Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

အိန္ဒိယဘီလျံနာတစ်ယောက်ရဲ့ ပရီမီယာလိဂ်စွန့်စားခန်း

အောင်မိုးဇော်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ပရီမီယာလိဂ်ကလပ် ဘလက်ဘန်းကို ၀ယ်ယူဖို့ဆိုတဲ့ စိတ်ကူး အစီအမံဟာ တကယ်ဆိုရင် စွန့်စားခန်းတစ်ခုဖြစ်တာ သေချာနေပါ တယ်။ လန်ဒန်အခြေစိုက် ကလပ်တွေ၊ လီဗာပူးအခြေစိုက်ကလပ်တွေ၊ မန်ချက်စတာအခြေစိုက်ကလပ်တွေ၊ ဘာမင်ဂမ်အခြေစိုက် ကလပ်တွေကိုပဲ ၀ယ်ယူရင်းနှီးမြှုပ်နှံချင်သူတွေကများနေကြတာပါ။ အခုအိန္ဒိယဘီလျံနာတစ်ယောက်က ဒါတွေနဲ့ မတူတဲ့ ဘလက် ဘန်းကလပ်ကိုမှ ၀ယ်ယူချင်တာက အံ့ဩစရာလို့လည်း ဆိုရမယ် ထင်ပါတယ်။

ဘလက်ဘန်းကိုဝယ်မယ့် အိန္ဒိယ ဘီလျံနာ အာရှန်အလီ ဆိုင်ရက်ဟာ အခုမှ အသက် ၃၆ နှစ် ပဲရှိသေးတဲ့ လူငယ်တစ်ယောက်ဖြစ် နေတာက ထူးခြားလို့နေခဲ့ပါတယ်။ အိန္ဒိယလူမျိုး တစ်ဦး လူငယ်တစ်ဦးဖြစ်နေပေမယ့် သူဟာလန်ဒန်မှာပညာသင်ကြားပြီး ဥပဒေနဲ့ ကျောင်းပြီးလာခဲ့သူတစ်ဦး ဖြစ်နေလို့ အင်္ဂလန်အကြောင်းကို သူကောင်းကောင်းသိနေတဲ့ပုံမှာ ရှိနေခဲ့ပါတယ်။ အာရှန်အလီဆိုင်ရက် မိသားစုဟာ အိန္ဒိယမှာ ချမ်းသာ ကြွယ်ဝတဲ့ ဘီလျံနာမိသားစု တစ်စုပဲဖြစ်ပါတယ်။ ပေါင်ရှစ်ဘီလျံကျော်အထိ ကြွယ်ဝ ထားတယ်လို့ သိရပါတယ်။

ဘလက်ဘန်းကလပ်ကို ပိုင်ဆိုင်ပြီးရင် အဲဒီဝန်းကျင်က မြေတွေကို ၀ယ်ယူဖို့လည်း ပြင်ဆင်ထားသူဖြစ်နေခဲ့ပါတယ်။ ဘလက်ဘန်း ဟာ လက်ရှိမှာ အကြွေးပေါင်သန်း ၂၀ ကျော် တင်နေတဲ့ ကလပ်ပဲဖြစ်ပါတယ်။ လက်ရှိ ဘလက်ဘန်းရဲ့ အနေအထားနဲ့ ဆိုရင် များ ပြားတဲ့ အနေအထားပဲဖြစ်ပါတယ်။ အာရှန်အလီဆိုင်ရက်ဟာ ဘလက်ဘန်း ရဲ့ အကြွေးတွေထပ်ပေးထားပြီး ဘလက်ဘန်းကို ပေါင် သန်း ၃၀၀နဲ့ဝယ်ဖို့အတွက် ဆွေးနွေးနေခဲ့တာပဲဖြစ်ပါတယ်။ ဆွေးနွေးမှုဟာ ပြီးပြတ်ဖို့အခြေအနေအထိကိုရောက်နေပြီ ဖြစ်ပါတယ်။ အာရှန်အလီဆိုင်ရက်အနေနဲ့ ကတော့ ဩဂုတ် ၃၁ ရက်နေ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီမှာ အရောင်းအ၀ယ်ပြတ်ချင် လျက်ရှိနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်နေဂျာဆမ်အလာဒိုက်စ်ကို ကစားသမားအသစ်တွေဝယ်ပေးချင်နေလို့ဖြစ်တယ်လို့ ဆိုနေခဲ့ပါတယ်။

