Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ရှေ့ရောက်လာတဲ့ တပ်ခ်ျနည်းပညာ

ဂျွန်နောင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

ဒီတစ်ပတ်မှာတော့ နောက်ဆုံးပေါ်နည်း ပညာတစ်ခုအဖြစ် ရှေ့တန်းရောက်လာတဲ့ တပ်ခ်ျ (Touch) နည်းပညာရဲ့ တည်ဆောက် ထားပုံအကြောင်းကို ပြောပြချင်ပါတယ်။

ဒီနည်းပညာတည်ဆောက်ပုံမှာ အကြမ်းဖျင်းအားဖြင့် Mutual Capacitor နှဲ့Self Capacitor ဆိုပြီး ထိတွေ့မှုကိုအာရုံခံပေးနိုင်တဲ့ Sensor Device နှစ်မျိုးရှိကာ Mutual Capacitor က အပေါ်အောက်ရှိတဲ့လိုင်း ပေါ်မှာအာရုံခံပေးနိုင်သလို Self Capacitor ကတော့ မျက်နှာပြင်တစ်ခုလုံးကို ဆဲလ်အကွက်တွေကနေ အာရုံခံပေးနိုင်ပါတယ်။

အာရုံခံပေးတဲ့အခါ တချို့ Device တွေမှာ Sensor အင်ဂျင်ကိုအသုံးပြုပြီး အိုင်ဖုန်းလို အဆင့်မြင့် Device တွေမှာတော့ ပရိုဆက် ဆာနဲ့အလုပ်လုပ်ပါတယ်။

တစ်ခုခုနဲ့ တပ်ခ်ျ မျက်နှာပြင်ကို ထိတွေ့လိုက်မယ်ဆိုရင် ပရိုဆက်ဆာက ထိလိုက်တဲ့ဧရိယာပမာဏနဲ့ ပုံရိပ်ကို အရင်ဆုံး အာရုံခံလိုက်တယ်။

ပြီးတော့ ဘယ်နေရာမှာ ထိလိုက်သလဲဆိုတာနဲ့ Single တပ်ခ်ျလား၊ Multiple တပ်ခ်ျလားဆိုတာကို ကြည့်ပါတယ်။

အိုင်ဖုန်းမှာဆိုရင် အာရုံခံကိရိယာက လူ့အပူချိန်လျှပ်စီးကို အာရုံခံပေးနိုင်ပြီး ပရိုဆက်ဆာရဲ့တွက်ချက်မှုက တပ်ခ်ျ မျက်နှာပြင် ရွေ့လျားမှုကို ထိတွေ့မှုအမြန်နှုန်း အတိုင်းလိုက်ရွေ့နိုင်အောင်လုပ် ပေးနိုင်တာကို တွေ့ကြရမှာဖြစ်ပါတယ်။

တပ်ခ်ျကိရိယာတွေဟာ နောက်ဆုံးပေါ် နည်ပညာတွေထဲမှာ လူသုံးအများဆုံးဖြစ်ပေမယ့် နည်းပညာမြင့်မားမှုအပေါ်မူတည်ပြီး တန်ဖိုးကြီးနေပါသေးတယ်။

နောက်ပြီး တပ်ခ်ျ ပါဝင်တဲ့စမတ်ဖုန်းဟန်းဆက်တွေက တပ်ခ်ျပရိုဆက်ဆာအတွက်အပြင် တခြားလုပ်ဆောင်ချက်တွေပါ လုပ်ဆောင် ပေးရတာကြောင့် ဘက်ထရီတော်တော်စားတယ်။

ဒီလောက်ဆိုရင် တပ်ခ်ျနည်းပညာအကြောင်း တီးခေါက်မိလောက်ပြီလို့ ထင်ပါတယ်နော်။