
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ရတနာပုံတယ်လီပို့ကုမ္ပဏီတွင် အင်ဖိုတက် ရင်းနှီးမြှုပ်နှံရန်ရှိ
ကျော်ဇင်ထွန်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
အစိုးရရှယ်ယာများပါဝင်သည့် ရတနာ ပုံတယ်လီပို့ကုမ္ပဏီ၏ လုပ်ငန်းများကို စတင်လည်ပတ်ရန် ဆောင်ရွက်လျက်ရှိရာ မြန်မာ အင်ဖိုတက်ကော်ပိုရေးရှင်း လီမိတက်က ထိုကုမ္ပဏီတွင် အနည်း ဆုံးကျပ်သိန်းငါးထောင် ထည့်ဝင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ထိုကော်ပိုရေးရှင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဇော်မြင့်က ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ပြောကြားသည်။
ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများပြုလုပ် နိုင်ရန်အတွက် အဆိုပါကော်ပိုရေးရှင်း အနေဖြင့် ၎င်း၏အစုရှယ်ယာရှင်များအား အစုရှယ်ယာများ ထပ်မံထုတ်ရောင်းခြင်းကို ပြီးခဲ့သည့်ဒီဇင်ဘာလမှစတင် ပြုလုပ်ခဲ့ပြီး ဇန်န၀ါရီလကုန်အထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရတနာပုံတယ်လီပို့ကုမ္ပဏီကို အစိုးရ ရှယ်ယာ ၄၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိက ရှယ်ယာ ၆၀ ရာခိုင်နှုန်းဖြင့် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီအဖြစ် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေး လုပ်ငန်းများပါ လုပ်ခွင့်ရထားသည်။