၀၀ ကျော် ၀င်ငွေ ရီးယဲလ်မက်ဒရစ်ရရှိ

(အေအက်ဖ်ပီ)
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

စပိန်မှ ရီးယဲလ်မက်ဒရစ်အသင်းသည် ကမ္ဘာတွင်တစ်နှစ်ဝင်ငွေ ယူရိုသန်း ၄၀၀ ကျော် (ပေါင် ၃၆၂ သန်း)ရ ပထမဆုံးအားကစား အသင်းဖြစ်လာသည်ဟု Deloitte စာရင်းအင်းလုပ်ငန်းက ဖော်ပြခဲ့သည်။

၎င်းလုပ်ငန်းက ဘောလုံးငွေကြေး လိဂ်ပြိုင်ပွဲ၏ နောက်ဆုံးရပ်တည်မှု အနေအထားကို မတ်လ ၂ ရက်က ထုတ်ပြန်ခဲ့ရာ ရီးယဲလ် မက်ဒရစ်က ငါးနှစ်ဆက်ဝင်ငွေအများဆုံးရ ဘောလုံးကလပ်ဖြစ်ခဲ့သည်။ ရီးယဲလ်၏ ရုပ်သံလွှင့်ခွင့်မှရငွေမှာ ယူရို၁၆၁သန်းဖြစ်ရာ ၎င်းစာရင်းအင်းလုပ်ငန်းက သတ်မှတ်ပေးသောထိပ်တန်း ၁၀ သင်း စာရင်းပါအခြားအသင်းအားလုံး၏ စုစုပေါင်းဝင်ငွေထက်ပိုများ ခဲ့သည်။

၂၀၀၈-၀၉ အတွက် ဒီလွိုက် ဘောလုံးငွေကြေးလိဂ်ပြိုင်ပွဲရပ်တည်မှု အနေအထား

 

အဆင့်
(ယမန်နှစ်)
အသင်း
ဝင်ငွေ ယူရိုသန်း
(၁)
ရီးယဲလ်
၄၀၁.၎
(၃)
ဘာစီလိုနာ
၃၆၅.၉
(၂)
မန်ယူ
၃၂၇.ဝ
(၄)
ဘိုင်ယန်မြူးနစ်
၂၈၉.၅
(၆)
အာဆင်နယ်
၂၆၃.ဝ
(၅)
ချယ်လ်ဆီး
၂၄၂.၃
(၈)
လီဗာပူး
၂၁၇.ဝ
(၁၁)
ဂျူဗင်တပ်
၂၀၃.၂
(၁၀)
အင်တာမီလန်
၁၆၉.၅
၁၀
(၇)
အေစီမီလန်
၁၆၉.၅
၁၁
(၁၅)
ဟမ်းဘက်
၁၄၆.၇
၁၂
(၉)
ရိုးမား
၁၄၆.၎
၁၃
(၁၂)
လိုင်ယွန်
၁၃၉.၆
၁၄
(၁၆)
မာဆေး
၁၃၃.၂
၁၅
(၁၄)
စပါး
၁၃၂.၇
၁၆
(၁၃)
ရှော်ကဲလ်
၁၂၄.၅