
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ခရီးသွားရာသီ၌ ရွှေချည်ထိုးကားချပ်များ ရောင်းကောင်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ကျွမ်းကျင်သူများပူးပေါင်း၍ မိမိတတ်ကျွမ်းရာကဏ္ဍအလိုက် ပူးတွဲ လုပ်ကိုင်ကြရသည့် ရွှေချည်ထိုးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေစင်ခိုင်
ခရီးသွားရာသီစတင်လာပြီဖြစ်၍ မန္တလေးမြို့သို့နိုင်ငံခြားသားဧည့်သည် များဝင်ရောက်လာခြင်း၊ မြန်မာနိုင်ငံအရပ်ရပ်ရှိ နိုင်ငံခြားသားဧည့်သည် များ သွားရောက်လေ့ရှိသည့် ဒေသများမှ မှာယူကြခြင်းတို့ကြောင့် မန္တလေးမြို့ ၌သာ ထွန်းကားပြီး နိုင်ငံခြားသားများ စိတ်ဝင်စားနှစ်သက် ကြသည့်မြန်မာ့လက်မှုပညာရွှေချည်ထိုးကားချပ်များရောင်းအားကောင်း မွန်လာကြောင်း သိရသည်။
"ဩဂုတ်လမှာ မန္တလေးကို စပိန်လူ မျိုးတွေ စ၀င်လာပါတယ်။ စပိန်တွေ က ရွှေချည်ထိုးကို ကြိုက်ကြတော့ စရောင်း ရပါတယ်။ ဒီလမှာ ရန်ကုန်၊ ပုဂံစတဲ့ နိုင်ငံခြားသား ဧည့်သည် သွားရောက် လေ့ရှိတဲ့ ခရီးသွားဒေသ တွေကလည်း ရွှေချည်ထိုးလုပ်ငန်းက မန္တလေးမှာပဲ ထွန်းကားတာဆို တော့ ပစ္စည်းလှမ်းမှာ ကြတယ်။ ဩဂုတ်လကနေ ဖေဖော်ဝါရီလ အထိ နိုင်ငံခြာသားဧည့်သည်တွေ ရောင်းရပါတယ်။ အောက်တိုဘာမှာ အရောင်းရဆုံးပါ။
"ရွှေချည်ထိုးကားချပ်တွေကို ပြည် တွင်းမှာလည်း သုံးလာကြတော့ ခရီး သွားရာသီပြင်ပမှာ ဖြည်းဖြည်းမှန်မှန် ရောင်းရပါတယ်။ တိုက် တက်၊ မင်္ဂလာ ဆောင်စတဲ့အခမ်းအနားတွေမှာ လက်ဖွဲ့၊လက်ဆောင်ပေးကြတယ်။ အစိုးရဌာန၊ ရုံးတွေမှာအလှချိတ်ကြတော့ တစ်နှစ် လုံးရောင်းအား မပြတ်ပါဘူး။
"တစ်နှစ်ပတ်လုံးလုပ်ငန်း လည်ပတ်နေပေမယ့် နိုင်ငံခြားသားခရီးသွားရာသီက အရောင်းရဆုံးကာလပါ။ ခရီးသွား ရာသီချိန်မှာရောင်း နိုင်အောင်ဧည့်သည်ပါးတဲ့ အချိန်မှာပစ္စည်းစုထားရပါတယ်။ နိုင်ငံခြားသားတွေအကြိုက်များတဲ့ ရှေးဟောင်းလိုင်းကလက်ဝင်ပြီး အချိန် ကြာလို့ ကြိုတင်လုပ် ထားရပါတယ်"ဟု မိုးသောက်ပန်း မြန်မာ့လက်မှုပညာနှင့် ရွှေချည်ထိုး လုပ်ငန်းမှ မကေဇင်လင်းကပြောသည်။
ရွှေချည်ထိုးကားချပ်များကို ရှေး ဟောင်းလိုင်း၊ ခေတ်သစ် လိုင်း၊ အစ ကပ်လိုင်းစသည်ဖြင့် ပညာရပ် အမျိုး မျိုးဖြင့် ဖန်တီးယူရသည်။
"ရှေးဟောင်းလိုင်းက ဟိုးအရင်က တည်းကအသုံးပြုခဲ့တဲ့ ပစ္စည်း၊ လက်ရာ တွေအတိုင်းပြုလုပ်တာပါ။ ရှေးဟောင်းပုံစံမှာ ဘော်ကြယ် ကို ကြေးဘော်ကြယ်သုံးပြီးကြိုးကိုလည်း အရောင်မှိုင်းတာ သုံးရတယ်။ အရုပ်တွေမှာလည်း ဂွမ်း ထိုးရတယ်။ အောက်ခံအစကို ပိတ်စ အနက်၊သင်္ကန်းစတွေသုံးရတယ်။
