Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၃၀၀ ခန့် မြင့်တက်လာ

ရွှေစင်ခိုင်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

မန္တလေး ဈေးကွက်တွင် ကြက်သွန်ဖြူ အမျိုးအစားများ (ဗမာ၊ ရှမ်း၊ တရုတ်) အားလုံးသည် တစ်ပိဿာလျှင် ကျပ် ၃၀၀ မှ ၅၀၀ ခန့် တစ်ပတ်အတွင်းမြင့်တက်သွားကြောင်းသိရသည်။

ဩဂုတ်လနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူတစ်ပိဿာအရွယ်အစားအလိုက် ဗမာမှာ ကျပ် ၃,၇၀၀ မှ ၄,၀၀၀၊ ရှမ်းမှာ ကျပ် ၂,၈၀၀
မှ၃,၆၀၀၊ တရုတ်မှာ ကျပ် ၃,၇၀၀ ခန့်ဖြစ်သည်။

"ကြက်သွန်ဖြူတွေက တစ်မျိုးနဲ့တစ်မျိုးဈေးမြင့်လာတဲ့အကြောင်းမတူပေမယ့်ဈေးကတော့ တပြိုင်နက်မြင့်လာတယ်။ ဗမာက ပစ္စည်း လက်ကျန်နည်းပြီး ပြည်တွင်းသုံးများလို့ ဈေးကောင်းလာတယ်။ ရှမ်းကတော့တောင်ကြီးကနေ တာချီလိတ်၊ မြ၀တီဘက်ထွက်တော့ မန္တလေးကိုအ၀င်နည်းလာတာမို့ ဈေးမြင့်လာတာပါ။ တရုတ်ပြည်ဘက်က၀င်တဲ့ တရုတ်ဖြူ ကတော့ငွေဈေး မတက်ပေမယ့် အခုရက် ပိုင်း နယ်စပ် ပစ္စည်းအ၀င်စိစစ်နေတော့ အ၀င်နည်းပြီးဈေးကွက်မှာရှိနေတဲ့ လက်ကျန် တွေဈေးတက်လာတာပါ။

ဈေးအရမ်း ခုန်တက်သွားတော့ လက် လီအ၀ယ်ရပ်သွားတယ်။ သုံးရက် လောက်နေမှ ပုံမှန်ပြန်ရောင်းရတယ်။ လက်ကားသမားတွေ ကတော့ ပစ္စည်း လက်ကျန်နည်းတော့ ၀ယ်လိုသူတွေရှိပေမယ့် ကိုယ့်ပွဲရုံမှာပဲ နှစ်ပေါက်ထား ရောင်းလို့ ထုတ်ရောင်းတာနည်းတယ်" ဟု ပွဲရုံပိုင်ရှင်တစ်ဦးက ဆိုသည်။

ကြက်သွန်ဖြူဈေးနှုန်းများ မြင့်တက် နေချိန်တွင် အကျဆုံးဈေးသို့ ရောက်ရှိ နေသော ကြက်သွန်နီမှာလည်း ဈေးအနည်းငယ်ကောင်း လာပြီး တစ်ပိဿာ ကျပ် ၁၀၀ မှ ၂၀၀ ၀န်းကျင်မှ ကျပ် ၂၀၀ မှ ၃၀၀ ၀န်းကျင် ဖြစ်လာသည်။