
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဒီတစ်ပတ်အတွက် အကြိုက်ဆုံးအိမ်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

တည်နေရာ - ၈၄ လမ်း၊ ၃၄ နှင့် ၃၅ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။ ဈေးနှုန်း(အငှား) - ၁၅ သိန်း
ဆက်သွယ်ရန် - ၀၉၂၀၀၆၁၇၅၊ ၀၉၂၀၁၀၄၆၄
ဒီတစ်ပတ်မှာလည်း အကြိုက်ဆုံးအိမ်ကိုရောင်းဖို့ထက် အငှားအတွက်ပဲ အကြိုက်ဆုံးအိမ်ကို ထပ်မံရွေးချယ် ဖော်ပြလိုက်ပါတယ်။
ဝါကျွတ်မှာငှားဖို့ အိမ်ရှာနေတဲ့ မိသားစုတွေအတွက် တင် မဟုတ်ပါဘူး၊ ကုမ္ပဏီရုံးခန်း၊ ဆိုင်ခန်း ဖွင့်လှစ်ချင်သူ တွေအတွက်ပါ ရွေးချယ်ဖော်ပြ လိုက်ရခြင်းပဲ ဖြစ်ပါတယ်။
ကုမ္ပဏီရုံးခန်း၊ ဆိုင်ခန်းဖွင့်လှစ်ဖို့ အတွက် အသင့်တော်ဆုံး နေရာက တော့ လူစည်ကားရာ လမ်းမကြီးပေါ် ဖြစ်ဖို့လိုတာကြောင့် ၈၄ လမ်းမ ကြီးပေါ်က အာရ်စီနှစ်ထပ်တိုက်ကို ရွေးချယ်ဖော်ပြဖြစ်ပါတယ်။
၈၄ လမ်း မိန်းလမ်းမကြီး ပေါ်မှာ ဖြစ်ပြီး လူအစည်ကားဆုံး အပိုင်းမှာ တည်ရှိနေတာဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ အစည်ကားဆုံး လမ်းမကြီး တွေထဲက ၈၄လမ်းဟာအစည်ကားဆုံးလမ်းဖြစ်သလို ထိုနည်းတူ ၃၅ လမ်း ဟာလည်း အစည်ကားဆုံး လမ်းပါပဲ။ ဒီလမ်းတွေတစ်လျှောက် စည်ကားတယ်ဆိုပေမယ့် သူ့အပိုင်းလိုက် ပိုမိုစည်ကားတဲ့အပိုင်းတွေ လည်းရှိပါတယ်။
အခု သီတင်းကျွတ်ရင် ငှားမယ့်ဒီအာရ်စီနှစ်ထပ်ဟာ လမ်းတစ်လျှောက် လက်ကားဆိုင်ကြီးတွေရှိတဲ့နေရာဖြစ်တဲ့ ၃၅လမ်းနဲ့ဆိုင်တွေအပြည့်ဖြစ် နေတဲ့ ၃၄ လမ်းကြားက ၈၄ လမ်းပေါ်မှာ တည်ရှိနေတာပါ။
နောက်ပြီး ငှားမယ့် အာရ်စီတိုက်ရဲ့ အကျယ်အ၀န်းက ၂၅ ပေ၊ ပေ ၅၀ ဖြစ်တာကြောင့် လုံလောက်ကောင်းမွန်တဲ့ အကျယ်အ၀န်း ဖြစ်တယ်လို့ ဆိုနိုင်သလို မျက်နှာစာအောက်ထပ်အခန်း အကျယ်ဟာ Hall type သဏ္ဌာန်ပြု လုပ်ထားတာကြောင့် ဆိုင်ခန်း ဖွင့်ဖို့ဆို အကောင်းဆုံးပါပဲ။ တစ်ခါတည်းပုံကို ကြည့်လိုက်ရင် သိမှာပါပဲ။ အိမ်ရှေ့မှာ ဈေးဝယ်တွေ ရပ်ဖို့ နေရာရှိတာကြောင့် ဒီအချက်ကို ထည့်သွင်း အမှတ်ထားတဲ့ ငှားလိုသူတွေအတွက် သဘောကျစေမှာပါ။
ရေမီးအပြည့်အစုံပါရှိထားတဲ့ ဒီအိမ်ဟာ ငှားဖို့အတွက် အဆင်သင့် စီစဉ်ထားပြီးဖြစ်နေလို့ ဆိုင်ခန်းအတွက်ငှားလိုသူပဲဖြစ်ဖြစ်၊ကုမ္ပဏီ ရုံးခန်းအတွက် ငှားလိုသူပဲ ဖြစ်ဖြစ် အဆင်ပြေမှာဖြစ်တာကြောင့် ဆက်သွယ်ကြည့်လိုက်ဖို့ပဲ အကြံပြုပါရစေ။