
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပြည်တွင်း ၀ယ်လက်ကြောင့် ပဲစင်းငုံဈေး ပြန်တက်လာ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
အိန္ဒိယ၀ယ်လိုအား နည်းနေပြီး ၎င်း နိုင်ငံပေါက်ဈေး၊ ငွေဈေးတို့နှင့် နှိုင်းယှဉ် ပါက ပြည်တွင်းပေါက်ဈေးဖြင့် တင်ပို့ပါက ဈေးမကိုက် သဖြင့် တင်ပို့မှု နည်း နေသော်လည်း ပြည်တွင်းဝယ်လက် အနည်းငယ် အ၀ယ်လိုက်လာ သဖြင့် ပဲစင်းငုံဈေးပြန် တက်လာသည်။
"အိန္ဒိယမှာဖြစ်နေတဲ့ပေါက်ဈေး၊ ငွေ ဈေးတွေနဲ့ တွက်လိုက်ရင် လက်ရှိဈေးနဲ့ မကိုက်တော့ တင်ပို့တာနည်းနေပါတယ်။ ပြည်တွင်းမှာ ကြိုတင်ဝယ်ရောင်းလုပ်ထားတဲ့ တချို့ကုန်သည်တွေပစ္စည်း အပ်ဖို့ဝယ်ကြသလို၊ နိုင်ငံခြားဈေးကျနေပေမယ့် ပြည်တွင်းမှာပစ္စည်း ရှားလို့ ဈေးတက်လာနိုင်တယ် မှန်းပြီးပစ္စည်း ၀ယ်စုသူတွေကြောင့် ဈေးပြန်တက်လာတာပါ။ အိန္ဒိယ၀ယ်လိုအားက နည်းပါတယ်"ဟု ပဲကုန်သည်တစ်ဦးက ဆိုသည်။
ပဲစင်းငုံအနီမှာ ကျပ် ၈၂,၀၀၀ ၀န်းကျင်ရှိပြီး ပဲစင်းငုံအဖြူ လုံးကြီးမှာ ကျပ် ၇၂,၀၀၀ ၀န်းကျင်ရှိကာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်က မြင့်တက်ခဲ့သော ဈေးနှုန်း၌ ဆက်လက်ရပ်တည် လျက်ရှိသည်။
"ဖေဖော်ဝါရီလကုန်ပိုင်းမှာ တက်ရိပ်ပြခဲ့တာက အဲဒီရက်ပိုင်းမှာ ရန်ကုန်က ကုန်သည်ကြီးတွေ ကြိုတင်ရောင်းထား တဲ့ကုန်တွေကို သင်္ဘောတင်ရမှာမို့ ၀ယ်လိုအား ရုတ်တရက် မြင့်လာလို့ပါ။ နောက်ပိုင်း ၀ယ်လိုအားပြန်လျော့ သွားပေမယ့် ဒီဈေးမှာပဲ ဆက်တန်း နေပါတယ်"ဟု ၎င်းက ဆိုသည်။
ဖေဖော်ဝါရီ တတိယပတ်က ပဲစင်းငုံအနီမှာ ကျပ် ၇၉,၀၀၀၊ အဖြူလုံးကြီး မှာ ကျပ် ၇၀,၀၀၀ အထိကျဆင်းခဲ့သည်။ အိန္ဒိယတွင်လည်း ပဲစင်းငုံအနီလုံးကြီး တစ်တန်လျှင် ဒေါ်လာ ၈၉၀ မှ ၈၅၀ ၀န်းကျင်သို့ ကျဆင်းနေသည်။
ပဲစင်းငုံအနီကို ပြည်တွင်းဝယ်လက်များက ပစ္စည်းအပ်ရန်ဝယ်နေကြသည့် နည်းတူ ပဲစင်းငုံအဖြူလုံးကြီးကိုလည်း ပြည်တွင်း ပဲခွဲ သမားများက ၀ယ်လိုအားရှိပြီး အနီဈေးကို လိုက်၍ အဖြူဈေးမှာ ပြောင်းလဲကြောင်း သိရသည်။
မန္တလေးဈေးကွက်သို့ ပဲစင်းငုံအနီမှာ မုံရွာ၊ မြင်းခြံ၊ ကျောက်ဆည်၊ ပခုက္ကူ ဒေသများမှလည်းကောင်း၊ အဖြူလုံးကြီးမှာ ရွှေဘိုဒေသ မှလည်းကောင်း တစ်နေ့လျှင် အိတ် ၄,၀၀၀ မှ ၅,၀၀၀ ခန့်ဝင်လျက်ရှိသည်။