Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဆံနွယ်တွေ အပူဒဏ်မခံရဖို့

ရတနာထွန်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
News Pic

လာမယ့် နွေရာသီမှာ နေပူဒဏ်ကနေ သင့်ဆံပင်ကို ဘယ်လို ကာကွယ်ရင် ကောင်းမလဲဆိုတာ ဒါတွေဖတ်ကြည့်ပါဦး။

ဆံနွယ်တွေကို အစဉ်လှပအောင် ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းကောင်း တချို့ပေါ့။

၁။အပြင်ထွက်မယ်ဆိုရင် သင့်ဆံပင်တွေအတွက်အကာအကွယ်ပါပါစေ။ ထီး (ဒါမှမဟုတ်) ဦးထုပ်တစ်ခုခုဆောင်းသွားပါ။


၂။ လေမှုတ်စက်နဲ့ အခြောက်ခံတာမျိုးကို တတ်နိုင်ရင်လုံးဝမလုပ်ပါနဲ့။ ပြင်ပရာသီဥတုက ပူပြင်းခြောက်သွေ့နေချိန်မှာ ဒီလိုလုပ်တာက သင့်ဆံသားတွေကို မွဲခြောက်စေပါတယ်။


၃။ ပိတ်ရက်တွေနဲ့ ညဘက်တွေမှာ သင်ဆံပင်တွေကို သံလွင်ဆီ၊ ဟိုဟိုဘား အဆီတွေနဲ့ နယ်ပြီးထားပါ။ သင့်ဆံသားတွေကို ပိုပြီး သန်စွမ်းစေပါတယ်။


၎။ အပူဒဏ်ကြောင့် ဆုံးရှုံးသွားတဲ့ သင့်ဆံပင်က ရေဓာတ်တွေကို ပြန် ထိန်းသိမ်းဖို့ဆိုရင်တော့ ရေဓာတ်ကို ထိန်းသိမ်းပေးတဲ့ ပျော့ဆေးနဲ့ သင့်ဆံပင်ကို ကြာကြာလေးနှပ်ထားပေးဖို့ပါပဲ။ ပြီးမှ ခေါင်းလျှော်ပစ်ပေါ့။