
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ခေတ်ဗိုလ်ချုပ်ကြီးများ အဋ္ဌာရသ ၁၈ ရပ်တတ်ရန်လို
ခင်အောင် ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

အာဖဂန်တပ်မဈးကြီး ဗိုလ်ချုပ်ကြီး ဒေးဗစ်ပက်ထရီးယပ်စ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ဝါရှင်တန် - ယနေ့ခေတ်စစ်ပွဲများတွင် အသေအချာ အောင်မြင်မှုရရှိ စေရန်၊ သို့မဟုတ် စစ်တပ်၏ ထိပ်တန်းရာထူးသို့ အဆင့်ဆင့်တိုးမြှင့် ခန့်ထားခံရစေရန် ယခင်ကအမေရိကန်အကျိုးစီးပွားများကိုကာကွယ် ပေးခဲ့သော ခက်ခက်ခဲခဲ တတ်မြောက်ခဲ့ကြသည့် စစ်ရေး ကျွမ်းကျင် မှုမျိုး သက်သက်ဖြင့် မလုံလောက်တော့ကြောင်း အရှေ့အလယ်ပိုင်း တောင်ပေါ်နှင့် သဲကန္တာရများတွင် ကိုးနှစ်ကြာစစ်ပွဲများဆင်နွှဲခဲ့ကြပြီး နောက်တွင် အမေရိကန်စစ်ဘက် တာဝန်ခံများက ကောက်ချက်ချခဲ့ ကြသည်။
စစ်မြေပြင်ဆိုင်ရာနည်းဗျူဟာများ တစ်ဖက်ကမ်းခတ်တတ်မြောက်မှု နှင့်ခေါင်းဆောင်ကောင်းတစ်ဦး၏ အတတ်ကို နောကျေခြင်းတို့သည် မရှိမဖြစ် လိုအပ်သော အရည်အချင်းများဖြစ် ကြောင်း ၎င်းတို့ကပြော ကြားသည်။ ယခုခေတ်ဗိုလ်ချုပ်ကြီးများနှင့် ထိပ်တန်းအရာရှိကြီးများ အနေဖြင့် မြို့ပြ ကျေးရွာ အုပ်ချုပ်ရေး ကျွမ်းကျင်သူများ၊ ယဉ်ကျေး မှုဆိုင်ရာ သံတမန်များနှင့် လူထုပရိသတ် ကို ဆွဲဆောင်နိုင်စွမ်းသော
ဝါဒဖြန့်ချိရေးကျွမ်းကျင်သူများနှင့် နိုင်ငံရေးသမားကောင်းများပါ တစ်ပြိုင်နက်တည်းဖြစ်ရန်လိုအပ်ပေသည်။ အကြောင်းမူကား ၎င်းတို့ အနေဖြင့် စစ်ဒေသတွင်း မဟာမိတ်နိုင်ငံများ၏မြို့တော်များနှင့် မိမိ၏ဌာနေတို့မှ မြောက်မြားစွာ သော မစ်ရှင်အဖွဲ့များ၊ ဘယ်ညာယိမ်း သော အုပ်စုအသီးသီးနှင့် ဆက်ဆံဆောင်ရွက် ရသောကြောင့်ဖြစ်သည်။
များမကြာမီက အများလေးစားသည့် ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးနှစ်ဦး မိမိတို့တာဝန်မှ ဖယ်ရှားခြင်းခံရသည့်အဖြစ်အပျက်က အဆိုပါ အဖွဲ့အစည်းနှင့် အုပ်စုအသီးသီးတို့၏ တိုးတက်များပြား လာသော ရိုက်ခတ်မှုများကို ပိုမို၍ ပေါ်လွင်ထင်ရှားစေပေသည်။ ယင်း အဖြစ် အပျက်များက စစ်ဘက်အာဏာ ပိုင်များအား၎င်းတို့၏ ထိပ်တန်းအရာရှိ များကို ပညာသင်ကြားမှုနည်းလမ်းနှင့် ရာထူးတိုးမြှင့်မှုဆိုင်ရာ အခြေခံအတွေး အခေါ်များကို အသစ်ပြုပြင်ပြောင်းလဲ ပစ်ရန် တွန်းအားပေးခဲ့သည်။
အာဖဂန်နစ္စတန်မှ ၀ါရင့်ခေါင်းဆောင် ဖြစ်သူ ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီးယပ်စ်က " ယခုခေတ် ဗိုလ်ချုပ်ကြီးတွေ ဟာ အားကစား နည်းငါးမျိုးကို ကျွမ်းကျင်တဲ့ "pentathlete" အားကစား သမား ကျော်တွေလို ဘက်စုံ ကျွမ်းကျင်သူတွေ ဖြစ်ရပါမယ်"ဟု မှတ်ချက်ချ ပြောကြားခဲ့သည်။ အီရတ်နှင့်အာဖဂန်စစ်ပွဲများက သက်သေပြချက်များ အရ စစ်ဦးစီး တစ်ဦးသည် သူ့ဦးနှောက်နှင့် အသိဉာဏ် အား နိုင်ငံတကာမဟာမိတ်အုပ်စုများ၏ သဘောတူညီချက်များ၊ စစ်ဒေသတွင်း ပီပြင်ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့်လူမျိုးစုအုပ်ချုပ်မှု များကြားနိုင်ငံရေးကစားမှုများ၏ သိမ်မွေ့သော အရိပ်အကဲများကို ရိပ်မိသိရှိရန်ဆွဲဆန့်ရမည်ဖြစ်သောကြောင့် စစ်ဘက် တာဝန်ခံများ က ၎င်းတို့၏သင်တန်းအဆင် အပြင်များနှင့် စစ်ဘက်သင်ရိုးညွှန်းတမ်းများကို အသစ်ပြန်လည်ပြုပြင်ခဲ့ရသည်။
