
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တစ်ပတ်စာ သင်၏ကံဇာတာ
၂၀၁၀၊ မတ်လ ၅ ရက်မှ ၁၁ ရက်အထိ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊
သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ - ပေါ်ပင်ယာယီလုပ်ငန်းများ အကျိုးအမြတ်ကောင်းစွာ ရရှိလိမ့်မည်။ အိပ်မက်ကောင်းများ မက်၍ ထူးထူးဆန်းဆန်း အကြံအစည်ကောင်းများ ပေါ်ထွက်နိုင်သည်။ ကံကောင်းထောက်မစွာဖြင့် ထီထိုးခြင်း ကဲ့သို့သော ငွေကံစမ်းမှုများ အကျိုးပေးတတ်ချိန်ဖြစ်သည်။ ၆ ရက်နှင့် ၁၀ ရက်တို့တွင် အိမ်ခြံမြေရောင်းဝယ် ငှား ကိစ္စများ၌ အောင်မြင်မှုရလိမ့်မည်။ ၈ ရက်နေ့တွင်မူ ငွေအပေး အယူကိစ္စ မှားယွင်းဆောင်ရွက်မိတတ်သည်။
ယတြာ - သစ်သီးများ ကပ်လှူပေးပါ။
ယတြာ - သစ်သီးများ ကပ်လှူပေးပါ။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ - ကံကောင်းသောနေ့ရက်များ ဖြစ်လိမ့်မည်။ ကိုယ်ရည်ကိုယ်သွေး တိုးတက်မည်။ တာဝန်ယူဆောင်ရွက်သောလုပ်ငန်းများ အောင်မြင်မည်။ အကြံအစည်များ အကောင်အထည်ဖော်ရန် အခွင့်အခါသင့်နေမည်။ အထူးသဖြင့် ဇိမ်ခံပစ္စည်း၊ တူရိယာပစ္စည်း၊ ဓာတ်ပုံပစ္စည်း၊ ကွန်ပျူတာပစ္စည်းများ ရောင်းဝယ်ဖောက်ကားထုတ်လုပ်ရန် ကြံစည်ထားပါက အောင်မြင်မှုရမည်။ ထီထိုးကံစမ်း ခြင်းပြုသင့်ချိန်ဖြစ်သည်။
ယတြာ - သွားတိုက်ဆေးအကောင်းစားများ လှူပါ။
ယတြာ - သွားတိုက်ဆေးအကောင်းစားများ လှူပါ။
မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ - ထူးထူးခြားခြား ကံကောင်းနိုင်သော ရက်များ ဖြစ်သည်။ အိပ်မက်ကောင်းများ မြင်မက်မည်။ စဉ်းစားဆုံးဖြတ်မှုများ မှန်ကန်မည်။ ကိုယ်ရည်ကိုယ်သွေး ဂုဏ်သိက္ခာတိုးတက်မည်။ ထို့ပြင် မိမိထက် ဂုဏ်ဒြပ် ထည်ဝါသူများနှင့် မိတ်ဆွေသင်္ဂဟဖြစ်ရလိမ့်မည်။ ယာယီလုပ်ငန်းများ အထူးအကျိုးရှိမည်။ ရာထူးတိုးမြှင့် ခံရကိန်း ရှိသည်။ ကိုယ်ပိုင်လုပ်ငန်းများ ကောင်းစွာအကျိုးရှိအောင် ချဲ့ထွင်နိုင်လိမ့်မည်။ အများပြည်သူတို့၏ အားထားယုံကြည်မှုခံရမည်။
ယတြာ-မွေးနံထောင့်၌ ရွှေလှူပါ။
ယတြာ-မွေးနံထောင့်၌ ရွှေလှူပါ။
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ - ၁၀ ရက်နေ့သည် ကံပွင့်လန်း နေမည်။ လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ ကတိုက်ကရိုက် ခရီးထွက်ရတတ်သည်။ ခရီးသွား လုပ်ငန်းများ အကျိုးရှိတိုးတက်နေမည်။ ဘာသာတရား ပိုမိုလေးစားကြည်ညို လာမည်။ အများ၌ ခက်ခဲနေသောမီဒီယာလုပ်ငန်းများ တိုးတက်အောင်မြင်ရန် မိမိက လွယ်လင့်တကူ ဆောင်ရွက်နိုင်မည်။ ရောဂါ ဝေဒနာများ တိုင်းရင်းဆေးဝါးနည်းဖြင့် ကုသပျောက်ကင်း နိုင်ချိန်ဖြစ်သည်။
