Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

'ကန်' စစ်ဘက်ဖြည့်တင်းမှုအား ဂူအမ်ကျွန်း စိုးရိမ်

(အေအက်ဖ်ပီ)
သောင်းညွန့် ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ဟာဂတ်နာ - အမေရိကန်နိုင်ငံပိုင် ဂူအမ်ကျွန်းနေလူများက အမေရိကန်တပ်သားများနှင့် ၎င်းတို့၏ မိသားစုတို့ ရောက်လာမည့် အရေးကို တွေးပြီး ပူပန်စိုးရိမ်လျက်နေကြသည်။ ဤသို့ အမေရိကန်တပ်ဖွဲ့ဝင်များထောင်ချီပြီး ရောက်လာလျှင် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ဂူအမ်ကျွန်းမှာ ပြည့်ကျပ်သွားမည်ကို စိုးရိမ်လျက်ရှိခြင်းဖြစ်သည်။

ဂျပန်နိုင်ငံတောင်ပိုင်းမှ မကြာမီပြောင်းရွှေ့လာကြတော့မည့် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဦးရေမှာ ၁၉,၀၀၀ ခန့်ရှိရာ ဂူအမ်ကျွန်းပေါ်ရှိ အမေရိကန်စစ်ဘက်ဝင်အင်အားကို သုံးဆဖြစ်သွားမည်ဖြစ်သည်။

ဤသို့ပြောင်းရွှေ့လာခြင်းကြောင့် စီးပွားရေးအရ အဆင်ပြေမည်ဖြစ်ကြောင်း သိကြသော်လည်း လူဦးရေ ၁၇၈,၀၀၀ ရှိ ဂူအမ်ကျွန်း၌ နေထိုင်သူ အားလုံးဝမ်းသာကြလိမ့်မည်ဟု မဆိုနိုင်ချေ။

ဂူအမ်ကျွန်းတိုင်းရင်းသားလူမျိုးစုတို့အား ကိုယ်စားပြုသည့် အဖွဲ့တစ်ဖွဲ့သည် Chamorro Tribe Inc ၏ ဥက္ကဋ္ဌ ဖရန့်ဂျေရှာချာက ဤစစ်ဘက်ဆိုင်ရာ အင်အားဖြည့်တင်းခြင်းသည် လက်ရှိကျွန်း၏ နိုင်ငံရေးအခြေအနေအရ ကျွန်းလူဦးရေ၏ သုံးပုံတစ်ပုံရှိသည့် Chamorro လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် လူမျိုးရေးတို့ကို ဆိတ်သုဉ်းသွားစေမည်ဖြစ်ကြောင်း ပြောသည်။

Chamorro လူမျိုးနွယ်စုတို့သည် ၎င်းတို့၏ ကံကြမ္မာကို မစိုးမိုးနိုင်သည်မှာ ကြာပြီဖြစ်သည်။ ၁၉ ရာစုနှောင်းပိုင်းအထိ စပိန်နိုင်ငံသည် ဂူအမ်ကျွန်းအား နှစ်ပေါင်း ၂၀၀ ကျော်နီးပါး သိမ်းပိုက်အုပ်ချုပ်ခဲ့ပြီးနောက် အမေရိကန်က စပိန်လက်မှ သိမ်းယူခဲ့ပြီး ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်နိုင်ငံက ကျူးကျော်သိမ်းပိုက်ထားခဲ့သည်။

၂၀၀၆ ခုနှစ်က အိုကီနာဝါကျွန်းမှ ထောင်ချီရှိသည့် မရိန်းတပ်သားများကို ရွှေ့ပြောင်းပေးရန် ၀ါရှင်တန်အစိုးရနှင့် တိုကျိုအစိုးရတို့က သဘောတူညီခဲ့ကြသည်။