Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တောင်ဘက်တစ်လျှောက် ဈေးလျော့သွားတဲ့ အိမ်ခြံမြေ

ဖြိုးဝေကျော်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic
သိပ္ပံလမ်းတောင်ဘက် ၆၈ လမ်းအတွင်း အိမ်ခြံမြေအကွက်အကွင်း ကို လွန်ခဲ့သောရက်သတ္တပတ်က တွေ့ရစဉ်။ ဓာတ်ပုံ- ဖြိုးဝေကျော်

မန္တလေးမြို့ရဲ့ အရှေ့ခြမ်းမှာ တောင်မြောက်သွယ်တန်းတည်ရှိနေတဲ့ ၆၈ လမ်းရဲ့ အိမ်ခြံမြေဈေးကွက်ဟာ သိပ္ပံလမ်းရဲ့ တောင်ဘက် တစ်လျှောက် ကို တစ်ပိုင်း၊ ၃၅ လမ်းရဲ့ မြောက်ဘက်ကို တစ်ပိုင်း ခွဲခြားပြောရမယ့် အနေအထားမှာရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါ တယ်။

ဒီနေရာမှာ ၆၈ လမ်းမှာ သိပ္ပံလမ်း ရဲ့ တောင်ဘက်တစ်လျှောက်ဟာ မြို့သစ်ရပ်ကွက်အပိုင်းထဲကို ပါဝင် သွားမှာဖြစ်ပြီး ၃၅ လမ်းရဲ့ မြောက် ဘက်တစ်လျှောက်ကတော့ မြို့တွင်း ပိုင်းထဲကို ရောက်သွားပါပြီ။

၃၅ လမ်းမြောက်ဘက်တစ်လျှောက် ၆၈ လမ်းဟာ ကျုံးတောင်ဘက်က အရှေ့အနောက်လမ်းဖြစ်တဲ့ ၂၆ လမ်း နဲ့ ဦးတိုက်သွားပြီး အဲဒီကြားက အိမ်ခြံမြေဈေးကွက်ဟာ မြို့သစ်အပိုင်းက ၆၈ လမ်းရဲ့ အိမ်ခြံမြေဈေးကွက်နဲ့ နှိုင်းယှဉ်ရင် သီးခြားဆန်နေလို့ ခဏချန်ထားကြရ အောင်ပါ။

သိပ္ပံလမ်းကနေ တောင်ဘက်တစ် လျောက် ၆၈ လမ်းကတော့ မြို့သစ်ရဲ့ အရှေ့အနောက်သွား မိန်းလမ်းမဖြစ်တဲ့ မနော်ဟရီလမ်း ကိုဖြတ်ပြီး တောင်ဘက်က မန္တလေး- ပြင်ဦးလွင်သွား မီးရထားလမ်းနဲ့ သွားဆုံတွေ့ပါတယ်။ အဲဒီကနေဆက်ပြီး ၆၈ လမ်းဟာ တောင် ဘက်က ကျွဲဆည်ကန်ရပ်ကွက်ကြီးတွေနဲ့ ဆက်စပ်ပေးထားပေမယ့် လမ်းအူကြောင်းကတော့ မလှသေးပါဘူး။

စိတ်ဝင်စားစရာဖြစ်နေတာကတော့ ပြောခဲ့တဲ့ သိပ္ပံလမ်းကနေ မန္တလေး- ပြင်ဦးလွင်သွားမီးရထားလမ်းကြားထဲမှာရှိတဲ့ ၆၈ လမ်းရဲ့ အိမ်ခြံမြေဈေးကွက်အနေအထားပဲ ဖြစ်ပါတယ်။

ဒီကြားထဲမှာ အိမ်ခြံမြေဈေးနှုန်း ပိုကောင်းတာက သိပ္ပံလမ်းနဲ့နီးတဲ့ အကွက်တွေပါပဲ။ သိပ္ပံလမ်းကနေ ၆၈ လမ်းတလျောက် တောင်ဘက်ကို ရောက်သွားလေ၊ ဈေးနှုန်းက တဖြည်းဖြည်းနည်းသွားလေဖြစ်ကြောင်း အကျိုးဆောင်တွေက ပြောကြပါတယ်။