ယတြာ - နာနတ်ယို၊ ဖရုံယို စသည်ကပ်လှူပေးပါ။
ယတြာ - နာနတ်ယို၊ ဖရုံယို စသည်ကပ်လှူပေးပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ - ကျန်းမာရေး ဆက်လက်ဂရုစိုက် နေရဦးမည်ဖြစ်သည်။ တောတောင်ထူထပ်ရာ ဒေသသို့ ခရီးသွားခြင်းနှင့် မတည့်သောအစား အစာများ စားသုံးခြင်းကို ဆင်ခြင်သင့်၏။ မမျှော်လင့်သော ရပ်ဝေးသတင်း ကောင်းများ ကြားရမည်။ အိမ်ထောင်ဖက်ကြောင့် စီးပွားဥစ္စာတိုးတက်မည်။ သားသမီးရတနာ အကျိုး ပေးမည်။ ယာယီဖက်စပ် ဆောင်ရွက်သော စီးပွားရေးအလုပ်များ အကျိုးရှိအောင် ရေရှည် ဆောင်ရွက်ရလိမ့်မည်။
ယတြာ - ရွှေထီးကို အောင်သပြေနှင့်ပူး၍ ကပ်လှူလိုက်ပါ။
ယတြာ - ရွှေထီးကို အောင်သပြေနှင့်ပူး၍ ကပ်လှူလိုက်ပါ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ - ပြောဆိုထားသော ငွေကြေးကိစ္စများ အထူးအဆင်ပြေမည်။ စုဆောင်း ငွေများကို ရေလမ်းကုန်သွယ်မှုနှင့် ပတ်သက်သောလုပ်ငန်းများတွင် အစုစပ်ထည့်ဝင်လုပ်ဆောင်မှု အကျိုးပေးလိမ့်မည်။ ကုသိုလ် ကံပွင့်လန်းနေမည်ဖြစ်ပြီး လူကြီးသူမ ဆရာသမားတို့ထံမှ လမ်းညွှန်အကြံပေး ဖေးမကူညီမှုများ ရရှိမည်။ ထို့ကြောင့် အလှူမင်္ဂလာ များလည်း ကြီးကျယ်စွာ ပြုလုပ်ရတတ်သည်။
ယတြာ - မိမိ၏သင်ဆရာတစ်ဦးဦးအား တတ်နိုင်သလောက်ကန်တော့ပါ။
ယတြာ - မိမိ၏သင်ဆရာတစ်ဦးဦးအား တတ်နိုင်သလောက်ကန်တော့ပါ။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃ - ကံကောင်းသော နေ့ရက်များ ကြုံရလိမ့်မည်။ အထူးသဖြင့် အလုပ်အကိုင် ပွင့်လန်းတိုးတက်မည်။ ချစ်သူ ခင်သူ ပေါများနေမည်။ စေတနာမှန်သော ကံတရားအကျိုးပေးလိမ့်မည်။ ဂုဏ်သိက္ခာ ကြီးမားသော ဆရာသမားတို့၏ ကြည့်ရှုခြင်းခံရလိမ့်မည်။ မျှော်လင့်ထားသည်ထက် လုပ်ငန်းအကျိုးအမြတ် ပိုမိုရရှိလိမ့်မည်။ ပညာရေး ကြိုးပမ်းအားထုတ်မှုများ ထိရောက် အောင်မြင်နေမည်ဖြစ်သည်။
ယတြာ - စာရေးကိရိယာများ လှူဒါန်းပါ။
ယတြာ - စာရေးကိရိယာများ လှူဒါန်းပါ။
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ - အိမ်ခြံမြေတို့နှင့် ပတ်သက်၍ အကျိုးရှိနိုင်ခြေဖြစ်သည်။ မြေယာ၊ သစ်သီးခြံ၊ ကျောက်တွင်း၊ မော်တော် ယာဉ်စသည်တို့ ၀င်နိုင်ပေသည်။ ပညာရေး၌ ထူးထူးချွန်ချွန် အောင်မြင်လိမ့်မည်။ ငယ်ရွယ် သူများ အဖို့ မေတ္တာတရားကြောင့် ပျော်ရွှင်ချမ်းမြေ့မှု အပြည့်အ၀ရနိုင်သည်။ သို့သော် စကားအပြောအဆို ဆင်ခြင်သင့်သလို မတည့်သော အစားအစာများလည်း ရှောင်ကြဉ်ပါ။ဂုဏ်ကျက်သရေတိုးမည်။
