Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တစ်ပတ်စာ သင်၏ကံဇာတာ

၂၀၁၀ ဩဂုတ်လ ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်အထိ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊
သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ - လုပ်ငန်း လုပ်ဆောင်ရာ၌ အခက်အခဲ ပြဿနာများ လျော့ကျသွားမည်ဖြစ်သည်။ ဆေးဝါးနှင့် စားသောက်ကုန်ရောင်းဝယ်ဖောက် ကားရာ၌ အကျိုးအမြတ်ရှိလိမ့်မည်။ ရပ်ဆိုင်းထားသော လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်မည်။ မျှော်လင့်မထားသော အလုပ်များလည်း ပေါ်ပေါက် ရရှိလာတတ်သည်။ မပြီးပြတ်သောလုပ်ငန်းများ ပြီးပြတ် အောင်ဆောင်ရွက်နိုင်မည်။ ၃၁ ရက်နေ့သည် အစစအရာရာ ကံပွင့်လန်းနေမည်။
ယတြာ - ဗုဒ္ဓဟူးထောင့်၌ ရွှေဖယောင်းတိုင်များ ပူဇော်ပါ။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ - ကံကောင်းသော ရက်များဖြစ်သည်။ မိမိ၏ လုပ်ငန်းကျွမ်းကျင်မှုကထူးထူးခြားခြား အောင်မြင်မှုများယူဆောင်ပေးလာလိမ့်မည်။ ကုန်ပစ္စည်းပေါ်၌အကျိုးအမြတ်ရှိမည်ဖြစ်သလိုဝင်ငွေကောင်းသောအလုပ်များလည်း အဆက်အသွယ်ရရှိစတင်နိုင်လိမ့်မည်။ရေလမ်းကုန်သွယ်မှု၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့်ပညာရေးနယ်ပယ်တို့တွင် ရလဒ်ကောင်း များ ပေါ်ထွက်နေမည်။ နေရေးထိုင်ရေး ပိုအဆင်ပြေလာမည်။
ယတြာ - တနင်္လာထောင့်၌ ဖယောင်းတိုင်များ ပူဇော်ပါ။
မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ - ငွေကြေးဆိုင်ရာကိစ္စများ တည်ငြိမ်စွာ ဆက်လက်အကျိုးရှိနေမည်။ ပြောဆိုထား သော လုပ်ငန်းကိစ္စများလည်း အဆင်ပြေနိုင်ချိန်ဖြစ်သည်။ အထူးသဖြင့် ၂၈ ရက်၊ ၃၁ ရက်တို့၌ အရောင်းအ၀ယ်စာချုပ် စာတမ်း၊ ဘဏ်လုပ်ငန်းစသည်တို့နှင့် ပတ်သက်၍ အဆင်ပြေမှုဖြစ်လိမ့်မည်။ မိမိ၏ လုပ်ငန်းနယ်ပယ်၌ ပိုမိုနားလည်တတ်မြောက်လာမည်။ ဆောင်ရွက်သမျှ အောင်မြင်မှုရမည်။
ယတြာ - ကြာသပတေးထောင့်၌ ရောင်စုံဖယောင်းတိုင်များ ပူဇော်ပါ။
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ - လုပ်ငန်း လုပ်ပိုင်ခွင့်များ ရရှိနိုင်ချိန်ဖြစ်သည်။ တစ်ပတ်လုံး ကံပွင့်လန်းပြီး အဓိက အကြံအစည်များ စတင်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ ၀ါသနာ အရင်းခံအလုပ်များ၌လည်း ပုံမှန်တိုးတက်မှုရှိလာ မည်။ နိုင်ငံရပ်ခြားခရီးဝေးအလုပ်များ လုပ်ဆောင်ရန် အခြေအနေပေးနေမည်။ ကုသိုလ်ရေးဆောင်ရွက်မှုများကြောင့် ကျန်းမာရေး ညံ့ဖျင်းနိုင်မှုနှင့် သဘာဝဘေးအန္တရာယ်တို့မှလွတ်မြောက်နိုင်သည်။
