
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဂရိနိုင်ငံ အကျပ်အတည်း အိုင်အမ်အက်ဖ် ကူညီနိုင်ပါ့မလား
(ဂျပန်တိုင်းမ်)
သန်းအောင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
ဝါရှင်တန် - ဥရောပတိုက်က မြေထဲ ပင်လယ်ကမ်းခြေနိုင်ငံလေးတစ်နိုင်ငံ ဖြစ်တဲ့ ဂရိနိုင်ငံဟာ အကြီးအကျယ် ပြဿနာနဲ့ကြုံတွေ့ နေရတယ်။ ဥရောပ တလုံးတစည်းဖြစ်ရေး မဟာအခွင့်အရေး တွေဟာ သူ့အဖို့ အချည်းနှီးပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဘဏ်အတိုး နှုန်းနည်းမှု၊ ရက်ရက်ရောရာ သုံးဖြုန်းခဲ့မှု၊ အစိုးရ ဘတ်ဂျက်လိုငွေပြမှုပိုများလာမှုတွေဟာ အစိုးရရဲ့အကြွေးတွေကို အန္တရာယ်ရှိတဲ့ အထိ ရောက်လာစေတယ်။
ဥရောပသမဂ္ဂအဖွဲ့မှာ လက်တွေ့အားဖြင့် ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေဟာ ခေါင်းဆောင်တွေပဲ။ ဂရိနိုင်ငံကို ကူညီဖို့ကိစ္စဟာ ဈေးဆစ် နေတယ်။ နှောင့်နှေးနေတယ်။ ဒါပေမယ့် အစိုးရကဏ္ဍက လုပ်ခတွေနဲ့ တခြားစရိတ်တွေကို ဖြတ်တောက်ရမယ်ဆိုတာ အလွန်ရှင်း နေပါတယ်။ ဂရိအလုပ်သမားသမဂ္ဂတွေက လမ်းပေါ်ထွက်ပြီးဆန္ဒပြနေကြတယ်။
ဂရိနိုင်ငံဟာ သူ့ရဲ့ကိုယ်ပိုင်ငွေကြေး ဆိုရင် အစစအရာရာဟာ အလွယ် ကလေးပဲ။ ၂၀၀၈ ခုနှစ်က ယူနိုက်တက် ကင်းဒမ်း(ယူကေ) ကြုံရသလိုမျိုးပဲ။ ဂရိ နိုင်ငံရဲ့ ငွေလဲလှယ်မှုနှုန်းဟာ အကြီးအကျယ် ကျဆင်းနေတယ်။ ဒါကြောင့်လည်း အလုပ်သမားခတွေလျော့ ကျသွားတယ်။ ပိုင်ဆိုင်မှုကုန်ပစ္စည်းဈေးနှုန်းတွေ ဖောင်းပွသွားတယ်။ ငွေချေး သူတွေဟာ သူတို့ရဲ့ပေါင်နှံထားတဲ့ပစ္စည်းတွေနဲ့အခြား အကြွေးတွေကြောင့် နစ်နေပြီဖြစ်တယ်။
ဂရိနိုင်ငံနဲ့ တခြားဥရောပဇုန်က အခက်အခဲတွေ့နေတဲ့ နိုင်ငံတွေဟာ ဖရန့်ဖွတ်မြို့မှာရှိတဲ့ ဥရောပဗဟိုဘဏ် (အီးစီဘီ)ကို သူတို့ရဲ့ ငွေကြေးမကျဆင်းအောင် ချဉ်းကပ်ကြတယ်။ တခြား အခက်တွေ့နေတဲ့ နိုင်ငံတွေကတော့ ပေါ်တူဂီ၊ အိုင်ယာလန်၊ အီတလီနဲ့ စပိန် နိုင်ငံတို့ဖြစ်တယ်။ ဒီနိုင်ငံတွေဟာအသုံးစရိတ်တွေလျှော့ချရတော့မယ်။ လုပ်ခတွေလျှော့ချရတော့မယ်။ အစိုးရလုပ်ငန်းတွေကအလုပ် သမားတွေ လျှော့ချရတော့မယ်။
