Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မြန်မာ့လက်ဝှေ့မယ်နှစ်ဦး ဘာဘေးဒိုးရောက်ရှိ

ငြိမ်းအိအိထွေး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
News Pic
အလွတ်တန်းပြိုင်ပွဲဝင်မည့် ကြူကြူသင်း ဓာတ်ပုံ - ကောင်းထက်

မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ အမျိုးသမီးလက်ဝှေ့သမားနှစ်ဦးသည် စက်တင်ဘာ ၆ ရက်မှ ၁၉ရက်အထိဘာဘေးဒိုးကျွန်းနိုင်ငံတွင် ပြုလုပ် မည့် ခြောက်ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး လက်ဝှေ့ချန်ပီယံစိန်ခေါ်ပွဲ သို့ ပထမဆုံးအကြိမ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ပြိုင်ပွဲ ကို ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်က ဦးစီး၍ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံသို့ယခုနှစ်တွင် ပထမဆုံးကမ်းလှမ်းဖိတ် ကြား ခြင်းဖြစ်သည်။

"ဦးတို့ နိုင်ငံမှာလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်း နိုင်တဲ့ အမျိုးသမီး
လက်ဝှေ့သမားတွေ ရှိတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က ကမ္ဘာ့ လက်ဝှေ့ပွဲတွေမှာ မြန်မာတွေ ဗိုလ်စွဲခဲ့တယ်ဆိုတာကိုလည်း ပြန် သတိရစေမယ်။နောက်ပြီးသွားပြိုင်မယ့် မိန်းကလေးတွေအတွက် နိုင်ငံတကာရဲ့လက်ဝှေ့အတွေ့အကြုံတွေရမယ်"ဟု မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်၊အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ကပြော သည်။

အမျိုးသမီးလက်ဝှေ့သမားနှစ်ဦးနှင့် နည်းပြတစ်ဦးတို့သည် ဩဂုတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မှထွက်ခွာခဲ့ပြီး ဩဂုတ်လ ၂၀ ရက် နေ့မှ စတင်၍ စက်တင်ဘာ ၅ ရက်နေ့အထိ နိုင်ငံ တကာမှ လက်ဝှေ့သမားများနှင့် ပူးတွဲ လေ့ကျင့်ရမည်ဖြစ်သည်။

"ကျွန်တော်တို့လက်ဝှေ့သမားတွေကို ဇွန်လ ၁၅ရက်နေ့ကတည်းက စခန်းသွင်းလေ့ကျင့်ပေးခဲ့ပါတယ်။ဒီလာမယ့်ပြိုင်ပွဲတစ်ခုတည်း အတွက် ဆိုတာထက် ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာပြုလုပ်မယ့် အရှေ့တောင် အာရှအမျိုးသမီး လက်ဝှေ့ပြိုင်ပွဲတွေ အတွက်ပါ ရည်ရွယ်ပြီး လေ့ကျင့်ပေး ခဲ့တာပါ"ဟု လက်ဝှေ့ အဖွဲ့ချုပ်မှ အတွင်း ရေးမှူး ဦးနေဇော်ကပြောသည်။

အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်မှ လေယာဉ်လက်မှတ်နှင့်တည်းခိုစရိတ်အတွက်ကျခံပေးမည် ဖြစ်သော် လည်း လေ့ကျင့်ရက်အတွင်း ကုန်ကျမည့် အထွေထွေစရိတ် ကို မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ တာဝန် ယူသွားမည်ဟု ၎င်းကပြော သည်။

"ဘယ်နိုင်ငံကအားကစားသမားတွေဝင်ပြိုင်မယ်ဆိုတာတော့ သေချာမသိရသေးဘူး။ဒါပေမယ့် အရှေ့တောင်အာရှက ၁၀နိုင်ငံစလုံး ကတော့ ၀င်ပြိုင်မှာ သေချာ တယ်။ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတိုင်းမှာ အရမ်းတော်တဲ့ အမျိုးသမီးလက်ဝှေ့သမားတွေရှိတယ်" ဟု ဦးနေဇော်က သုံးသပ်သည်။