ယတြာ - မွေးနံထောင့်၌ ရောင်စုံနှင်းဆီများ ကပ်လှူပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ - ကိုယ်ရေးကိုယ်တာကိစ္စများ အစစအရာရာ အဆင်ပြေနေမည်။ တစ်ပတ်လုံး ကံ အကျိုးပေးကောင်းနေသည်။ ဆုံးရှုံး လက်လွန်ထားသော ငွေများ ပြန်လည်ရရှိနိုင်ချိန်ဖြစ်သည်။ အရောင်းထိုင်းပစ္စည်းများ ရောင်း ထွက်မည်။ စာမေးပွဲများ၌ ထူးထူးချွန်ချွန် အောင်မြင်နိုင်သည်။ ပညာတော်သင်ဆုများ ရရှိနိုင်သော အချိန်ဖြစ်သည်။ ငွေဝင်တတ် သလို ငွေကုန်ကြေးကျလည်း များရလိမ့်မည်။
ယတြာ - မွေးနံထောင့်၌ ရွှေသင်္ကန်းကပ်လဈရန် အလှူငွေထည့်ပါ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ - မပြီးပြတ်သော အလုပ်များ လက်စသတ်ဆောင်ရွက်နိုင်တော့မည်။ မျှော်လင့်မထားသော ရာထူးရာခံ၊ လုပ်ငန်းတာဝန်ရရှိဆောင်ရွက်ရတတ်သည်။ ကြန့်ကြာနေသော အလုပ်များ ပြန်လည်၍ ဆောင် ရွက်ရလိမ့်မည်။ရေလမ်းကုန်သွယ်မှုနှင့်ရပ်ဝေးကုန်သွယ်မှုတို့မှ အကျိုးကျေးဇူးခံစားရမည်။ အစုစပ်လုပ်ငန်းများ၊ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး ၎င်းတို့နှင့် ဆက်စပ်ပစ္စည်းများ အကျိုးပေးမည်။
ယတြာ - ရွှေရောင်ပန်းအိုးနှင့် ပန်းများကပ်လှူပါ။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ - ရေကြောင်း ကုန်သွယ်မှုလုပ်ရန် လည်းကောင်း၊ သင်္ဘောလိုက်ရန် လုပ်ဆောင်ရာ၌ လည်းကောင်း ကြိုးပမ်းအားထုတ်မှုများ အရာရောက်လိမ့်မည်။ လုပ်ငန်း ယှဉ်ပြိုင်ဘက်များကို အသာစီး ရမည်။ ၎င်းတို့၏ ဈေးကွက်နှင့် ၀ယ်လက်များ မိမိထံသို့ ရောက်ရှိလာမည်။ ဆုံးရှုံးပြီ ဟု ထင်ထားသော အရောင်းအ၀ယ်ကိစ္စတို့၌ ထိခိုက် နစ်နာမှုမရှိဖြစ်လိမ့်မည်။ လုပ်ငန်းခွင့်ပြုမိန့် ထုတ်ထားသူများ လိုအင်ဆန္ဒပြည့်ဝမည်။
ယတြာ - သစ်သီးများ ကပ်လှူပါ။
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ - ခရီးသွားရင်း တတ်နိုင်သလောက် အပြောအဆိုအစားအသောက် ဆင်ခြင်ရန် လိုအပ်လိမ့်မည်။ အသိဉာာဏ်ထက်မြက်နေမည်။ ယာယီလုပ်ငန်းများ ဆောင်ရွက်ရာ၌ အောင်မြင်မှု ကောင်းစွာရမည်။ ထီထိုးကံစမ်းသင့်သော နေ့ရက်များဖြစ်သည်။ အထူးသဖြင့် ၃၀ ရက်နှင့် ၂ ရက်နေ့တို့ ပိုမိုကံကောင်းမှု ကြုံရတတ်သည်။ မိမိ၏ အဓိကအလုပ်၌ ကြီးပွားတိုးတက်ခြင်း၊ ရာထူးအဆင့်တိုးမြှင့်ခံမည်။