အာရှန်အလီဆိုင်ရက်ဟာ အိန္ဒိယဘီလျံနာဖြစ်ပေမယ့် သူ့ရဲ့အဓိကကုမ္ပဏီဖြစ်တဲ့ Western Golf Advisory (WAG) ဟာ ဘာရိန်းနဲ့ ဆွစ်ဇာ လန်တို့မှာ အခြေစိုက်ထားတာတွေ့ရပါ တယ်။ ပေါင် ရှစ်ဘီလျံကျော် အထိ ကြွယ်ဝတဲ့ အာရှန်အလီဆိုင်ရက် မှာ စုစုပေါင်း ကုမ္ပဏီ ၁၃၀ ကျော်အထိ ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

အာရှန်အလီဆိုင်ရက်ဟာ မန်နေဂျာဆမ်အလာဒိုက်စ်အတွက် ပေါင်သန်း ၈၀နဲ့ ၁၀၀ကြားမှာ အပြောင်းအရွှေ့အတွက် အသုံးပြုမယ် လို့ဆိုထားတဲ့အတွက် အလာဒိုက်စ်ဟာ အာရှန်အလီဆိုင်ရက်အလာကိုစောင့်လျက်ရှိနေပါတယ်။ အာရှန်အလီဆိုင်ရက်ဟာ အေဗရာ မိုဗစ်ခ်ျ(ချယ်လ်ဆီး)၊ အဘူဒါဘီအုပ်စု (မန်စီးတီး)တို့လို ငွေအလုံးအရင်းနဲ့ဝင်ပြိုင်ဖို့ထက် ဘလက်ဘန်းကို ၁၅နှစ် စီမံကိန်းနဲ့ အောင် မြင်အောင်လုပ်ဖို့ စီမံကိန်းရေးဆွဲပြီး လာခဲ့သူပဲဖြစ်ပါ တယ်။ သူ့ရဲ့ ၁၅ နှစ် စီမံကိန်းက ဘလက်ဘန်း ချန်ပီယံလိဂ်ဝင်ခွင့်ရရေး၊ ပရီမီယာလိဂ်ချန်ပီယံဖြစ်ရေးဆိုတဲ့ အချက်တို့က အဓိကပဲဖြစ်ပါတယ်။ ပထမငါးနှစ်စီမံကိန်းမှာအဆင့်သုံးဆင့်နဲ့သွားဖို့ဆိုတဲ့ ရည်မှန်း ချက်ကို လည်း အတိအလင်းဖော်ထုတ် ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။ ပထမအချက်က ဘလက်ဘန်းကို အရှေ့အလယ် ပိုင်း၊အိန္ဒိယနဲ့အရှေ့ဖျားတို့မှာ ထည်ထည်ဝါ၀ါရှိလာအောင်၊ စိတ်ဝင်စားသူပိုများ လာအောင်ဖြစ်ရေး၊နှစ်အချက် ဘလက်ဘန်းလူငယ် အကယ်ဒမီအောင်မြင်မှုရပြီး အသင်းကြီးကို အထောက်အပံ့ပေးနိုင်ရေး။သုံးအချက်က ပရီမီယာလိဂ်မှာ ဂုဏ်ဒြပ်တစ်ခုတည်ဆောက် နိုင်ဖို့ မန်နေဂျာကို လိုအပ်တဲ့ ကစားသမားတွေ ပံ့ပိုးပေးရေးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

အေဗရာမိုဗစ်ခ်ျနီးပါး ကြွယ်ဝတဲ့ အိန္ဒိယသားရဲ့ ပရီမီယာလိဂ်စွန့်စားခန်းဟာ စိတ်ဝင်စားစရာဖြစ်နေပါရဲ့...။

နိုင်ငံခြားသားပိုင်ဆိုင်သောကလပ်များ

၁။ မန်ယူ - အမေရိကန်
၂။ လီဗာပူး - အမေရိကန်နှင့်ကနေဒါ
၃။ ချယ်လ်ဆီး - ရုရှား
၎။ ဖူလ်ဟမ် - အီဂျစ်
၅။ မန်စီးတီး - ယူအေအီး
၆။ ဆန်းဒါးလန်း - အိုင်းရစ်ခ်ျ
၇။ ဗီလာ - အမေရိကန်
၈။ ဘာမင်ဂမ် - တရုတ်
၉။ ဘလက်ဘန်း - အိန္ဒိယ