မြန်မာအမျိုးသမီး နှစ်ဦးက အမျိုးသမီး အလွတ်တန်းပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

"အိုလံပစ် ပြိုင်ပွဲဆို တော့ နာကျင် ထိခိုက် စေမယ့်အရာ တွေ တစ်ခုမှသုံးလို့ မရဘူး။ ခေါင်းစွပ် တစ်ဖက်ကို ၁၀ အောင်စ စီလေးတဲ့ လက်အိတ်၊ထိုးပုံထိုး နည်းကအစ တစ်ဖက်လူ မူးနေရင်၊ နာကျင်သွားရင် ဆက်ထိုးလို့ မရတော့ဘူး။ အန္တရာယ်ကမရှိသလောက်ကို နည်းပါတယ်"ဟု အဆိုပါ ပြိုင်ပွဲ သို့ လိုက်ပါသွားမည့် နည်းပြ ဦးတင်မောင်ဖေကပြောသည်။

"ပူးတွဲလေ့ကျင့်တဲ့ ကာလမှာ တခြားနိုင်ငံတွေရဲ့ နည်းစနစ်တွေရမယ်၊ လက်ဝှေ့ထိုးနည်းက တစ်ကမ္ဘာလုံးတူကြပေမယ့် နည်းစနစ် တွေ ကတော့ ကွာခြားသွားလိမ့်မယ်"ဟု ၎င်းက ဆိုသည်။

သွားရောက်ယှဉ်ပြိုင်မည့် မကြူကြူ သင်း(၃၀ နှစ်)သည် ၂၀၀၅၊ ၂၀၀၇ နှင့် ၂၀၀၉ ခုနှစ်တို့တွင် ကျင်းပသော အရှေ့ တောင်အာရှ အမျိုး သမီးလက်ဝှေ့ပြိုင်ပွဲ များတွင် ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခုတို့ကို ဆွတ်ခူးခဲ့ဖူးပြီး မနှင်းမို့မို့နိုင်(၁၉ နှစ်)သည်လည်း ၂၀၀၇ ခုနှစ်နှင့် ၂၀၀၉ ခုနှစ် တို့တွင် အရှေ့တောင်အာရှ အမျိုးသမီး လက် ဝှေ့ပြိုင်ပွဲများမှ ငွေ တံဆိပ်တစ်ခုနှင့်ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည်။

"အရှေ့တောင်အာရှပြိုင်ပွဲတွေဝင်ပြိုင်ဖူးတော့ အတွေ့အကြုံတော့ရှိတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ပထမဆုံးနိုင်ငံတကာပွဲမှာ အနိုင်ရရ မယ်လို့ ဆုံးဖြတ်ထားတယ်။ အဲဒီအတွက်လည်း စိတ်ဓာတ်ပိုင်းရော၊ ခန္ဓာကိုယ်ပိုင်းရော သေချာလေ့ကျင့်ထားတယ်"ဟု မကြူကြူ သင်းက ပြောသည်။

အသက် ၁၉ နှစ်သာ ရှိသေးသော ပြိုင်ပွဲဝင် မနှင်းမို့မို့နိုင်က လည်း အဆိုပါ အခွင့်အရေးသည် သူ့အတွက် အရေး ပါသောကြောင့် အကောင်းဆုံးဖြစ် အောင်ပြင်ဆင်ထားကြောင်းပြောသည်။

"ဟိုမှာတွေ့ရမှာက ကိုယ့်ထက်တော်တဲ့ လူတွေချည်းပဲဆိုတော့ ကောင်းတဲ့ ရလဒ်အဖြစ် အတွေ့အကြုံတွေရမယ်၊ နိုင်ငံပေါင်းစုံရဲ့ နည်းစနစ်တွေသိရမယ်၊ နှစ်တိုင်းပြိုင်ပွဲဝင် နိုင်အောင်ကြိုးစားသွားမယ်"ဟု ၎င်းက ပြောသည်။