Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ချစ်သောနိုင်ငံအတွက် ကခုန်နေကြသူများ

အေးစပယ်ဖြူနှင့် ချယ်ရီသိန်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
News Pic
ဆုတောင်းပွဲမှာ အမျိုးသမီးငယ်လေး ခြောက်ယောက်က မင်းသား ဟန်ပြင်ဆင်ထားပြီး အုန်းစိမ်းခွံ၊ သံပုရာသီး၊ အစိမ်းရောင်အရွက် တချို့နဲ့ တန်ဆာ ဆင်ထားပါတယ်။ ကျန်အမျိုးသမီးငယ်ခြောက် ယောက်က မင်းသမီးလေးတွေအသွင်(၀ဲပုံ) ပြင်ဆင်ပြီး ထန်းရွက်နဲ့ ရက်ထားတဲ့မကိုဋ်၊ အုန်းပန်းခိုင်၊ အဖြူရောင်စကားပန်းတို့ကို ဆင် ယင်ထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိခရိုင်ရဲ့ ဘန်တစရီ ကျေးရွာလေးမှာ Nginn Karet Foundation က ဖွင့်လှစ် တဲ့ ရိုးရာ အနုပညာသင်တန်းက ကလေးငယ်လေးတွေကို ရိုးရာအနုပညာ တွေ အခမဲ့သင်ကြားပေးပါတဲ့အပြင် ငွေကြေးလည်း ပံ့ပိုးပါတယ် (ယာပုံ)။

နားစည်ကို ရိုက်ခတ်လာတဲ့ ကမ္ဘောဒီးယား ရိုးရာဂန္ထ၀င် သီချင်းသံက ငြိမ့်ညောင်းသာယာသလို အဖြူရောင်ပိတ်သား ရိုးရာဝတ်စုံ ဆင်မြန်း ထားတဲ့ ကလေးငယ်လေးတွေရဲ့ စည်းချက်ကျကျသိမ်မွေ့တဲ့လှုပ်ရှား မှုမှာလည်း ကျွန်မတို့ ငြိမ်သက်မျောပါနေမိကြတယ်။

ဒါကတော့ ကမ္ဘောဒီယားနိုင်ငံ ဆီယမ်ရိမြို့ရဲ့အထင်ကရဘုရားကျောင်း တစ်ကျောင်းမှာ နိုင်ငံရဲ့ စားနပ်ရိက္ခာ ကြွယ်ဝစေဖို့ ဆုတောင်းပွဲကျင်းပ နေတဲ့ အစီအစဉ်လေးကို ရောက်ရှိစဉ်တွေ့ခဲ့ ရတဲ့ မြင်ကွင်းပါ။

ကလေးငယ်လေးတွေရဲ့အပြင်အဆင်က ပကတိရိုးစင်းသလို မိတ်ကပ် မပါ တဲ့ မျက်နှာလေးတွေဟာလည်း ပကတိ ရှင်းသန့်ကြည်လင်လို့နေပါ တယ်။

ဒီအကအဖွဲ့ကတော့ ဆီယမ်ရိခရိုင် ရဲ့ ဘန်တစရီကျေးရွာလေးမှာ ရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုက ဖွင့်လှစ်ထားတဲ့ ရိုးရာအနုပညာ သင်တန်းက ကလေးငယ်လေးတွေပါ။

ဒီသင်တန်းကျောင်းလေးက လူမှုရေးကူညီမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Nginn Karet Foundation ရဲ့ လုပ်ငန်းစဉ်တစ်ခုလို့ သိရပါ တယ်။

ဒီလူမှုကူညီမှုအဖွဲ့အစည်းကို ပြင်သစ် -ခမာအမျိုးသမီး Mrs. Ravynn Karet-Coxen က ၁၉၉၄ ခုနှစ်မှာ စတင် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ပုဂ္ဂလိက အလှူရှင်များရဲ့ လှူဒါန်းထည့်ဝင်ငွေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