"ခေတ်သစ်ကတော့ ရှေးဟောင်းမှာ အသစ်ပေါ်လာတဲ့ အလှဆင်ပစ္စည်း လေးတွေ၊ ရောင်စုံကြိုးလေးတွေ၊ ပလတ်စတစ် ဘော်ကြယ် တောက်တောက်လေးတွေသုံးပြီးဆန်းသစ်ထား တာပါ။ အစကပ်ကတော့ အရုပ်တွေကို ပိုး၊ ဖဲစလေးတွေကပ်ထည့်ပြီး အလှဆင်ထား တာပါ"ဟု ရွှေချည်ထိုးလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။
ဥရောပလူမျိုးများသည် ရှေးဟောင်းပုံစံကားချပ်များကိုနှစ်သက်ပြီး အာရှလူမျိုးများသည် ခေတ်သစ်ပုံစံကိုနှစ်သက်ကြကြောင်း၊ စပိန်၊ ပြင်သစ်၊ အီတလီလူမျိုးအများစုသည် ရွှေချည်ထိုး ကားချပ်များကိုနှစ်သက်ဝယ်ယူမှုများကြောင်း၊ ဂျာမန်လူမျိုးများမှာမူ ၀ယ်ယူမှုနည်း ကြောင်း၊ အာရှဘက်မှ ဂျပန်၊ ထိုင်း လူမျိုးများ ၀ယ်ယူမှုများ ကြောင်းနှင့် ဥရောပလူမျိုးများသည် ကားကြီးများကို ၀ယ်ယူလေ့ရှိသည်။
"နိုင်ငံခြားသားတွေက ဇာတ်တော်တွေကို နားမလည်ပေမယ့်ဧည့်လမ်းညွှန်တွေကရှင်းပြတော့ ဇာတ်တော်ပုံဖော်ကားတွေကိုအကြိုက် များကြတယ်။ တချို့တော့ပန်းပုံတွေ၊ မြန်မာ့ရိုးရာပုံတွေကိုလည်း ကြိုက်ကြတယ်။ နိုင်ငံခြားအထူးကြိုက်တာက ဆင်ပုံပါတဲ့ ကားတွေ ဖြစ်ပါတယ်။ ပြည်တွင်း က တော့ ကိန္နရီကိန္နရာ၊ မန္တလေးကျုံး၊ မြို့ ရိုး၊ ရှုခင်းပုံ တွေကို ကြိုက်ကြတယ်"ဟု ရွှေချည်ထိုးဆိုင်ရှင် တစ်ဦး က ဆိုသည်။
ရွှေချည်ထိုးပညာတွင် လက်ရာများ မှာ ခေတ်နှင့်အညီ ဆန်းသစ်တီထွင်မှု များရှိလာပြီး လက်ရာနှင့် အရည်အသွေးကို ပိုမိုတန်ဖိုးထား လုပ်ဆောင်လာကြကြောင်း သိရသည်။
"ပိတ်ပေါ်မှာ ပန်းချီရေးပြီး အရာ လေးတွေလိုက်ထိုးထားတဲ့ နံရံဆေးရေး ပန်းချီလို ကားတွေကိုလည်း တချို့နိုင်ငံ ခြားသားတွေက တော်တော်ကြိုက်ကြ တယ်။ သယ်ရတာလည်း ပေါ့ပါး လွယ်ကူတယ်လေ။ ရှေးဟောင်းပုံစံကို ကြိုက်ပေမယ့် ကြေးဘော်ကြယ်တွေ၊ ဂွမ်းတွေနဲ့ဆိုတော့ သယ်ရတာနည်း နည်းအလေးချိန်ရှိလို့ တချို့က မသယ်ချင်ကြဘူး။
ရှေးဘန်ကောက်ပုဆိုးမှာ ပန်းချီ ဒီဇိုင်းဆွဲ၊ ဘူးနွယ်လို့ခေါ်တဲ့ အိန္ဒိယက လာတဲ့ ရွှေရောင်၊ ငွေရောင်ကြိုးမျှင်တွေ ထိုးတဲ့ကားချပ်တွေ ကိုလည်းကြိုက်ကြတယ်။ ဒီကားချပ်ပုံစံက ခေတ်ထည်ဖြစ်ပေမယ့် လက်ဝင်ပြီး ပုဆိုးတစ်ကွင်းစာအရွယ် ကားချပ်ကို တစ်လလောက် ကြာအောင် ထိုးရလို့ဈေး ကောင်းပါတယ်။ ခေတ်ပုံစံတွေမှာ သုံးနေကျကြိုးတွေ၊ ကြယ်တွေအပြင် ခေတ်အလိုက်ပေါ်လာတဲ့ သဒ္ဒါစေ့၊ ဖန်ချောင်း၊ ပုလဲစေ့၊ ရောင်စုံကြိုး ဆန်းလေးတွေကိုထည့်သုံးပြီး ဆန်းသစ် ရတယ်"ဟု မကေဇင်လင်းက ဆိုသည်။
