
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဆီထွက်သီးနှံနှင့် စားသုံးဆီ ဈေးနှုန်းများကျဆင်းလျက်ရှိ
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းဈေးနှုန်းများကျဆင်းနေသည့်နည်းတူ စားသုံးဆီဈေးကွက်မှာလည်း အရောင်း အ၀ယ်နှင့်အတူ ဈေးနှုန်းများကျဆင်းလျက် ဈေးကွက်အေးနေသည်။
မြေပဲဆီဆန်မှာ တစ်ပိဿာ ကျပ် ၂,၀၀၀ ခန့်ဖြစ်ပြီး ပဲဆီမှာ တစ်ပိဿာ ကျပ် ၃,၇၀၀ ခန့်ဖြစ်သည်။ မြေပဲနှင့် ပဲဆီဈေးအေးသဖြင့် ပဲ ဖတ်မှာလည်း တစ်ပိဿာ ကျပ် ၉၁၀ ဖြစ်လာသည်။
"မြေပဲဆီဆန်ဈေးကျလာပေမယ့် ပဲဆီကအရင်ဈေးပါပဲ။ မြေပဲဈေး ကောင်းကတည်းက ပဲဆီအရောင်းအ၀ယ်အေးလို့ ဈေးအရမ်းလိုက် မတက်နိုင်ခဲ့တော့ အခုကျတော့လည်း လက်ရှိဈေးမှာတည်နေတယ်"ဟု ဆီ ကုန်သည်တစ်ဦးက ဆိုသည်။
နှမ်းဈေးကွက်၌ သုံးတင်းတစ်အိတ်နှမ်းဖြူမှာကျပ် ၇၃,၀၀၀-၈၅,၀၀၀၊နှမ်းညိုမှာ ကျပ် ၆၃,၀၀၀-၆၅,၀၀၀၊ နှမ်းနက်မှာကျပ် ၈၈,၀၀၀- ၁၀၀,၀၀၀ ၀န်းကျင်ဖြစ်သည်။
နှမ်းဆီတစ်ပိဿာမှာ ကျပ် ၂,၆၀၀၊ နှမ်းဖတ်မှာ ကျပ် ၈၂၅ ဖြစ်သည်။
"နှမ်းအသစ်စ ပေါ်လာပေမယ့် မလှိုင်သေးပါဘူး။ တရုတ်ဝယ်လိုအားလည်း နည်းနေတယ်။ ပြည်တွင်းမှာလည်း လက်ကြီးသမားတွေ မ၀ယ်ကြသေးဘူး။တချို့လှောင်လက်တွေတော့ နည်းနည်းဝယ်နေကြတယ်။ ဈေးက တော့ လိုက်မလာသေးဘူး။ ဆက်ကျနေတယ်။ နှမ်းဆီကအရောင်းအ၀ယ်အေးတဲ့အပြင်နှမ်းဈေးပါကျတော့ တစ်ပိဿာ ၁၀၀ လောက်လိုက်ကျတယ်။ နှမ်းဖတ်လည်း ကျလာတယ်" ဟု နှမ်းကုန်သည်တစ်ဦးက ဆိုသည်။
စားအုန်းဆီမှာ လည်း ယခင်သီးတင် ပတ်များက ကန်ဆီခွဲတမ်း ရရှိမှု နည်းသဖြင့် တစ်ပိဿာ ကျပ် ၂,၂၇၀ အထိ မြင့်တက် ခဲ့သော် လည်း ယခုတစ်ပတ်တွင် ကျပ် ၂,၂၂၀ သို့ ပြန်ကျဆင်းလာသည်။