အခြေအနေတွေကတော့ အိုင်အမ်အက်ဖ် (အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့) ဦးဆောင်ညွှန်ကြားရေး မှူး စထရော့ခန်း စိတ်ကြိုက်လုပ်နိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။အိုင်အမ်အက်ဖ်ကလည်း ကူညီမှာပါ။ ၂၀၀၉ ခုနှစ် စောစောပိုင်းကတည်းက အိုင် အမ်အက်ဖ်ဟာ အခက်အခဲတွေ့နေတဲ့နိုင်ငံတွေကို ငွေချေးခဲ့ပါတယ်။ အကျပ်အတည်းရဲ့ ထိုးနှက်ချက်ကိုခံနိုင်အောင်ဆောင်ရွက် ပေးတယ်။ နိုင်ငံတကာအစီအမံတွေကို ဆောင်ရွက်ပေးတယ်။ ဒါပေမယ့် လိုအပ်တဲ့ပြုပြင်မှုတွေကို မဟန့်တားဖို့ လိုတယ်။ ဥပမာ ဘတ်ဂျက်လိုငွေပြမှု ကို လျှော့ချရေးလို ကိစ္စမျိုးဖြစ်တယ်။ အချိန်ပိုအလုပ်လုပ်ကြရမယ်။ ယုံကြည်မှုပြန်ရအောင်လုပ်ရမယ်။အစိုးရ သိက္ခာ ပြန်တက်လာကြောင်း ပြည်ပကအတည် ပြုဖို့လိုတယ်။
အီးစီဘီရဲ့မူဝါဒတွေဟာအလွန်ကျုံ့ထားတဲ့အတွက် ရလဒ်အနေနဲ့ ယူရိုငွေဟာ ခိုင်မာတယ်။ ငွေဖောင်းပွမှုသိပ်နည်းတယ်။ငွေကြေး ပြိုလဲတော့မယ့် အခြေအနေရောက်နေတဲ့ အဖွဲ့ဝင်နိုင်ငံ တွေအတွက်တော့ မသင့်တော်ဘူး။ အိုင်အမ်အက်ဖ်က ဥရောပ ငွေကြေး အခက်အခဲဖြစ်နေတဲ့နိုင်ငံတွေကို ကူညီမယ်ဆိုရင် ဖရန့်ဖွတ်ကကြီးစိုးတဲ့မူဝါဒချမှတ်သူတွေနဲ့ အယူအဆရေးရာ စိန်ခေါ်ရလိမ့်မယ်။
၂၀၁၂ ခုနှစ်မှာ ကျင်းပမယ့် ပြင်သစ် သမ္မတရွေးကောက်ပွဲဟာလည်း နီးကပ်လာပြီ။ ပြင်သစ်နိုင်ငံသား စထရော့ခန်းဟာ ယခင် သမ္မတပြိုင်ပွဲဝင်ပြိုင်ဖူးတယ်။ ပြင်သစ်သမ္မတ နီကိုလပ်ဆာကိုဇီဟာ ဥရောပနိုင်ငံတချို့ရဲ့ အခက်အခဲကို စထရော့ခန်းက နိုင်ငံရေး သုခမိန်ကြီး တစ်ယောက်လို ကယ်တင်စေချင်တယ်။ အိုင်အမ်အက်ဖ် ၀င်မစွက်ရေးအတွက် အီးယူအဖွဲ့ဝင်အချို့က လုပ်ဆောင်နေ တယ်။"အိုင်အမ်အက်ဖ်ဟာ သိပ်အမေရိကန်ဆန်တယ်"၊ "ဥရောပဟာသူ့ပြဿနာကို သူဖြေရှင်းရမယ်"၊"ကျွန်တော်တို့ရဲ့အခြေအနေ နဲ့အိုင် အမ်အက်ဖ်ဟာ မသင့်လျော်ဘူး"၊ "ဂရိနိုင်ငံရဲ့အကျပ်အတည်းကို ပြောပြလိုက်ပါ။ ဘာမှ အရာရောက်မှာမဟုတ်ဘူး" လို့ပြော နေကြတယ်။
တစ်ခါတလေမှာသမိုင်းဆိုတာ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ ကြီးမားတဲ့ အင်အားစုတွေက မောင်းနှင်သွားတယ်။ တစ်ခါတလေမှာ တော့ အခွင့်အရေးဟာ ပါးပါးလေးပဲ။ အခုလိုအချိန်မျိုးမှာတော့ အစစအရာရာ ညှိညှိနှိုင်း နှိုင်းလုပ်ရမယ်။ အီးယူခေါင်းဆောင်တွေက တော့ အိုင်အမ်အက်ဖ်ကို ခပ်လှမ်းလှမ်းမှာပဲ နေရအောင်လုပ်လိမ့်မယ်။ ဒါကတော့ ဂရိနိုင်ငံအဖို့ သတင်းကောင်းတော့မဟုတ်ဘူး။ ကမ္ဘာ့ဘဏ္ဍာရေးတည်ငြိမ်စေချင်သူတွေအဖို့လည်း သတင်းကောင်းတော့ မဟုတ်ဘူးလို့ အိုင်အမ်အက်ဖ်မှ ဘောဂဗေဒပညာရှင်ချုပ် ဟောင်းဖြစ်သူ ဆိုင်မွန်ဂျွန်ဆင်က ပြောပါတယ်။