Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

အဝေးပြေးကား လက်မှတ်များ ၀က်ဘ်ဆိုက်မှ ကြိုတင်မှာယူနိုင်

ယုယုမော်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှ မြန်မာပြည်အနှံမြို့များသို့လက်ရှိပြေးဆွဲလျက်ရှိသော အဝေးပြေးကားလက်မှတ်များကို ဖုန်းဖြင့် လည်းကောင်း၊ ၀က်ဘ်ဆိုက်မှလည်းကောင်း မှာယူနိုင် မည့် အီးစီးတစ်ကပ် ၀န်ဆောင်မှုများ အတွက် prepaid member များ စတင် လက်ခံနေပြီဖြစ်သည်။

လက်မှတ်များကိုwww.easy ticket.asia ၀က်ဘ်ဆိုက်မှတစ်ဆင့်စာရင်းပေးသွင်းဝယ်ယူနိုင်မည်ဖြစ်ကာ ထိုကဲ့သို့အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူမှုများအတွက် ကြိုတင်ငွေပေးချေထား သည့် prepaid အဖွဲ့ဝင်ဖြစ်ရန် လိုအပ်မည်ဟု အဆိုပါ ၀က်ဘ်ဆိုက် တည်ထောင်သူ ဒေါ်မေသူခင်က ပြောသည်။

အနည်းဆုံးကြိုတင်ငွေ ကျပ် ၆,၀၀၀ ပေးသွင်းထားကာ မိမိသွားလေ့ရှိသည့် ခရီးစဉ်နှုန်းထားပေါ်မူတည်ကာ အနည်းဆုံး လက်မှတ် တစ်စောင်နှုန်းကြိုတင်ပေးသွင်းထားမှသာ အွန်လိုင်းမှ တစ်ဆင့် လက်မှတ်ဝယ်ယူနိုင်မည်ဖြစ်ပြီး လက်မှတ်ကို ပရင်တာဖြင့်ထုတ်ယူ နိုင်မည်ဖြစ်သည်။

ထို့ပြင် နီးစပ်ရာ အင်တာနက်ဆိုင်များထဲမှ အီးစီးတစ်ကပ်လိုဂိုနှင့် အီးစီး တစ်ကပ်ကြော်ငြာကပ်ထားသော အင်တာနက်ဆိုင်များတွင် ၀န်ဆောင်ခ တစ်စောင်လျှင် ကျပ် ၂၀၀ နှုန်းဖြင့်လည်း ၀ယ်ယူနိုင်ပြီး လက်မှတ်ခမှာ ပင်ရင်းဂိတ် ဈေးအတိုင်းပင်ဖြစ်သည်။

နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များအတွက် ယာဉ်မထွက်ခွာမီ သုံးနာရီကြိုတင်၍ ၀ယ်ယူနိုင်မည်ဖြစ်သည်။

အီးစီးတစ်ကပ်ဝန်ဆောင်မှုများကို ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ခဲ့ကြောင်း သိရသည်။