
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မန္တလေးဈေးကွက်၌ စိန်အရောင်းအ၀ယ်သွက်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

စိန်များကို အမျိုးအစားနှင့် အရွယ်အစား ခွဲခြားရွေးချယ်နေစဉ်။ ဓာတ်ပုံ-ရွှေစင်ခိုင်
ကမ္ဘာ့စိန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက မြန်မာ့စိန်ဈေးနှုန်းမှာ လျော့နည်း နေပြီး မန္တလေးဈေးကွက်၌ လက်ရှိဈေးနှုန်းတွင် အရောင်းအ၀ယ်သွက် နေကြောင်း သိရသည်။
"ကမ္ဘာမှာစိန်ဈေးတွေက ပုံမှန်ပါပဲ။ ပြည်တွင်းမှာက ၀ယ်လိုအားကြောင့် ဈေးကျသွားရာက ပုံမှန်ဈေးပြန်ရောက်လာပေမယ့် ကောက်ပဲသီးနှံ တွေပေါ်တဲ့ အချိန်၊ သင်္ကြန်မတိုင်ခင်အရောင်းအ၀ယ်လိုက်တဲ့ အချိန် မို့လို့ အရောင်းအ၀ယ် နည်းနည်းပိုသွက်လာပါတယ်။ အခုရက် ရွှေထည်ရော၊ စိန်ထည်ပါ အရောင်းသွက်နေတယ်"ဟု ရတနာ ဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။
၂၀၀၉ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ စိန်ဈေးနှုန်းများမှာ အမျိုးအစားအလိုက် တစ်ရတီလျှင် ကျပ်တစ်သောင်းမှ ငါးသောင်းခန့်အထိကျဆင်းခဲ့သည်။ စိန်ဈေးကျဆင်းမှုတွင် စိန်အကျင်များမှာ မသိသာသော်လည်း အပါးဝိုင်းနှင့် ရှေးစိန်အထူဈေးနှုန်းများမှာ သိသိသာသာကျဆင်းခဲ့သည်။
"လွန်ခဲ့တဲ့ ခြောက်လလောက်က ရှေးစိန်အထူတွေကို ပစ္စည်းရှားတယ်ဆိုပြီး ၀ယ်စုတဲ့ သူတွေများလို့ ဈေးကောင်းလာပြီး အပါးတွေ ဈေးကျသွားတယ်။ အဲဒီလပိုင်းက ခဏလှုပ်သွားပြီး နောက်ပိုင်းအထူတွေကို ၀ယ်မယ့်သူမရှိတော့ ဈေးပြန်ကျလာ သလိုအပါးတွေ ကလည်း ကျဈေးမှာဆက်ရှိနေတယ်။ အခုလက်ရှိ ဈေးကွက်မှာ အပါးနဲ့အလုံးကြီးတွေ ဈေးဆက်ကျနေပြီး ကျန်တာတွေကတော့ ကျဈေးကနေ ပုံမှန်ဈေးပြန်ရောက်နေပါပြီ"ဟု စိန်ကုန်သည်တစ်ဦးက ဆိုသည်။
စိန်ဈေးကွက်တွင် စိန်အကျင်၊ အော့ဖ်ဝှိုက် (Off White) ၊ နိတ်စ်ဝှိုက် (Next White))၊ အပါးဝိုင်း၊ စိန်ဖန် ချောင်း၊ ရှေးစိန်အထူနှင့် စိန်အမျိုးအစားအလိုက် ရတီကိုက်များရှိသည်။
"စိန်အကျင်ကလည်း သူ့ဈေးနဲ့သူ သုံးတဲ့သူများပါတယ်။ အခုနောက်ပိုင်း အော့ဖ်ဝှိုက်နဲ့ နိတ်စ်ဝှိုက်တွေကို တော်တော်အသုံးများလာ ကြတယ်။ ဒီအမျိုးအစားတွေကို စိန်ဖန်ချောင်းလေးတွေနဲ့တွဲပြီး ဖန်စီပုံစံအမျိုးမျိုးလုပ်ကြတယ်။ အပါးအသန့်တွေက ဈေးကောင်း ပေမယ့် သူ့ဖောက်သည်နဲ့သူပါပဲ။ အပါးနဲ့ ဖန်ချောင်းရောပြီး ကချင်ပြည်နယ် ဘက်ကကုန်သည်တွေက ကျောက်စိမ်းနဲ့ တွဲလုပ်ကြ သလို မိုးကုတ်ဘက်ကဆိုရင် ပတ္တမြား၊ နီလာနဲ့တွဲလုပ်ကြတယ်"ဟု အောင်သရဖူ စိန်ပန်းထိမ်နှင့်ရောင်းဝယ်ရေးမှ မလွင်က ရှင်းလင်း ပြောပြသည်။
