Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

အင်ဂျင်ဝိုင် ဈေးကွက် အပြိုင်အဆိုင်များလာ

ခင်ဆုဝေ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

လိုင်စင်မဲ့ ဆိုင်ကယ်များ ထပ်မံချပေးခြင်း၊ တရုတ်ဆိုင်ကယ်များ အများ အပြား ၀င်ရောက်ခြင်းတို့ကြောင့် မန္တလေးမြို့ရှိ ဆိုင်ကယ် အင်ဂျင်ဝိုင် ဈေးကွက်သည် အပြိုင်အဆိုင် ပြင်းထန်ခဲ့ကြောင်း အင်ဂျင်ဝိုင် လက်လီလက်ကား ရောင်းချသူများက ဆိုသည်။

မန္တလေးမြို့တွင် ခြောက်လတာ ကာလအတွင်း တံဆိပ်သစ် ဆိုင်ကယ် အင်ဂျင်ဝိုင်များ အလုံးအရင်းဖြင့် ၀င်လာခဲ့ခြင်းကြောင့် ဈေးကွက် ပြိုင်ဆိုင်မှု ပြင်းထန်ရခြင်းဖြစ်ကြောင်း၊ တံဆိပ်သစ်များလည်း လက်ရှိအချိန်ထိ ဆက်လက်ပေါ်ပေါက်နေကြောင်း ၎င်းတို့က ပြောသည်။

"၂၀၀၉ နှစ်လယ်လောက်ကတည်းကနေ ခုချိန်ထိတံဆိပ်သစ် ၂၀ လောက် ပေါ်ခဲ့တာပါ။ ဒီကြားထဲ တဖြုတ်ဖြုတ်ပြုတ်သွားတဲ့ တံဆိပ်တွေလည်း အများကြီးပါပဲ။ အခု ကျွန်တော်တို့လည်း MEGA OiL Engine ကို 110 ဘီး၊ 125(Dream)အတွက် မိတ်ဆက်ထား ပါတယ်။ အဓိကကတော့ ကော်လတီထိန်းသိမ်းထားပြီးတော့ ဈေးကွက်ကို ဖောက်ဖို့ ရည်မှန်းထားပါတယ်"ဟု ဧရာမင်းကုမ္ပဏီမှ မန်နေဂျာ ဦးမောင်မောင်လွင်က ပြောသည်။

၎င်းတို့သည်အင်ဂျင်ဝိုင်ကိုဈေးကွက် ကို ဇန်န၀ါရီလကုန်ပိုင်းမှ စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ အင်ဂျင်ဝိုင်ကို မိတ်ဆက်တာကတော့ တစ်လလောက်ရှိပါပြီ။ ဈေးကွက်ကို ဖောက်ထွက်ဖို့က ဆိုင်ရှင်တွေအပေါ်ပဲ မူတည်ကြတာပါ။ ဘယ်သူကမှ နာမည်မရှိတဲ့ တံဆိပ်တစ်ခုအတွက် ညွှန်းပြုပြီး အပင်ပန်းခံ မရောင်းချင်ကြဘူးလေ။ အဲဒီတော့ ကျွန်တော်တို့က တစ်ခုရင်း တစ်ခုရတဲ့ ပုံစံမျိုးနဲ့ ဈေးကွက်ကို ဖောက်ရပါတယ်။ တစ်ဖာယူရင် လက်ဆောင်ထည့်ပေးတဲ့ အစီအစဉ် လည်း အသုံးပြုသလို ကြော်ငြာအားလည်း အသုံးပြုပါတယ်။ အခု တံဆိပ်သစ်ဆိုပေမယ့် ရောင်းကောင်းတဲ့အထဲ ပါပါတယ်။ အိန္ဒိယဘက်ဝင်တဲ့ ဆီကို Auto Plus နာမည်နဲ့ ဖြန့်ချိတာပါ။ အိုင်အက်စ်အို ရပြီးသား ဖြစ်ပါတယ် " ဟု Auto Plus ကားတာယာ ရောင်းဝယ်ရေးမှ မန်နေဂျာ ကိုအောင်မျိုးမြင့်က ဆိုသည်။

လက်ရှိတွင် မြန်မာငွေဈေး မြင့်မားလာခြင်း၊ ဆီဈေးတက်လာခြင်းတို့ကြောင့် အင်ဂျင်ဝိုင်ဈေးလည်း တစ်ပီပါလျှင် နှစ်သောင်းခွဲခန့် ဈေးတက်လျက်ရှိကြောင်း သိရသည်။

"ဆိုင်ကယ်လိုင်း ထိုးဖောက်ပြီးရင်တော့ ကားကြီးလိုင်း ထိုးဖောက်မှာပါ။ လက်ရှိ မန္တလေးမှာကိုက ဆိုင်ကယ်စီးရေ သုံးသိန်းကျော် နေတယ်ဗျာ။ ဆိုင်ကယ်တွေက အနည်းဆုံး အင်ဂျင်ဝိုင် တစ်လတစ်ခါတော့ လဲရတယ်။ ဆိုင်ကယ်သုံးသိန်းရှိလို့ လဲရသလောက် အင်ဂျင်ဝိုင် ကျွန်တော်တို့ ရောင်းချင်တာပါပဲ။ ရှေ့လျှောက် နွေပေါက်ပြီဆိုတော့ အင်ဂျင်ဝိုင်လည်း ခဏခဏလဲဖို့လိုလာပြီလေ"ဟု ကိုအောင်မျိုးမြင့်က ဆိုသည်။

ထိုသို့ အင်ဂျင်ဝိုင်ဈေးကွက် အပြိုင်အဆိုင်ပြင်းထန်ကာ ဖြန့်ချိရေးသမားများက ကံစမ်းမဲပေးခြင်းများ၊ လက်ဆောင်ပေးခြင်းများတို့နှင့် ဈေးကွက်ရှိ လက်လီလက်ကား ရောင်းချသူများ သာမက ၀ပ်ရှော့ဆိုင်များအထိပါ ချဲ့ထွင်လာခဲ့ကြသည်။

"ကျွန်တော်တို့က စားသုံးသူရော၊ အင်ဂျင်ဝိုင်ရောင်းချသူရော နှစ်မျိုးနှစ်စားစလုံးကို လက်ဆောင်တွေ ရောက်ရှိအောင် စီမံထားပါ တယ်။ ဘူးအတွင်းမှာကို ကျပ် ၂၀၀ ကနေ ၅,၀၀၀ အထိ ထည့်ပြီး အရောင်းကိုယ် စားလှယ်တွေကျတော့ ၂၄ ဘူးပါ တစ်ဖာမှာ တစ်ဘူးလက်ဆောင်၊ ဖာ ၅၀ ဆိုရင် ကျပ်နှစ်သိန်းဈေး ချရောင်းချပါတယ်"ဟု အရောင်းမန်နေဂျာ ကိုဂျင်လေးက ဆိုသည်။

လက်ရှိတွင် ဆိုင်ကယ်အင်ဂျင်ဝိုင် တံဆိပ်သည် စုစုပေါင်း ၇၀ ရှိနေကာ Cosmic ၊Falcon တို့သည် နာမည်ကြီးတံဆိပ်များဖြစ်ကာ ဈေးကွက်အတွင်းသို့ အစောဆုံးဝင်ရောက်ခဲ့သော တံဆိပ်များဖြစ်သည်။