Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

အက်ပဲလ်ထုတ်ကုန်သစ် အိုင်ပက်ဒ် လာပြီ

(အေအက်ဖ်ပီ)
သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic

အက်ပဲလ်ရဲ့ နောက်ဆုံးပေါ်မရှိမဖြစ်ပစ္စည်း တစ်ခုအဖြစ် 'အိုင်ပက်ဒ်' လို့ခေါ်ပြီး ထိတွေ့ရုံနဲ့ အသုံးပြုနိုင်တဲ့ Tablet အမျိုးအစားကွန်ပျူတာ သစ်ကို စတင်ထုတ်လုပ်လိုက်ပြီလို့ အက်ပဲလ် အမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့ဘ်စ်က ပြီးခဲ့ တဲ့ရက်သတ္တပတ်၊ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

"တကယ့်ကို ပဉ္စလက်ဆန်ပြီး ပြုပြင်ပြောင်းလဲနိုင်တဲ့ ထုတ်ကုန်အသစ် တစ်ခုကို မိတ်ဆက် ခြင်းနဲ့ အခု ၂၀၁၀ ပြည့်နှစ်ကို စတင်ချင်ပါတယ်" လို့ စတိဗ်ဂျော့ဘ်စ်ကပြောပါတယ်။

အက်ပဲလ်ရဲ့ပရိသတ်တွေ နှစ်ရှည်လများ စောင့်ဆိုင်းမျှော်လင့်ခဲ့ရတဲ့ အိုင်ပက်ဒ်မှာ ၉ ဒသမ ၇ လက်မရှိတဲ့ ရောင်စုံပုံရိပ်ဖော်မျက်နှာပြင် ပါဝင်ပြီး အိုင်ဖုန်းအကြီးစားတစ်ခုနဲ့ ဆင်တူ ပါတယ်။ သုည ဒသမ ၅ လက်မထူပြီး ၁ ဒသမ ၅ ပေါင်လေးကာ သိုလှောင်သိမ်းဆည်းနိုင်စွမ်း ကတော့ ၁၆၊ ၃၂ နဲ့ ၆၄ ဂစ်ဂါဘိုက်ဆိုပြီး သုံးမျိုး ရှိပါတယ်။

ဝိုင်ဖိုင်စနစ်အသုံးပြုနိုင်ပြီး ၁၆ ဂစ်ဂါဘိုက်ရှိတဲ့ ဈေးအသက်သာဆုံး အိုင်ပက်ဒ်ဟာ 'ကန်' ၄၉၉ ဒေါ်လာတန်ဖိုးရှိပြီး သရီးဂျီဆက်သွယ် ရေးစနစ်နဲ့ ၆၄ ဂစ်ဂါဘိုက်ရှိတဲ့ ဈေးအကြီးဆုံး အိုင်ပက်ဒ်ကတော့ 'ကန်' ၈၂၉ ဒေါ်လာတန်ဖိုး ရှိပါတယ်။

"ဒါဟာ အိမ်သုံးအတွက် သင့်တော်တဲ့ပစ္စည်း တစ်ခုဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ နက်ဘွတ်ခ်တွေနေရာမှာ အစားထိုးဝင် လာမယ့် ပစ္စည်းတစ်ခုဖြစ်လာပြီး အက်ပဲလ် စတိုးမှာ သူနဲ့တွဲသုံးလို့ရမယ့် အက်ပလီကေးရှင်း ပေါင်း ၁၄၀,၀၀၀ အထိရနိုင်တော့ တကယ့်ကို စိတ်ဝင်စားစရာပါ"လို့ အိုင်တီသုတေသနလုပ်ငန်း ဂါတ်တနာမှ လေ့လာသုံးသပ်သူ ဗန်ဘိတ်ကာ က ပြောပါတယ်။

