
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်း မန္တလေးတွင် ၀ယ်လိုအားများလျက်ရှိနေ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်အထိုင်ဖုန်းကို စမ်းသပ်အသုံးပြုနေစဉ်။ ဓာတ်ပုံ-ကြေးမုံဝင်း
ဇန်န၀ါရီလဆန်းပိုင်းက ငါးသိန်းတန် ၀ိုင်ယာလက် စီဒီအမ်အေ တယ်လီဖုန်းများ စတင်ချထားပေးခဲ့သောကြောင့် အဆိုပါဖုန်းအတွက် လိုအပ်သော အထိုင်ဖုန်းနှင့် မိုဘိုင်းဟန်းဆက်များမှာ ဈေးကွက်တွင် အခြားတယ်လီဖုန်း အမျိုးအစားများထက် ၀ယ်လိုအားများ လျက်ရှိ ကြောင်း သိရသည်။
"လောလောဆယ် ငါးသိန်းတန်ဖုန်းအတွက် အထိုင်ဖုန်းတွေ၊ ဟန်းဆက် တွေ အဓိကရောင်းနေရတယ်။ အထိုင်ဖုန်းက အနည်းဆုံး ကျပ်သုံးသောင်းက နေ နှစ်သိန်းထိရှိတယ်။ တရုတ်နဲ့ ကိုရီးယားနိုင်ငံ လုပ်တွေပါ။ ဟန်းဆက်တွေက တရုတ်၊ ကိုရီးယား၊ အိန္ဒိယနဲ့ ထိုင်း နိုင်ငံလုပ်တွေပါ။ ကျပ် လေးငါးသောင်းကနေ လေးငါးသိန်းတန်ထိ အစားစားရှိတယ်။ အထိုင်ဖုန်းရော၊ ဟန်းဆက်ရော လိုင်းဆွဲအားက အတူတူပါပဲ။ နှစ်ခု စလုံးလိုင်းကြည်ပါတယ်။ ဈေးအနည်းများပေါ် မူတည်ပြီး လုပ်ဆောင်ချက်နဲ့ ကွာလတီတွေပဲ ကွာသွားတာပါ။ လိုင်းဆွဲအားက မကွာပါဘူး"ဟု Mobile Mother ဖုန်းနှင့် ဖုန်းအပိုပစ္စည်း အရောင်းဆိုင်မှ ကိုသက်ပိုင်ဖြိုးက ပြောသည်။
အဆိုပါ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများမှာ စီဒီအမ်အေဖြစ်သည့်အတွက် ဖုန်းအ၀င်အထွက် ခေါ်ဆိုမှုကောင်းခြင်း၊ ကြိုတင်ငွေပေးကတ်ဖြင့် အသုံးပြုရမည် ဖြစ်သော်လည်း နံပါတ်အသေဖြစ်ခြင်း၊ ကတ်ပါနံပါတ်ကို ဖုန်းတွင်း ရိုက်ထည့် ပြီးနောက် သတ်မှတ်ထားသည့် တန်ဖိုး မပြည့်မချင်း ၁၀ နှစ်အထိ သုံး၍ရခြင်း စသည့် အားသာချက်များရှိပြီး မန္တလေး ပြင်ပ အခြားနယ်များတွင် အသုံးမပြုနိုင်သော အားနည်းချက်သာရှိကြောင်း သိရသည်။
"အခုရက်ပိုင်းမှာတော့ ငါးသိန်းတန် ဖုန်းတွေ ဟော့နေတယ်။ ဈေးပေါပြီး သုံးရတာအဆင်ပြေတဲ့အတွက် လူကြိုက်များကြတယ်။ အထိုင်ဖုန်းရော၊ ဟန်းဆက်ရော လိုင်းကြည်တဲ့အတွက် ၀ယ် လိုအားကတော့ မျှခြေပါပဲ။ ကြိုတင် ငွေပေးကတ်တွေကိုလည်း ဖုန်းနဲ့ ဖုန်း အပိုပစ္စည်းဆိုင်တချို့မှာ အလွယ်တကူ ၀ယ်လို့ရနေပါတယ်။
"မန္တလေး ငါးမြို့နယ်အပြင် အရှေ့ဘက်ဆို ရေတံခွန်တောင်၊ အနောက်ဘက်ဆို စစ်ကိုင်းတံတား၊ မင်းကွန်း၊ တောင်ဘက်ဆို မြစ်ငယ် တံတားထိပ်နဲ့ မြောက်ဘက်ဆို ရွှေကျင်အထိ ပြောလို့ရတယ်လို့ သိရတယ်" ဟု Anycall ဖုန်းနှင့် ဖုန်းအပို ပစ္စည်းအရောင်းဆိုင်မှ ကိုမျိုးက ပြောသည်။
လက်ရှိ ချထားပေးနေသော ကျပ် ငါးသိန်းတန် ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများ ရောင်းအားကောင်းနေသကဲ့သို့ ယခင် ကတ်ဖုန်းများမှာ လည်း ၀ယ်လိုအားရှိ နေဆဲဖြစ်ကြောင်း သိရသည်။