
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အွန်နရီနှင့်မားကွက်ဇ်တို့၏ လစာဘက်ခမ်းနောက်မှာသာ
တင်ဦး ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
နယူးယော့ခ်စ် - ပြင်သစ်ဘောလုံးသမား သီယာရီအွန်နရီနှင့် မက္ကဆီကို ဘောလုံးသမားရာဖေးလ်မားကွက်ဇ်တို့သည် လွန်ခဲ့သောလ ကမေဂျာလိဂ်ဆော့ကာတွင်ပါဝင်ကစားလိုက်သဖြင့် သတင်းထူးဖြစ်သွားခဲ့သော်လည်း ဒေးဗစ်ဘက်ခမ်းမှာမူအမေရိကန်လိဂ်၏လစာ အများဆုံးရဘောလုံးသမား ဖြစ်နေဆဲပင်ဖြစ်သည်။
မေဂျာလိဂ် ဆော့ကာ (အမ်အယ်လ်အက်စ်) ဘောလုံးသမားများ သမဂ္ဂက ကောက်ယူသော ဘောလုံးသမားများ၏ လစာ စာရင်းတွင် ဘက်ခမ်း၏ လစာ သည် ယခုနှစ်ရာသီတွင် ၆ ဒသမ ၅ သန်းရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အွန်နရီသည် ယခုနှစ်တွင် နယူးယော့ခ်ရက်ဘူးလ်တွင် ဒေါ်လာ ၅ ဒသမ ၆ သန်းရရှိကာ ဘက်ခမ်းနောက် ဒုတိယလစာအများဆုံးရရှိ မည့်သူဖြစ်လာမည်။ ဘာစီလိုနာမှ ရက်ဒ်ဘူးသို့ပြောင်းလာသည့် မားကွက်ဇ်သည် လစာဒေါ်လာ ၅ ဒသမ ၅၄ သန်းရရှိမည်ဖြစ်သည်။