
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ချီလီငလျင်နှင့် ဆူနာမီကြောင့် ၇၀၀ ကျော်သေ
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

ချီလီနိုင်ငံ၊ ဆန်အန်တိုနီယိုမြို့၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဆူနာမီလှိုင်းဒဏ်ခံရပြီးနောက် မြင်ရသည့်ပုံဖြစ်သည်။ ရစ်ခ်ျတာ စကေး ၈ ဒသမ ၈ ငလျင်ဒဏ်ကြောင့် ၇၀၈ ဦးထက်မနည်း သေ ဆုံးခဲ့သည်။ နောက်ဆက်တွဲတုန်ခါမှုများနှင့်အတူ ဆူနာမီငယ်များ ဆက်လက်ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ကွန်စက်စီယွန်(ချီလီ) - ချီလီငလျင်ကြောင့် သေဆုံးသူဦးရေသည် ဖေ ဖော်ဝါရီလ ၂၈ ရက်နေ့တွင် ၇၀၀ ကျော် သွားပြီဖြစ်ကြောင်း၊ကယ်ဆယ် သူများသည် အသက်မသေဘဲ ရှင်ကျန်နေသူများကို ရှာဖွေလျက်ရှိ ကြောင်း၊ ကမ်းရိုးတန်းဒေသတွင် ပင်လယ်ရေလှိုင်းကြီးများတက်လာပြီး အိုးအိမ်များကို ဆွဲချသွားကြောင်း၊ ဆူနာမီဖြစ်လာမည့်အရေးကိုကြိုတင် သတိမပေးနိုင်၍ အစိုးရက ပြည်သူလူထုကိုတောင်းပန်ခဲ့ကြောင်းသိရှိရ သည်။
အစိုးရသည် ငလျင်ဒဏ်အပြင်းအထန်ခံရသော ဒေသနှစ်ခုတွင်ညဘက် အပြင်မထွက်ရအမိန့်ထုတ်ထားသည်။ ထိုဒေသနှစ်ခုမှာ ချီလီနိုင်ငံ အလယ်ပိုင်း မောလ်ဒေသနှင့် ဒုတိယမြို့ကြီးဖြစ်သော ကွန်စက်စီယွန် နှင့် ၎င်း၏ပြည်နယ်တွင် ဖြစ်သည်။ လုယက်သောဂိုဏ်းများကို ရဲတပ်ဖွဲ့ က မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်များဖြင့် လူစုခွဲခဲ့ရသည်။
သေဆုံးသူဦးရေသည် ၇၀၈ ဦးထက် ပိုများလာဖွယ်ရှိကြောင်း၊ စနေနေ့က ပြင်းအား ၈ ဒသမ ၈ ရှိ ငလျင်ကြီး တုန်လှုပ်ခဲ့ပြီးနောက် ဆူနာမီရေလှိုင်းကြီး များတက်လာနိုင်သည့်အရေးကို ချီလီနိုင်ငံသူနိုင်ငံသားများအား သတိမပေးခဲ့မိ၍ မိမိအစိုးရ၏အမှားကို ၀န်ခံ ကြောင်း သမ္မတမီရှဲလ်ဘက်ခ်ျလက်က ပြောသည်။
ရွှံ့နွံထူပြောသော ကွန်စတီကျူးစီယွန် တံငါရွာလေးတစ်ရွာတည်းတွင် အလောင်း ၃၀၀ ကျော်ကို တွေ့ရကြောင်းဖြင့် အစိုးရရုပ်မြင် သံကြား ဌာနက ဖော်ပြသည်။ လောလောဆယ်ထိုသတင်းကို အတည်မပြုနိုင်သေးပေ။
ဧရာမလှိုင်းကြီးများသည် ပင်လယ်ကမ်းခြေရှိ မြို့များ၊ရွာများကိုဝါးမျိုသွား ပြီး ထိုအရပ်ဒေသတွင် နေထိုင်သူများ ရေနစ်သေဆုံးကြရ သည်။ အိုးအိမ်များ အဝေးသို့ပါသွားသည်။ စိတ်ပျက်လက် ပျက်ဖြစ်နေသော အသက်မသေဘဲ ရှင်ကျန်ရစ်သူများကလည်း မယုံနိုင်စ ရာ ဤအဖြစ်အပျက်ကြောင့် ကြောင်တောင်တောင်ဖြစ်နေကြသည်။
"လှိုင်းလုံးကြီးတွေ တက်လာပြီး အားလုံးကို ဖုံးလွှမ်းသွားတာပဲ။ အမြင့် ခြောက်မီတာ (ပေ ၂၀) လောက်ရှိတယ်"ဟု ပင်ကိုမြို့မှ ကား လော့စ်ပါးလ် မားဆိုသူက အေအက်ဖ်ပီကိုပြောသည်။
"ရေတပ်က ဆူနာမီသတိပေးချက် မထုတ်ပြန်နိုင်ခဲ့တာဟာ အမှားပဲ" ဟု လည်း ကာကွယ်ရေးဝန်ကြီး ဖရန်စစ္စကို ဗီဒယ်ကပြောသည်။
ငလျင်ဒဏ် အဆိုးဝါးဆုံးခံရသည့် ကွန်စက်စီယွန် မြို့တော်ဝန်ကလည်း အကူအညီ အလျင်အမြန်ပေးကြရန် မေတ္တာရပ်ခံထားသည်။ ချီလီနိုင်ငံတွင် နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါးဆုံး သဘာဝဘေးဒုက္ခကြီးဖြစ်သည်။
ကမ်းရိုးတန်းအနီးတွင်ဖြစ်ပေါ်ခဲ့သော ၎င်းငလျင်ကြောင့် ပစိဖိတ်ဒေသရှိ ၅၃ နိုင်ငံကို ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။