Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ခံစစ်ကစားကွက်ဖြင့် မနောမြေနိုင်ပွဲရ

ဟန်ဦးခင်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

မြန်မာနေရှင်နယ်လိဂ် ဂရင်းရွိုင်ရယ် ၂၀၁၀ ပြိုင်ပွဲ၏ ပွဲစဉ် ၆၅ အဖြစ် ဩဂုတ်လ ၂၃ ရက်နေ့က မနောမြေ အသင်းနှင့် ဥဿာယူနိုက် တက်အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ မနောမြေ အသင်းက ၂-၁ ဖြင့်အနိုင်ရခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် နှစ်သင်းစလုံးသည် ခြေရည်တူကစားနိုင်ခဲ့သော်လည်း တစ်သင်းလုံးပိတ်ဆို့ ထားသော မနော မြေခံစစ်ကို ဥဿာ အသင်း မကျော် လွှားနိုင်ခဲ့၍ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

ပထမပိုင်းတွင် ဥဿာအသင်း ဂိုးသွင်းခွင့်များ အကြိမ်ကြိမ် ရရှိခဲ့သော် လည်း မနောမြေဂိုးသမားမွန်ထွယ်အောင်က နေရာယူမှန်မှန် ဖြင့် အစွမ်းပြ ကာကွယ်နိုင်ခဲ့၍ ဂိုးမရှိသရေဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဒုတိယပိုင်း ပွဲစပြီး သုံးမိနစ်ခန့်တွင် ဥဿာယူနိုက်တက်အသင်း ဂိုးပေါက် ညာခြမ်းမှ နေ၍ အမ်မန်နူရယ် ဖြတ်တင် ပေးလိုက်သော ဘောလုံးကို ကျော်မျိုး ၀င်းက အပိုင်ပိတ်သွင်းနိုင်ခဲ့၍ မနေမြေ အသင်း အဖွင့်ဂိုးစတင်ရရှိခဲ့သည်။

ပွဲကစားချိန် ၇၆ မိနစ်တွင် မနောမြေအသင်းမှ ကျော်မျိုးဝင်း ဘောလုံးဆွဲယူလာသည်ကို ဖျတ်ထုတ်ပုံကြမ်းသောကြောင့် မနောမြေ အသင်းမှ ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး အဆိုပါ ပင်နယ်တီကို အသင်းခေါင်းဆောင် ၀င်းဇော်အောင်က သွင်းယူပေးနိုင်ခဲ့သည်။

ဒုတိယပိုင်း ၈၃ မိနစ်ခန့်တွင် ပြစ်ဒဏ်ဘောမှ တစ်ဆင့် နီမောင်မောင်အောင် ဖန်တီးပေးလိုက်သော အခွင့်အရေးကို ထွန်းမင်းဦးက အမိအရ အသုံးချနိုင်ခဲ့၍ ဥဿာယူနိုက်တက်အသင်း ချေပဂိုးတစ်ဂိုးပြန်လည်ရရှိခဲ့ ပြီး ၂-၁ ဖြင့်ပွဲပြီးသွားခဲ့သည်။

မနောမြေအသင်း သည် အဆိုပါပွဲ တွင် ၄-၂-၃-၁ ပုံစံဖြင့် ကစားခဲ့ခြင်း ဖြစ်ပြီး ဥဿာယူနိုက်တက်အသင်း ၏ ရှေ့တန်းတိုက်စစ်ကို ထိန်းချုပ်နိုင်ရန် အဓိကကြိုးပမ်းခဲ့ကြောင်း မနောမြေအသင်း နည်းပြချုပ်ဦးဝင်းမြင့်သွင်က ပြောသည်။

"ဥဿာယူနိုက်တက်အသင်းက ရှေ့တန်းအားကောင်းတယ်။ အဲဒါကြောင့်ဒီပွဲမှာကျွန်တော်တို့အသင်းကခံစစ်ဦးစားပေးပုံစံနဲ့ကစားခဲ့ တာပါ။အနိုင်ရတယ်ဆိုပေမယ့် လိုအပ်ချက်တွေအမှားတွေတော့ရှိနေတုန်းပါပဲ။ ကျွန်တော့ကစားသမားတွေရဲ့အဓိကအမှားကတော့ လူပေးမှားတာပဲ။ နောက်ကစားရမယ့်ပွဲမှာ ရတနာပုံ အသင်းနဲ့ တွေ့ရမှာဆိုတော့ ကစား ကွက်အပြောင်းအလဲလုပ်ဖို့တော့ရှိပါ တယ်" ဟု ၎င်းကပြောသည်။

ဥဿာအသင်းသည် လျင်လျင်မြန်မြန်ကစားနိုင်ခဲ့သော်လည်း ဘောလုံးပေးရာတွင်အမှားများခဲ့ကြောင်း ပွဲပြီးပြုလုပ်သောသတင်းစာ ရှင်းလင်းပွဲတွင် ဥဿာယူနိုက်တက်အသင်းနည်းပြ မစ္စတာ ဗာဂျီကပြောကြားခဲ့သည်။