ယတြာ - သွားတိုက်ဆေးများ လှူပါ။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂ - မမျှော်လင့်ဘဲလုပ်ငန်းဝင်ငွေတိုးမည်။ တိကျပြတ်သားစွာ ဆောင်ရွက် တတ်မှုက အောင်မြင်မှုကို ရရှိစေလိမ့်မည်။ ဆုံးရှုံးထားသော အခွင့်အရေးများ ပြန်လည်ရရှိလာမည်။ အများမဆောင်ရွက်နိုင်သော
လုပ်ငန်းကိစ္စများ မိမိကအောင်မြင်အောင်ဆောင်ရွက်နိုင်မည်။ ပညာရေး၌ အလွတ်ကျက်မှတ်သင့်သည့် သင်ခန်းစာများကို ပိုမိုပိုင် နိုင်စွာ ရရှိနေတတ်ချိန်ဖြစ်သည်။ ပံ့ပိုးကူညီမှုရလိမ့်မည်။
ယတြာ - ပရိတ်တရားစီဒီချပ်များ လှူပါ။
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ - အစုစပ်လုပ်ငန်းများ မှ ယာယီအကျိုးအမြတ်ရရှိလိမ့်မည်။ လုပ်ငန်း ခွင်၌ မိမိ၏ ကျွမ်းကျင်မှုကြောင့် အစစအရာရာ အောင်မြင် တိုးတက်မှုများရရှိနေမည်။ ညီအစ်ကိုသားချင်းများထံမှ ငွေကြေး အကူ အညီတောင်းခံခြင်းမျိုးကြုံရလိမ့်မည်။ လုပ်ငန်းဌာန၊ဆိုင်ခန်း စသည်တို့နှင့်ပတ်သက်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်။
ယတြာ - နို့ထွက်ပစ္စည်းများ လှူဒါန်းပူဇော်ပါ။
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ - လုပ်ဖော်ကိုင်ဖက်များနှင့်ငွေကြေးကိစ္စအချေအတင်စကားပြောရတတ် သည်။ မိမိ၏ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ် ချက်များ မှန်ကန်နေမည်။ ထို့ကြောင့် လုပ်ငန်းသစ် စတင်လိုပါက စတင်နိုင်မည်။ ဆောက် လုပ် ရေးလုပ်ငန်းများ၌ လိုသည်ထက်ပိုမိုအကုန်အကျများလာလိမ့်မည်။ မိသားစု အိမ်တွင်းရေး သာယာနိုင်သည်။ စာပေရေးသား ထုတ်ဝေခြင်းများ၌ ရည်မှန်းချက်အောင်မြင်မည်။
ယတြာ - မြန်မာမုန့်အချိုများ ကပ်လှူပူဇော်ပါ။
မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ - ဆက်လက်ကံကောင်းနေမည်ဖြစ်သည်။ အစုစပ်လုပ်ငန်းများတိုးချဲ့ရလိမ့်မည်။ ၎င်းလုပ်ငန်းတို့၌ မိမိ၏ ဦးဆောင်မှုသည် ပိုမိုအရေးပါနေမည်။ ၂၈ ရက်နှင့် ၂ ရက်နေ့တို့ ယာယီလုပ်ငန်းများ စတင်ပါက အကျိုးရှိ စေလိမ့်မည်။မိမိ၏ပင်ကိုအရည်အချင်းနှင့်အကျင့်စာရိတ္တကြောင့် ဂုဏ်သိက္ခာပိုမိုတိုးတက်လာမည်။အများကအားကိုးသည့်အတိုင်း မိမိကလည်း အများအကျိုးကို ဆောင်ရွက်ပေးနိုင်လိမ့်မည်။
ယတြာ - မွေးနံထောင့်၌ လှပသော ပန်းသုံးမျိုး ကပ်လှူပါ။