ပုံရိပ်ဖော်မျက်နှာပြင်မှာ ကီးဘုတ်ပါဝင်သလို ပြင်ပကီးဘုတ်နဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ အိုင်ပက်ဒ် ၀ိုင်ဖိုင်ဗားရှင်းကို လာမယ့် မတ်လနှောင်းပိုင်းမှာ စတင်ရောင်းချမယ်လို့ အက်ပဲလ်က ဆိုပါတယ်။

သရီးဂျီဗားရှင်းကတော့ ဧပြီလမှာမှ ဈေးကွက် ထဲကို ရောက်ရှိမှာဖြစ်ပြီး အက်ပဲလ်ရဲ့အိုင်ဖုန်းနဲ့ မတူဘဲ လော့ခ်ဖြေပေးထားမှာ ဖြစ်တဲ့ အတွက် သုံးစွဲသူတွေအနေနဲ့ သူတို့ကြိုက်နှစ်သက်ရာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို ရွေးချယ် သုံးစွဲနိုင်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့၊ ရာဘာ ဗျူနာအနုပညာစင်တာမှာ ကျင်းပပြုလုပ်တဲ့ မိတ်ဆက်ပွဲမှာ ဂျော့ဘ်စ်ဟာ ၀က်ဘ်ဆိုက် တွေကို ၀င်ရောက်ကြည့်ရှုတာ၊ အီးမေးလ်စစ်တာ၊ စာရင်းဇယားတွေနဲ့ လုပ်ကိုင်တာ၊ ဗီဒီယိုဂိမ်း ကစားတာ၊ သီချင်း နားထောင်တာနဲ့ ဗီဒီယို ကြည့်တာစတဲ့ အိုင်ပက်ဒ်ရဲ့ လုပ်ဆောင်ချက် ပေါင်းစုံကို ရှင်းလင်းပြသခဲ့ပါတယ်။

ဒါ့ပြင် အက်ပဲလ်က အိုင်ပက်ဒ်အတွက် 'အိုင်ဘွတ်ခ်စတိုး'လို့ခေါ်တဲ့ အွန်လိုင်းစာအုပ် ဆိုင်လွှင့်တင်ထားတာနဲ့ အိုင်ပက်ဒ်ကို အီလက် ထရွန်းနစ်စာဖတ်စက်အဖြစ် အသုံးချပြီး စာအုပ်၊ သတင်းစာနဲ့ မဂ္ဂဇင်းတွေဖတ်ရှုနိုင်တဲ့ စွမ်းဆောင်ရည်ကိုလည်း ပြသခဲ့ပါသေးတယ်။

"ခင်ဗျားတို့ရဲ့စာအုပ်တွေကို အဖြူအမည်း၊ ရောင်စုံ၊ ဗီဒီယိုစသဖြင့် အစုံအလင်ကို စာရေး ဆရာကြိုက်သလို ရရှိနိုင်ပါပြီ။ အိုင်ပက်ဒ် ဟာ လူကြိုက်များတဲ့စာအုပ်တွေကိုသာမက ကျောင်းသုံး စာအုပ်တွေကိုပါ ဖတ်ရှုနိုင်မယ့် အီးဘွတ်ခ် စာဖတ်သူတွေ ကြောက်ခမန်း လိလိတိုးတက် လာစေမယ်လို့ ကျွန်တော်တို့ထင်ပါတယ်" လို့ သူကပြောတယ်။

အိုင်ပက်ဒ်ကို အဓိကစာအုပ်ထုတ်ဝေရေး လုပ်ငန်းကြီးငါးခုက ပံ့ပိုးပေးထားပြီး အက်ပဲလ် ဟာ တခြားထုတ်ဝေသူတွေကိုလည်း လမ်းဖွင့်ပေး ထားကာ အိုင်ပက်ဒ်ဟာ လက်ပ်တော့တွေထက် ပိုမိုဆွဲဆောင်မှုရှိသလို စမတ်ဖုန်းတွေထက်လည်း ပိုစွမ်းဆောင်နိုင် ပါတယ်။ သူ့ရဲ့ဘက်ထရီ သက်တမ်းက ၁၀ နာရီကြာခံတယ်လို့ ကြော်ငြာထားပါတယ်။