
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အနုပညာရှင်တို့ရဲ့ ရွေးကောက်ပွဲအပေါ်စကားသံများ
အနုပညာရှင်တွေဆိုတာ ပြည်သူတွေချင်ခင်မြတ်နိုးကြတဲ့ နှလုံးသည်းချာတွေဖြစ်တာမို့ သူတို့တွေရဲ့လုပ်ဆောင်ချက်တိုင်းဟာပြည်သူ တွေအပေါ် လွှမ်းမိုးနိုင်မှု အပြည့်ရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ပြည်သူတွေဟာ အနုပညာရှင်တွေကို ချစ်တယ်။ ဒါကြောင့် အနုပညာရှင်တွေ လုပ်ကိုင်သမျှကို စိတ်ဝင်တစားရှိကြတယ်။ နောက်လိုက်လုပ်ကြတယ်။ ဒီလိုပဲ ခုမကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနယ်ပယ်စုံကအနုပညာရှင်တွေကိုမေးမြန်းထားတယ်။ စာဖတ်ပရိသတ်တွေအတွက် ကောင်းကျိုး တစ်စုံ တရာ မျှော်လင့်ပြီး ဖော်ပြပေးလိုက်တာမို့ ပရိသတ်တွေအတွက် အကျိုးရှိမယ်ဆိုရင် ပြောပေးကြတဲ့ အနုပညာရှင်တွေရော၊ အနုပညာ ရှင်တွေကို တွေ့ဆုံမေးမြန်းခဲ့တဲ့ လှုမှုဘ၀ရသအဖွဲ့သားတွေပါ အားထုတ်ကြိုးပမ်းရကျိုးနပ်ပါပြီလို့။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ငှက်ပျောကြော်
(ဟာသသရုပ်ဆောင်)
" ပြည်သူပြည်သား အများ မျှော်လင့်ထားတဲ့ အဆုံးအဖြတ်တစ်ခုက မကြာခင်အောင်အောင် မြင်မြင်ပြီးဆုံးမယ်လို့ သိရတဲ့အတွက်ဝမ်းသာပါတယ်။ ဦးအနေနဲ့ကတော့ ပါတီစွဲပုဂ္ဂိုလ်စွဲမရှိပါဘူး။ အခုချိန်ထိဘယ်ပါတီကို မဲပေးရမလဲဆိုတာ စဉ်းစားနေတုန်းပါ။ မဆုံးဖြတ်ရသေးပါဘူး။ အမှား အယွင်းမရှိအောင် သေသေချာချာစဉ်းစားပြီး ရွေးချယ်ထည့်မယ်။အသည်းကြားကမဲတစ်ပြားဖြစ်တဲ့ အတွက်ကြောင့်ထိထိရောက်ရောက် စွမ်းဆောင်နိုင်သူကိုသာ မဲထည့်မှာပါ။ ပြည်သူတွေ အမှန် တကယ်လိုလားတဲ့ ပြည်သူ့ အကျိုးကို ကိုယ်ကျိုး စွန့်ပြီး စွမ်းဆောင်နိုင်တဲ့သူမျိုးကိုသာ မဲပေးမှာပါ။"

ရန်ရန်ချမ်း
"ပါတီစွဲရယ် မရှိဘူး။ ဒါပေမယ့် ဖြစ်စေချင်တာကတော့ တိုင်းပြည်ကို ပါးစပ်ကနေ ပြောတာထက် တကယ်လုပ်ပေးနိုင်တဲ့သူတွေရဲ့လက်ထဲကိုရောက်သွားတာလိုချင်တယ်။ ပါတီတွေဖွဲ့ပြီးလုပ်တော့ မယ်ဆိုရင် ရှိရင်းစွဲထက် လုပ်ပေးနိုင်တာထက် ပိုပြီးတော့ပြောကြမှာပဲ။ ကျွန်တော် ဆုတောင်းပေး ချင်တာကတော့ ကျွန်တော်တို့နိုင်ငံကြီး ဒီနိုဝင်ဘာ ၇ ရက်နေ့က နေစပြီး စနစ်သစ်တွေ ပြောင်း သလိုမျိုး တိုးတက်မှုအားလုံးလည်း ရောက်လာမယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ရှိသမျှ ဒီလူ တွေရဲ့ စိတ်ဓာတ်တွေလည်း ပြောင်းစေချင်တယ်။ စနစ်တွေပြောင်းပြီး ဒီကရှိတဲ့သူတွေရဲ့စိတ်ဓာတ် တွေ မပြောင်းဘူးဆိုလည်း အလကားပဲလေ။"

Kမီကို
"Kမီကိုကလေ .. အဆင်မပြေတဲ့လူတွေမြင်ရင်စိတ်မကောင်းဘူး။ ကိုယ့်လူမျိုးတွေ အကုန်လုံးကို အဆင်ပြေစေချင်တယ်။ ဒါကြောင့် လူတွေအကုန်လုံး အဆင်ပြေအောင် လုပ်ပေးနိုင်မယ့် ပါတီမျိုး ကိုပဲ မဲပေးချင်တယ်။ Kမီကိုအတွက် ရွေးကောက်ပွဲမှာ မဲပေးရတာ ဒါ ပထမဆုံးအကြိမ်ပဲ။"

နိုင်ဇော်
(ဂစ်တာသမား)
"မဲပေးတာကတော့ စေတနာ၊မေတ္တာရှိရှိနဲ့ ပြည်သူတွေအတွက်အကျိုးရှိအောင်လုပ်ပေးတဲ့အဖွဲ့ကို မဲပေးမှာပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်၊ ၁၉၉၀ တုန်းက ရွေးကောက်ပွဲ တစ်ခါမီလိုက်သေးတယ်ဆိုတော့ ခုက ဒုတိယတစ်ခါ ပေးရမှာပေါ့။ ဒါပေမယ့် မဲရွေးတဲ့သဘောက ကိုယ်ကတော့ အကောင်းဆုံးလို့ ထင်လို့ မဲပေးလိုက်ပေမယ့် ကိုယ်မဲပေးတဲ့သူက ရချင်မှလည်းရမှာကိုး။ ဒါကြောင့်တကယ်လို့တခြား သူအရွေးခံရရင်လည်း အဲဒီလူက အလုပ်နဲ့သက်သေပြနိုင်တဲ့ လူမျိုး၊တိုင်းပြည်ကောင်းအောင် ပြည်သူတွေအတွက် အကျိုးရှိအောင် လုပ်နိုင်တဲ့သူ ဆိုရင် ကျွန်တော်ကတော့ ဘယ်သူဖြစ်ဖြစ် ကျေနပ်မှာပါ။"

ရသ