ရွှေချည်ထိုးကားချပ်ဈေးနှုန်းများသည် ကျပ်သောင်းပိုင်းမှ သိန်းကျော်တန်အထိရှိရာ အသုံးပြုသည့်ပစ္စည်း၊ ပြုလုပ်ရာတွင်လက်ဝင်မှု၊ ပညာပါမှု၊ အချိန်ကြာ မြင့်မှုအလိုက် ဈေးနှုန်းကွာ ခြားကြောင်း၊ နိုင်ငံခြားသား ဧည့်သည်များကို ရောင်းချသည့် ဈေးနှုန်းနှင့် ပြည်တွင်း ဈေးမှာ ကွာခြားကြောင်း သိရသည်။
ရွှေချည်ထိုး ကားချပ်များပြုလုပ်ရာတွင် အောက်ခံအစအဖြစ် ကတ္တီပါ၊ ပိတ်၊ သင်္ကန်းစများကိုအသုံးပြုကြောင်း၊ ဘော်ကြယ်များ၊ ကြိုး များ၊ အလှဆင် ပစ္စည်းများကို အသုံးပြု ဖန်တီးရကြောင်း နှင့် ကားချပ်တစ်ခုရရှိလာစေရန် ပညာ ရှင် အဆင့်ဆင့်ဖြင့် ပြုလုပ် ယူကြရ ကြောင်း သိရသည်။
"ရွှေချည်ထိုး ကားချပ်တစ်ခုဖြစ်လာ ဖို့ တစ်ဦး တစ်ယောက်ကောင်းလုပ်လို့ မရပါဘူး။ အဆင့်ဆင့်လုပ်ဆောင်ရပါတယ်။ ပန်းချီဆရာ ဒီဇိုင်းဆွဲရပါတယ်။ဆေးဆိုးဖို့လိုတဲ့ကားဆိုရင် ဆေးဆိုး ရပါတယ်။ ရုပ်လုံးဖော်ကြိုးသွင်း ဖြည့်စွက်ပြီး ကားဘောင်ပေါ်မှာပုံစံချ အပြီး သတ်ထိုးရပါတယ်။ လုပ်ငန်းအဆင့်တစ်ခုကို ကျွမ်းကျင်ဖို့ နှစ်ချီပြီးပညာသင်ရပါတယ်။ တစ်ယောက်တည်း အစအဆုံးလုပ်တာနည်း ပါတယ်။ ကိုယ့်ကျွမ်းကျင်မှုအလိုက် တစ်လိုင်းစီ လုပ်တာများပါတယ်"ဟု ရွှေချည်ထိုး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရွှေချည်ထိုးကို မြန်မာ့လက်မှုပညာ အဖြစ်သာမက ခေတ်ပေါ်ဒီဇိုင်းများနှင့် ပေါင်းစပ်၍ အသုံးအဆောင်ပစ္စည်း များအဖြစ်ပါအသုံးပြု လာကြသည်။
"အခုခေတ်ပိုင်းမှာ ရွှေချည်ထိုးနဲ့ ဒီဇိုင်းတွေ ထွင်လာကြတယ်။ ရွှေချည် ထိုးခါးပတ်၊ ဖုန်းအိတ်၊ လက်ကိုင်အိတ်၊ လွယ်အိတ်၊ ခါးပတ် အိတ်လေးတွေ၊အိမ်မှာအလှဆင်တဲ့ နံရံကပ်ပစ္စည်းထည့်တဲ့အိတ်လေးတွေ၊ တောင်းလေးတွေကအစသုံးလာကြတယ်။ မြန်မာ့လက်မှု ပညာကို ခေတ်နဲ့အညီဆန်းသစ် နိုင်ဖို့စဉ်းစားဖန်တီးရတယ်"ဟု မကေဇင်လင်းက ဆိုသည်။
မြန်မာနိုင်ငံတွင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာသည်နှင့်အမျှ ရွှေချည်ထိုးလုပ်ငန်းများလည်းပိုမိုတိုးတက်အောင်မြင်လာကြောင်း၊ရွှေချည် ထိုးလုပ်ငန်း များသည်ခရီးသွားကုမ္ပဏီများ၊ အေဂျင် စီများနှင့် ချိတ်ဆက်ထားကြကြောင်း သိရသည်။
မန္တလေးမြို့တွင်ရွှေချည်ထိုးလုပ်ငန်း ကို ၇၈ လမ်းနှင့် ၃၅ လမ်းဝန်းကျင်၊ ဘုရားကြီးစောင်းတန်းဆိုင်ခန်းများ၊ ၈၄ လမ်းတစ်လျှောက်၊ တမ္ပ၀တီရပ်တို့တွင် လုပ်ကိုင်ကြပြီး ရွှေကျောင်းကြီး၊ ဦးပိန်တံတားစသည့် နိုင်ငံခြားသားဧည့်သည် များလာရောက်လေ့ရှိသော နေရာ များ တွင်လည်း တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ရှိသည်။