ယခုခေတ်သစ်၏ စစ်ဦးစီးမှူးတစ်ဦး ရင်ဆိုင်ရသည့် စိန်ခေါ်မှုအသစ်များနှင့် ပတ်သက်သည့် အတိမ်အနက်ကို ခန့်မှန်းချိန်ဆနိုင်သော အနေအထားမျိုးကို အာဖဂန်နစ္စတန်ရှိ ဗိုလ်ချုပ်ကြီး စတန်လေမက်ခရစ္စတယ်နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရသော ဗိုလ်ချုပ်ကြီး ပက်ထရီးယပ်စ်လောက် ရရှိနိုင်သူ ရှားပါးပေလိမ့်မည်။ ၎င်း၏ အာဖဂန်ရှိ ဌာနချုပ်မှတစ်ဆင့် တယ်လီဖုန်းဖြင့် အင်တာဗျူးတစ်ခုအား ဖြေကြားရာတွင် ဗိုလ်ချုပ်ကြီးပက်ထရီးယပ်စ်က "ပုန်ကန် ထကြွမှုအားဆန့်ကျင်တိုက်ခိုက်ရေးနှင့် ညွန့်ပေါင်းတပ်ဖွဲ့၏ စစ်ဆင်ရေးတို့ ကတောင်းဆိုသော ထာဝစဉ်အခြေအနေ ပြောင်းလဲနေသည့်လိုအပ်ချက်များက နက်နဲခက်ခဲသော စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ပေါ်ထွက်လာစေသည်"ဟု ပြောကြားလိုက်သည်။
အဆိုပါ ခက်ခဲနက်နဲသော အလုပ်တာဝန်များကို ၎င်းတို့ကို တစ်နေ့တွင် ၂၄ နာရီပတ်လုံး အနီးကပ်၍ အသေးစိတ်ကြည့်ရှုလေ့လာနေ သော သတင်း ဌာနများ၏ မျက်စိအောက်တွင် ထမ်း ရွက်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ၀န်ခံပြောကြားသည်။
ဝေဖန်ဆန်းစစ်သူများအနေဖြင့်မူ သမိုင်းပညာရှင်များအနေဖြင့် အာဖဂန် နစ္စတန်သည် ၎င်းတို့အားဆန့်ကျင် စစ်ပြုခဲ့သည့် အင်ပါယာ နိုင်ငံကြီးများ ဖုတ်ကြည်းသင်္ဂြိုဟ်ရာ သုသာန်တစပြင် ကြီးဖြစ်ခဲ့ကြောင်း ညည်းတွားပြောဆိုခဲ့ ခြင်းသည် တစ်စိတ်တစ်ဒေသအားဖြင့် သာမှန်ကန်မည်လောဟုသိလိုစိတ်ပြင်းပြလျက်ရှိကြသည့်နည်းတူ အမေရိကန်စစ်ဘက်အာဏာပိုင်များအတွက်အာဖဂန်နစ္စတန်သည် ဗိုလ်ချုပ်ကြီးများ၏ ရာထူးရာခံများကို ဖုတ်ကြည်း သင်္ဂြိုဟ်ရာ သုသာန်တစပြင်ကြီးလည်း ဖြစ်လာဖွယ်ရှိမရှိ သိလိုစိတ်ပြင်းပြ လျက်ရှိ ပေသည်။ ယင်းသို့ ပြောဆိုခြင်း အားဖြင့် ယခင်အတိတ်က ဗိုလ်ချုပ်ကြီး များ၏ လုပ်ငန်း တာဝန်များသည် အာဖဂန်စစ်ပွဲ တာဝန်များ လောက် ခက်ခဲခြင်းမရှိဟုဆိုလိုခြင်း မဟုတ်ပေ။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းကဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါ ဥရောပစစ်မျက်နှာ၏ ကွန်မန်ဒိုဘ၀တွင်၎င်းအနေဖြင့် မဟာမိတ်နိုင်ငံ များ၏ နိုင်ငံ ရေးပြဿနာများကိုပါ ကိုင်တွယ်ဖြေ ရှင်းရသည့်ပြင် ၎င်းလက်အောက် အရာရှိကြီးများ၏ ကြီးမားသော အတ္တကိုပါ ထိန်း ကျောင်းခဲ့ရသည်။
သို့သော် အမျိုးသားလုံခြုံရေးကောင်စီနှင့် နိုင်ငံခြားရေးနှင့်ကာကွယ်ရေးဌာနများတွင် ပေါ်လစီရေးရာတာဝန်ကြီးများကို ထမ်းဆောင် နေသူအမျိုးသမီးအရာရှိကြီး ကိုရီရှိတ်ကမူ ထိုစဉ်ကအိုက်၏အလုပ်တာဝန်မှာ ပိုမိုရှင်းလင်းပြတ်သားမှုရှိကြောင်းနှင့် ၎င်းအား ဥရောပ တိုက်ကို ၀င်ရောက်သိမ်းပိုက်ရန်နှင့် ဂျာမနီကို အနိုင်တိုက်ရန်တာဝန်ပေးခဲ့ခြင်းသာ ဖြစ်ကြောင်းပြောကြားလိုက်သည်။