ဈေးကွက်၌ စိန်အမျိုးအစားတစ်ခုတွင် တစ်ရတီလျှင် အလုံး ၆၀ စီး၊ အလုံး ၄၀ စီး၊ အလုံး ၃၀ စီး၊ အလုံး ၂၀ စီး၊ ၁၅ လုံးစီး၊ ၁၀ လုံးစီး၊ ရှစ်လုံးစီး၊ ခြောက်လုံးစီး၊ လေးလုံးစီး၊ နှစ်လုံးစီး၊ ရတီကိုက်ဟူ၍ အရွယ်အစားအမျိုးမျိုးရှိသည်။
၎င်းတွင် အလုံး ၄၀ စီးမှ ၁၀ လုံးစီး အရွယ်များကို ဆွဲသီး၊ လက်စွပ်၊ နားကပ်ဖန်စီပုံစံအမျိုးမျိုးပြုလုပ်ရန် အသုံးများပြီး ရှစ်လုံးစီးမှ နှစ်လုံးစီးအရွယ်ကို ချယ်နားကပ်၊ တစ်လုံးနားကပ်၊ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုးများပြုလုပ်ကြသည်။ ရတီကိုက်များကိုမူ တစ်လုံး နားကပ်နှင့်လက်စွပ်များ အလုပ်များကြောင်း သိရသည်။
လက်ရှိဈေးကွက်တွင် စိန်အကျင်၊ အော့ဖ်ဝှိုက်၊ နိတ်စ်ဝှိုက်တို့မှာ ကျဈေးမှ ပုံမှန်ဈေးသို့ ပြန်လည်ရောက်ရှိနေ သော်လည်း လူသုံး အများဆုံးဖြစ်ပြီး ဈေးနှုန်းအပြောင်းအလဲမှာ ၀ယ်လိုအားအပြင် ပစ္စည်းအ၀င်အနည်းအများပေါ်လည်း မူတည်ကြောင်း သိရသည်။
ရှေးစိန်အထူများမှာ လွန်ခဲ့သော သုံးလခန့်က ၀ယ်လိုအားရုတ်တရက်များ လာပြီးဈေးနှုန်းများကောင်းခဲ့ရာမှ လက်ရှိ ဈေးကွက်၌ ၀ယ်လိုအား မရှိသလောက်ဖြစ်နေပြီး ပေါက်ဈေးမှာ အော့ဖ်ဝှိုက်နှင့် နိတ်စ်ဝှိုက်ဈေးနှုန်း ကြားတွင်ရှိသည်ဟု ကုန်သည်များက ဆိုသည်။
စိန်အပါးမှာ ကျဈေးတွင်ဆက်ရှိနေပြီး ယခင်ဈေးနှုန်းများထက် တစ်ရတီလျှင် ကျပ် ၅၀,၀၀၀ ခန့်ကျဆင်း နေကြောင်းနှင့် ကျဈေးတွင် ၀ယ်လိုအား အနည်းငယ်မြင့်တက်နေသည်။
ရတီကိုက်များမှာမူ အပါးကိုသာ အသုံးများပြီး ဈေးနှုန်းများမှာ အရောင်၊ အမျိုးအစား၊ ဒေါ်လာဈေးအတက် အကျများပေါ်မူတည်၍ ကွာခြားမှုရှိနိုင်သည်။ ဈေးကွက်တွင် တစ်ရတီကိုက်၊ နှစ်ရတီကိုက်များအသုံးများပြီး ရတီ ကိုက်အလိုက်ဈေးမြင့်လာသည်။
မန္တလေး စိန်ဈေးကွက်သို့ ချင်းကုန်သည်များက အိန္ဒိယ(ဘုံဘေ)မှ လည်းကောင်း၊ ရတီကိုက်နှင့် အပါး၊ အသန့်များကို ဘန်ကောက်၊ ဟောင်ကောင်တို့မှလည်းကောင်း ၀င်ရောက်ကြောင်း သိရသည်။
ဈေးကွက်တွင် အသုံးများသော စိန်အမျိုးအစားများနှင့် အရွယ်အစားအလိုက် ဇန်န၀ါရီလကုန်ပိုင်းဈေးနှုန်းများကို ဇယားများတွင် ဖော်ပြထားပြီး အရောင်၊ အမျိုးအစား၊ ၀ယ်လိုအား၊ ငွေဈေးအပြောင်းအလဲများပေါ်မူတည်၍ အနည်းငယ်ကွာခြားနိုင်သည်။