တည်ထောင်ချိန်ကစလို့ ဒီအဖွဲ့ဟာ ဘန်တစရီအပါအ၀င် ကျေးရွာ ၁၄ ရွာ မှာ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုး မွေးမြူရေးတွေနဲ့ပတ် သက်တဲ့ အသိပညာတွေကို ဖြန့်ဖြူးပေးနေတဲ့အဖွဲ့ အစည်းလည်း ဖြစ်ပါတယ်။

အနုပညာကျောင်းလေးကိုတော့ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ် တွေကို ထိန်းသိမ်းဖို့ ရည်ရွယ်ချက်နဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက် က စတင်ဖွင့် လှစ်ခဲ့တယ်လို့ အဖွဲ့အစည်းရဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ Mrs. Ravynn Karet-Coxen က ဆိုပါတယ်။

"ဒါဟာ သိပ်ကိုအရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒီကျောင်းကနေပြီး နိုင်ငံ ရဲ့ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ ကို ပြန်လည် မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ သူတို့တွေဟာ နိုင်ငံရဲ့ယဉ်ကျေးမှုအမွေကို ထိန်းသိမ်းစောင့်ရှောက်ကြရမယ့်သူတွေ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေက ကောင်းမွန်တဲ့ ယဉ်ကျေးမှု၊ တိုးတက်မှု၊ စိတ်ကူးစိတ်သန်းတွေကို အတုယူနိုင်ပါတယ်။ ဒါပေမယ့်ကိုယ့်ရဲ့ကိုယ်ပိုင် ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းဖို့လိုပါတယ်။ အနောက်နိုင်ငံတွေဟာ ကျွန်မတို့နိုင်ငံတွေထက် ချမ်းသာတာမှန်ပေမယ့် ကျွန်မတို့ ဆီ က ပြန်သင်ယူရမယ့်ကိစ္စတွေလည်းအများကြီးရှိပါသေးတယ်" လို့ သူက ဆိုပါတယ်။

ဒီအနုပညာကျောင်းလေးဟာ ငွေကြေးအတွက် မရည်ရွယ်ဘဲ ကလေးတွေကို အကနဲ့ တေးဂီတသင်ပေးတဲ့ ပထမဆုံးကျောင်းလေး ဖြစ်ပါတယ်။

"ကျွန်မတို့ ငွေကြေးအတွက်၊ ပျော်ရွှင်မှုအတွက်၊ နိုင်ငံခြားသားခရီးသွားတွေကို ဧည့်ခံဖျော်ဖြေဖို့အတွက် ကနေကြတာမဟုတ်ပါဘူး။ ကျွန်မတို့အတွက် ဒါတွေ မလိုမရှိပါဘူး။ ကျွန်မတို့ ကခုန်နေတာဟာ ကျွန်မတို့နိုင်ငံရဲ့ ဘုရားသခင်အတွက်ပဲ ဖြစ်ပါတယ်" လို့လည်း သူက ဆိုပါတယ်။

"သူတို့တွေဟာ ဘုရားကျောင်း ပရိဝုဏ်တွေမှာ ကတယ်။ မြင့်မြတ်တဲ့ မြေတွေပေါ်မှာ ကတယ်။ သူတို့ရဲ့ ကခုန်မှုကို လေးလေးစားစား ကြည့်ရှု တဲ့ ပရိတ်သတ်တွေရှေ့မှာ ကတယ်" လို့ လည်း ဆိုပါသေးတယ်။

" စားသောက်၊ စကားများနေကြတဲ့ သူတွေရှေ့မှာ တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ ငွေကြေးအတွက် နည်းမမှန်၊ လမ်းမမှန် ကခုန်နေကြ တာမျိုးကို တွေ့ မြင်ရတာဟာ ယဉ်ကျေးမှုအတွက် အမည်းစက်ဖြစ်သလို ခံစားရပါတယ်" လို့ သူက ဆက်ပြီးပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ကျောင်းစနစ်က နေ့တစ်ဝက် ဖြစ်တာမို့ ကလေးငယ်တွေဟာ ပုံမှန်အတန်းပညာလည်း သင်ယူသလို ကျန်နေ့ တစ်ပိုင်းမှာတော့ အကပညာကို သင်ယူကြပါတယ်။

