Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဖိုင်အမျိုးအစား ပြောင်းရအောင်

ဖိုးဝလုံး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ဒီတစ်ပတ်မှာတော့ ဒီဗီဒီနဲ့ပတ်သက်ပြီး အလွန်အသုံးဝင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်တဲ့ Any ဒီဗီဒီ Converter ဆော့ဖ်ဝဲအကြောင်း ပြောပြချင်ပါတယ်။

ဒီ ဆော့ဖ်ဝဲကို ၀က်ဘ်ဆိုက်လိပ်စာ http://www.any-dvd-converter. com မှာ ဒေါင်းလုတ်ဒ်ရယူပြီး တစ်လ အခမဲ့အစမ်းသုံးကြည့် လို့ရပါတယ်။

ဝယ်သုံးမယ်ဆိုရင်တော့ ကန်ဒေါ်လာ ၄၅ ဒသမ ၉၅ ၀န်းကျင် ပေးရမှာပါ။

ဒီဆော့ဖ်ဝဲက ဒီဗီဒီနဲ့စီဒီကနေအသုံးများတဲ့ ဗီဒီယိုဖိုင်အမျိုးအစားတွေဖြစ်တဲ့ avi, wmv, flv, swf, mp4, mpeg စတဲ့ ဗီဒီယိုဖိုင်တွေ ကို ပြောင်းလဲပေးနိုင်သလို ဟန်းဖုန်းတွေမှာကြည့်လို့ရမယ့် 3GP, 3G2 အစရှိတဲ့ ဗီဒီယိုဖိုင်တွေ အဖြစ်လည်း ပြောင်းလဲနိုင်ပါတယ်။

နောက်ပြီး ဒီဗီဒီသီချင်းခွေကနေ သင့် ဟန်းဆက်ရဲ့ဖုန်းခေါ်သံလေးတွေအဖြစ် သုံးနိုင်အောင်လည်း ပြောင်းပေးနိုင် တယ်ဆိုတော့ လူငယ်၊ လူကြီးအားလုံးအတွက် အသုံးဝင်တာပေါ့။

နောက်ပြီး အိုင်ပေါ့ဒ်၊ အိုင်ဖုန်း၊ အက်ပဲလ်တီဗီ၊ ပီအက်စ်ပီ၊ ပီအက်စ်သရီး၊ အိတ်စ်ဘောက်စ် ၃၆၀ အစရှိတဲ့ မီဒီယာပလေရာတွေ အတွက်လည်း ဒီဗီဒီ ကနေ ကိုယ့်စိတ်ကြိုက်ဖိုင်အမျိုးအစားကို ပြောင်းလဲပေးနိုင်တာမို့ အသည်း ခိုက်စရာ ဆော့ဖ်ဝဲတစ်ခုပါ။

အသုံးများဟန်းဆက်တွေဖြစ်တဲ့ နိုကီယာအင်န် စီးရီး၊ ဂျီဖုန်း၊ ဘလက်ဘယ်ရီတွေနဲ့ ကိုက်ညီမယ့် ဗီဒီယိုဖိုင်တွေ၊ သီချင်းဖိုင် တွေကိုလည်း ပြောင်းလဲပေးနိုင်သလို အွန်လိုင်းဗီဒီယိုတွေဖြစ်တဲ့ ယူကျူ့၊ ဂူးဂဲလ်ဗီဒီယိုအစရှိတဲ့ ဗီဒီယို Streaming တွေကိုလည်း ဒေါင်းလုတ်ဒ်ဆွဲနိုင် ပါတယ်။

လုပ်ဆောင်ချက်စုံလင်တဲ့အပြင် ဟန်းဆက်တွေအတွက်လည်း အဆင်ပြေစေတာမို့ စိတ်ကြိုက်တွေ့မယ့် ဆော့ဖ်ဝဲတစ်ခုလို့ ညွှန်းဆိုလိုက်ပါရစေ။