Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

အလက်ဇန္ဒာမက်ကွင်း

ခင်သန်း
(အေအက်ဖ်ပီနှင့် မီထရို ဒေါ့ကိုဒေါ့ ယူကေ)
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

Fashion for Relief Haiti ဖက်ရှင်ပြပွဲမှာ ဗြိတိသျှနံပါတ်တစ်
မော်ဒယ် ညိုမီကမ့်ဘဲလ်ရဲ့ မက်ကွင်း အမှတ်တရတင်ဆက်မှုပါ။

၂၀၀၉ ဖေဖော်ဝါရီလ၊ ပါရီ ဆောင်း ဦး/ ဆောင်းရာသီ ၂၀၀၈-၂၀၀၉ အသင့် ၀တ်ဖက်ရှင်ပြပွဲမှာ တင်ဆက် တဲ့ မက်ကွင်းရဲ့ သားရေအိတ် လက် ရာ။ မက်ကွင်းက Alexander Mc Queen နဲ့ McQ အမှတ်တံဆိပ် တွေကိုလည်း ထူထောင်ခဲ့ပါတယ်။

မက်ကွင်းရဲ့လက်ရာ ၀တ်စုံတစ်စုံ ပါပဲ။ မက်ကွင်းရဲ့လက်ရာတွေကို ဖက်ရှင်သရဲ အဆိုတော် လေဒီဂါဂါ၊ ရီဟားနားတို့ ၀တ်ဆင်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က လန်ဒန်မြို့ ဆွမ်မရက်စ်ဟောက်စ်မှာကျင်းပတဲ့ Fashion for Relief Haiti ဖက်ရှင် ပြပွဲက အလက်ဇန္ဒာမက်ကွင်း အောက်မေ့ဖွယ်တင်ဆက်မှုမှာ ဗြိတိသျှ မော်ဒယ်ကိတ်မော့်စ်တင် ဆက်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

မက်ကွင်းရဲ့လက်ရာ ခြေအိတ်။(၀ဲပုံ) မက်ကွင်းရဲ့ဖောက်သည်တွေထဲမှာ ဆိုဗီယက်ခေါင်းဆောင် မီခေးဂိုဗာ ချော့ဗ်၊ ချားလ်စ်မင်းသားတို့လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အကောင်းဆုံး ဗြိတိသျှဒီဇိုင်နာဆု လေးကြိမ်ရရှိခဲ့တဲ့ မက်ကွင်းရဲ့ ဖန်တီးမှုတစ်ခုပါ။

လန်ဒန် ဖက်ရှင်ရက်သတ္တပတ်ကတော့ ပွဲကို အထင်ကရ ဖြစ်စေ နေကျ ခမ်းနားမှုတွေ၊ တစ်ဖက်ကလည်း ဗြိတိန် ရဲ့အသည်းကျော် ဒီဇိုင်နာ အလက်ဇန္ဒာမက်ကွင်းကို အောက်မေ့မှုဝမ်းနည်းရိပ်တွေနဲ့ ဖေဖော်ဝါရီလ ၁၈ ရက် ကနေ ၂၄ ရက်အထိ ကျင်းပခဲ့ပါတယ်။

အလက်ဇန္ဒာမက်ကွင်း (၄၀ နှစ်)ဟာ သူ့မိခင်ရဲ့အသုဘ မတိုင်ခင် တစ်ရက်၊ ဖေဖော်ဝါရီ ၁၁ ရက်က သေကြောင်း ကြံစည်သွားတဲ့အတွက်ဖက်ရှင်လောကတစ်ခုလုံး တုန် လှုပ်သွားခဲ့ကြပါတယ်။ မက်ကွင်းဟာ သူ မွေးဖွားကြီး ပြင်းခဲ့တဲ့ အင်္ဂလန်မြေက မျိုးဆက်သစ်ဒီဇိုင်နာတွေကို စိတ်ကူးဉာဏ် ရဲရင့်စေခဲ့သူ ဖြစ်ပါတယ်။

"လူတိုင်းက မနေ့တစ်နေ့ကလိုပဲ ခံစားနေကြတုန်းပဲ" လို့ ဗြိတိသျှ ဖက်ရှင်ကောင်စီက ပြောရေးဆိုခွင့်ရှိသူက ပြော ပါတယ်။ မက်ကွင်းဟာ ဗြိတိန်ရဲ့ အအောင်မြင်ဆုံး ဒီဇိုင် နာဖြစ်သလို အထင် ရှားဆုံး ဖက်ရှင်တင်ပို့သူလည်း ဖြစ် ပါတယ်။ Givenchy အမှတ် တံဆိပ်ရဲ့ ဒီဇိုင်နာချုပ်အဖြစ် နဲ့လည်း ဖက်ရှင်ထိပ်သီး ပါရီကို မှင်တက် သွားစေခဲ့ပါ တယ်။ သူ့ရဲ့မိခင်ကုမ္ပဏီ ပီအာရ်အာရ်က မက်ကွင်း ကွယ်လွန်ခဲ့ပေမယ့် မက်ကွင်းအမှတ်တံဆိပ်ကို ဆက် လက် ထုတ်လုပ်သွားမယ်လို့ ကြေညာထားပါတယ်။