ဒါဟာ သိပ္ပံလမ်းရဲ့အနေအထား ကြောင့်ဖြစ်ကြောင်းလည်း သုံးသပ်ကြ ပါတယ်။ သိပ္ပံလမ်းဟာ မြို့သစ်နဲ့ မြို့ တွင်းကို ဆက်သွယ် ပေးတဲ့ အသုံးအ၀င်ဆုံး အရှေ့အနောက်သွား လမ်းတစ်လမ်းဖြစ်ပြီး ဒီလမ်းရဲ့အိမ်ခြံမြေ အကွက်အကွင်းက လှသလို အဆောက် အဦးကြီးကြီးမားမားတွေကလည်း အခိုင်အမာနေရာယူထားကြပါတယ်။

ဒီသိပ္ပံလမ်းရဲ့တောင်ဘက် ၆၈ လမ်း ကို ကြည့်လိုက်ရင်လည်း လမ်းပိုင်း ခြောက်ပိုင်းလောက်အထိ အဆောက် အအုံကောင်းတွေက နေရာယူထားပါ တယ်။ လမ်းအနေအထားကလည်း ကောင်းပါတယ်။ အကွက်တွေကလည်း ပေ ၆၀x ပေ ၈၀၊ ပေ ၈၀x ပေ ၁၀၀ အကွက်ကျယ်တွေကို တွေ့ရမှာပါ။

"ဒီအပိုင်းမှာ အိမ်ခြံမြေဈေးနှုန်းတွေက ကျပ်သိန်း ၄၀၀၀၊ ၄၅၀၀ ကနေ ၁၈၀၀၊ ၂၀၀၀ ၀န်းကျင်မှာ ဈေးဆိုကြပါတယ်။ အဆောက် အဦး၊ နေရာ အကွက်အကွင်းအပေါ်မူတည်ပြီး ဈေးတွေက 'ဟ' သွားကြမှာပါ။ သိပ္ပံလမ်းနဲ့ နီးတဲ့အပိုင်းကတော့ အဆောက်အဦး ကောင်းတွေများပါတယ်"လို့ ထွန်းတောက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးအောင်စိုးက ပြောပါတယ်။ ဒီအပိုင်း မှာက အခြေချ နေထိုင်ပြီးသူတွေ များပြီး အငှားအနေနဲ့ဆိုရင်လည်း အဆောက်အဦးကိုမူတည်ပြီး အောက်ထစ် ကျပ်တစ်သိန်း ၀န်းကျင် ကနေ ဈေးစခေါ်ကြပါလိမ့်မယ်။

၆၈ လမ်းဟာ သိပ္ပံလမ်းဘက်ကနေ မြို့သစ်ရပ်ကွက်ကြီးတွေနဲ့ ဆက်တဲ့အထိ လမ်းအူကြောင်းတိုက်ရိုက်ပေါက် သွားပါပြီ။ ဒါဟာ ၆၈ လမ်း အိမ်မြေအကွက်အကွင်းရဲ့ အကောင်းဆုံးဆွဲ ဆောင်မှုတစ်ခု ဖြစ်လာပါတယ်။ အဲဒီနောက် မြို့သစ်ရပ်ကွက်ကြီးရဲ့ အရှေ့ အနောက်သွား ငုရွှေဝါလမ်းကနေ မနော်ဟရီလမ်းကြားက ၆၈ လမ်းရဲ့ အိမ်ခြံမြေအကွက်အကွင်းကို ဆက်တွေ့ရမှာပါ။

ဒီအပိုင်းမှာ လမ်းကြောကတော့ ဖြူး နေတာပါပဲ။ ဒါကြောင့်လည်း မြို့သစ် အပိုင်းအနေနဲ့ ၆၈ လမ်းဟာ အနောက် ပိုင်းကို ကျနေ ပေမယ့် ဈေးနှုန်းကတော့ မနိမ့်ပါဘူး။ အခုအပိုင်းအခြားထဲမှာ ၆၈ လမ်းပေါ်တင်ရင် အောက်ထစ် ကျပ်သိန်း ၁,၀၀၀ ပတ်ချာလည် ကနေ သိန်း ၁,၅၀၀ ၀န်းကျင်အထိ နေရာ အကွက်အကွင်းကိုလိုက်ပြီး ဈေးခေါ်ကြမှာဖြစ်ကြောင်းလည်း အကျိုးဆောင်တွေဆီက သိရပါတယ်။

