Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

'ကန်'ကို ဘင်လာဒင် သတိပေး

(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ဝါရှင်တန် - ခရစ္စမတ်နေ့တွင် ဖြစ်ပွားခဲ့သည့် မအောင်မြင်သော အမေရိကန်လေယာဉ်ဗုံးခွဲတိုက်ခိုက်မှုကို အားပေးကြွေးကြော်ထား သည့် အိုစမာဘင်လာဒင်၏ အသံသွင်းတိပ်ခွေကို မှိန်ပစ်လိုက်သော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အကြမ်းဖက်ဝါဒတုံ့ပြန် တိုက်ခိုက်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဒန်နီယယ်ဘင်ဂျမင်က ကမ္ဘာတစ်ဝန်းတိုက်ခိုက်မှုများအပေါ် အယ်လ်ကေဒါ ခေါင်းဆောင် ဘင်လာဒင်က မကြာခဏ အမှတ်ယူနေသည်ဟု ဇန်န၀ါရီ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

သို့သော် တိပ်ခွေကို အသေးစိတ် နားထောင်ကြည့်ရာတွင် ယင်းအကြမ်း ဖက်မှုမှာ ဘင်လာဒင်၏ လက်ချက်ဖြစ်သည်ဟူသော အဓိပ္ပာယ်သက်ရောက်မှု များ မကြားရဟုဆိုသည်။

အယ်လ်ဂျာဇီးရား ရုပ်သံမှ ဇန်န၀ါရီ ၂၄ ရက်ကထုတ်လွှင့်သည့် ဘင်လာဒင်၏ အသံသွင်းတိပ်ခွေတွင် ဘင်လာဒင် က နော့သ်ဝက်စ် အမေရိကန်လေကြောင်း ကုမ္ပဏီပိုင် လေယာဉ်အား ဗုံးဖောက်ခွဲရန်ကြိုးစားခဲ့သော နိုက်ဂျီးရီးယားနိုင်ငံသား အွမ်မာဖာရောက် အဗ္ဗဒူမူတာလက်ကို သူရဲကောင်းအဖြစ် ဂုဏ်ပြုထားသည်။

ဘင်လာဒင်က မအောင်မြင်လိုက်သော ယခုတိုက်ခိုက်မှုသည် ၎င်းတို့ အောင်ပွဲခံခဲ့သော စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှုကြီးနှင့် အလားတူ တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း၊ နောက်ထပ် တိုက်ခိုက်သွားဦးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားအား သတိပေးထားသည်။