ယတြာ -ချောကလက်ကိတ် ကပ်လှူပေးပါ။
ယတြာ -ချောကလက်ကိတ် ကပ်လှူပေးပါ။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂ -
ကံကောင်းနေ သောရက်များဖြစ်သည်။ ထွက်ထားသောငွေများ ပြန်ဝင်နိုင်သည်။ လက်လွန်ထားသောငွေ များ ပြန်လည်တောင်းယူရရှိနိုင်မည်။ နိုင်ငံရပ်ခြားခရီး၊ နိုင်ငံတကာသုံးငွေနှင့် နိုင်ငံခြား လုပ် ပစ္စည်းများ အကျိုးပေးနေမည်။ ကိုယ်ရည်ကိုယ်သွေး အထူးတိုးတက်၍ အများ၏ လေးစားမှုခံရမည်။ ၀င်ငွေတိုးတက် မည်ဖြစ်သော်လည်း စုဆောင်းနိုင်ခြင်း မရှိ။ ရောဂါ ပျောက်ကင်းလိမ့်မည်။
ယတြာ - လက်ဖက်နှင့် အကြော်စုံ လောင်းလှူပေးပါ။
ယတြာ - လက်ဖက်နှင့် အကြော်စုံ လောင်းလှူပေးပါ။
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ - အတန်အသင့် ကံတရား မျက်နှာသာပေးနေမည်ဖြစ်သည်။ အိမ်ထောင်ဖက်ကြောင့် စိမ်းချမ်းမြေ့ရလိမ့်မည်။ လုပ်ငန်းနှင့် ၀င်ငွေ တိုးတက်အဆင်ပြေမည်။ ငယ်ရွယ်သူများအဖို့ အချစ်ရေး ကံကောင်းနေလိမ့်မည်။ သို့ရာတွင် အပေါင်းအသင်းကြောင့် ဂုဏ်သိက္ခာကျဆင်းရတတ်သည်ကို သတိပြု ပါ။ ပရဟိတ လုပ်ငန်းများတွင် အောင်မြင်မှုအထူးရရှိနိုင်၏။ ယာယီလုပ်ငန်းများ အဆင်ပြေမည်။
ယတြာ - အစိမ်းရောင် မျက်နှာသုတ်ပ၀ါ လှူပါ။
ယတြာ - အစိမ်းရောင် မျက်နှာသုတ်ပ၀ါ လှူပါ။
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ - ကံကောင်းသောရက် များ ဖြစ်သည်။ အပြိုင်အဆိုင်လုပ်ငန်းများ အကျိုးအမြတ်များလိမ့်မည်။ ကြွေးမြီများ ရှိပါက အတန်အသင့်ပြေလည်အောင် ဆောင်ရွက်နိုင်လိမ့်မည်။ လုပ်ငန်း၌ အရှုံးအမြတ် တစ်လှည့်စီ တွေ့ကြုံရတတ်ချိန်ဖြစ်သည်ကို သတိထားပါ။ လုပ်ငန်းသစ်များ ချဲ့ထွင့်ရတတ် သည်။ ၀န်ထမ်းများအဖို့ အထက်လူကြီးနှင့် မပြေမလည်ရှိမှုကို ပြေလည်အောင် ဆောင်ရွက် နိုင်လိမ့်မည်။
ယတြာ - ဆီထမင်း ကပ်လှူပေးပါ။
ယတြာ - ဆီထမင်း ကပ်လှူပေးပါ။
မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ - ယာယီပေါ်ပင်လုပ်ငန်းများ၊ ပန်းစိုက်ပျိုးခြင်း၊ နို့ထွက်ပစ္စည်းများ ထုတ်လုပ် ရောင်းချခြင်းတို့၌ လုံ့လ၀ီရိယ ပိုမိုစိုက်ထုတ် ရန် လိုအပ်လိမ့်မည်။ လုပ်ငန်းခွင်သင်တန်းများ တက်ရောက်ရာ၌ ထူးထူးချွန်ချွန် ဖြစ်လိမ့် မည်။ စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် အောင်မြင်နိုင်ချိန်ဖြစ်၏။ ယခင်ကထက် ဘာသာရေးကို ပိုမိုစိတ်ဝင်စားလာမည်။ မိမိ၏သတ္တိဗျတ္တိကြောင့် အလုပ်များ အောင်မြင်မည်။
ယတြာ - မေမြို့ပန်းများ ဝေေ၀ဆာဆာ ကပ်လှူပါ။
ယတြာ - မေမြို့ပန်းများ ဝေေ၀ဆာဆာ ကပ်လှူပါ။