အထက်မှာပြောခဲ့တဲ့ ငုရွှေဝါလမ်းနဲ့ မနော်ဟရီလမ်းကြား၊ ၆၈ လမ်းဝဲယာက အိမ်ခြံမြေတွေဟာ လမ်းကောင်း၊ အကွက်အကွင်းလှပြီး ဈေးနှုန်းအနေနဲ့ သင့်တယ်လို့လည်း ဆိုနိုင်တာကြောင့် မြို့သစ်ဘက်မှာ မြေ၀ယ်ဖို့စိတ်ကူးသူ တွေဟာ အဲဒီဘက် အပိုင်းတွေကို ထည့်သွင်း စဉ်းစားလေ့ရှိကြကြောင်းလည်း အကျိုးဆောင်တွေက ပြောပါတယ်။ ဒီနေရာမှာတော့ မနော်ဟရီလမ်းဘက်ကပ်သွားရင် ပိုစိတ်ဝင်စားကြကြောင်းလည်း သိရပါတယ်။

မနော်ဟရီလမ်းကနေ တောင်ဘက် မန္တလေး-ပြင်ဦးလွင်သွားရထားလမ်း အထိ၊ ၆၈ လမ်းရဲ့ အိမ်ခြံမြေဈေးနှုန်းကတော့ အထက်မှာ ဖော်ပြထားတဲ့ အပိုင်းတွေထက် ပိုလျော့သွားကြောင်း အကျိုးဆောင်တွေက ဆိုပါတယ်။

"မနော်ဟရီလမ်းရဲ့တောင်ဘက် ၆၈ လမ်းဘက်မှာ လမ်းပေါ်တင်ရင် ပေ ၄၀x ပေ ၆၀ မြေတစ်ကွက်ကို အောက်ထစ် ကျပ်သိန်း ၅၀၀ ၀န်းကျင်ကနေ အထက်ကို ဈေးခေါ်နိုင်ပါတယ်။ သံလမ်းဘက်ကို ကပ်သွား ခဲ့ရင် သိန်း ၄၀၀၊ သိန်း ၅၀၀ လောက် ခေါ်ကြပါ တယ်"လို့ သူတို့က ပြောပြကြပါတယ်။

ဒီနေရာမှာ သံလမ်းရဲ့တောင်ဘက်မှာ သံလမ်းနဲ့အပြိုင် အရှေ့အနောက် သွယ်တန်းတည်ရှိနေတဲ့ မြ၀တီမင်းကြီးလမ်းသာ လမ်းချော လမ်းကောင်းဖြစ်လာခဲ့ရင် ၆၈ လမ်းရဲ့ သံလမ်းနဲ့နီးတဲ့ အပိုင်းဟာ ဈေးကွက် ပိုပွင့်လာနိုင်ကြောင်းလည်း သုံးသပ်ကြပါတယ်။

မြ၀တီမင်းကြီးလမ်းဟာ အနောက်ဘက်မှာ ရန်ကုန်- မန္တလေးလမ်းနဲ့ အရှေ့ဘက်မှာ ၆၂ မိန်းလမ်းတို့ကို ဆက်ပေးထားပြီး အသွား အလာများ ပြားလှပေမယ့် လမ်းကတော့ ကြမ်းနေဆဲရှိပါသေးတယ်။

၆၈ လမ်းရဲ့ သိပ္ပံလမ်းနဲ့နီးတဲ့အပိုင်းဟာ သိပ္ပံလမ်းကို အမှီပြုပြီး ဈေးကောင်းမှာပဲ ငြိမ်နေဦးမှာပါ။ သူ့ရဲ့ တောင်ဘက်ခြမ်း မြို့သစ် အပိုင်းမှာတော့ ဈေးကတဖြည်းဖြည်းလျော့သွား တယ်ဆိုပေမယ့် မနော်ဟရီလမ်းနဲ့ ကပ်သွားတဲ့ အပိုင်းတွေကတော ဈေးပိုကောင်း လာလိမ့်မယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ခြုံငုံသုံးသပ်ကြပါတယ်။