အနုပညာကျောင်းကို လာတက်နေတဲ့ ကလေးငယ်တွေကို အဖွဲ့အစည်းက တစ်လအတွက် ဒေါ်လာ ၂၀ ထောက် ပံ့ပေးပါတယ်။
"ကလေးငယ်တွေရဲ့ မိသားစုက အများစု ဆင်းရဲကြပါတယ်။ ကျောင်း အားချိန်တွေမှာ သူတို့ရဲ့ မိဘတွေကို ကူညီ လုပ်ပေးရတာမျိုး တွေ ရှိပါတယ်။သူတို့ဒီမှာ လာလေ့ကျင့်တာကို သူတို့ မိဘတွေအနေနဲ့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုဖို့အတွက် ညှိနှိုင်းခဲ့ကြပါတယ်။ ကျွန်မတို့ဘက်က ကလေးတွေ ဒီမှာ လာ လေ့ကျင့်လို့ သူတို့မိဘတွေကို ကူညီဖို့ရာ ပျက်ကွက်မှုအတွက် တစ်လ ကို ဒေါ်လာ ၂၀ စီ ထောက်ပံ့ပေးတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ကျောင်းတက် ပျက်ခဲ့လို့ ရှိရင် ဒီထောက်ပံ့မှုကို ရုတ်သိမ်းမှာ ဖြစ်ပါတယ်" လို့ Mrs. Ravynn Karet-Coxen က ဆိုပါတယ်။

အကပိုင်းမှာ ပါရမီမပါနိုင်တဲ့ကလေးတွေကိုတော့ တူရိယာထုတ်လုပ်တာလို မျိုးပညာတွေသင်ပေးပါတယ်။" ကျွမ်းကျင်ပြီး ပညာရည် ပြည့်ဝတဲ့ အကပညာရှင်၊ အနုပညာရှင်တွေအဖြစ် နဲ့ သူတို့အတွက် ထိုက်တန်တဲ့အလုပ် အကိုင်ကောင်းတွေ ရနိုင်တဲ့ အခွင့်အလမ်း တွေ ရှိလာမှာ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ပညာအတွက် ဈေးပေါပေါ အလုပ်သမားတွေအဖြစ်နဲ့ ရှိ နေမှာ မဟုတ်ပါဘူး" လို့လည်း သူက ပြောပါတယ်။

ကလေးငယ်တွေရဲ့ တစ်နေ့တာ အကလေ့ကျင့်ချိန်ကတော့ သုံးနာရီဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာတော့ တစ်ကိုယ်ရေသန့်ရှင်းရေး။ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာတွေကို လေ့ကျင့်ပေးတယ်လို့ သိရပါတယ်။

လက်ရှိအနေနဲ့ကလေးငယ် ၁၇၈ ဦးကိုရိုးရာဂန္ထ၀င်အက၊ ရိုးရာကျေး လက်အက၊ ရိုးရာသီချင်းကြီးနဲ့ကျေးလက်ဂီတတွေကိုသင်ကြား ပေးနေပါတယ်။

"အငယ်ဆုံး သုံးနှစ်ခွဲ အရွယ်ကနေ အကြီးဆုံး ၁၉ နှစ်အထိ အသက် အရွယ်အမျိုးမျိုး ရှိပါတယ်။ ကလေး တွေကနေတစ်ဆင့်သူတို့ ရဲ့ မိဘ၊ အသိုင်းအ၀ိုင်းတွေဆီကိုလည်း ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တွေကို အလေး ထားမှု၊ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာတွေကို မျှဝေပြန့်ပွားပေးနိုင်ပါလိမ့်မယ်" လို့ Mrs. Ravynn Karet-Coxen က ယုံကြည်ထားပါ တယ်။