
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မက္ကဆီကို လူသတ်မြို့တော်တွင် လူ ၁၄ ဦးအသတ်ခံရ
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
ဆူဒက်ဇွာရက်ဇ်-မက္ကဆီကို၏ လူသတ်မှုဖြစ်ပွားလေ့ရှိသော မြို့တော် ဆူဒက်ဇွာ ရက်ဇ်တွင် ဩဂုတ်လ ၁၅ ရက်နေ့က လူ ၁၄ ဦးသေ ဆုံးခဲ့ကြောင်းသိရသည်။ ၎င်းတို့မှာအိမ်နှစ်အိမ်၌ ပါတီပွဲကျင်းပနေသူများဖြစ်ကြောင်း ချီဟွာဟွာပြည်နယ်အာဏာပိုင်များကပြောကြား သည်။
၎င်းတို့ထဲမှ တိုက်ခိုက်မှု တစ်ခုမှာ ဆူဒက်ဇွာရက်ဇ်မြို့ ရေကူးကန် တစ်ကန်၌ပါတီပွဲ ကျင်းပ နေစဉ် သေနတ်သမားများက ပစ်ခတ်၍ အမျိုးသမီးသုံးဦးနှင့် အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး ကျန်အမျိုးသမီးငါးဦးမှာလည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
၎င်းတို့ အားလုံးမှာ ရေကူးဝတ်စုံများ ၀တ်ဆင်ထားကြောင်း အစိုးရ ရှေ့နေ ရုံးအကြီးအကဲက ဖော်ပြသည်။ ၎င်း တိုက်ခိုက်မှုအတွက် သံသယရှိသူနှစ်ဦးကို နောက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ၎င်းကဖော်ပြသည်။
နောက်တိုက်ခိုက်မှုတစ်ခုတွင် ကိုယ်ပိုင်အိမ်တစ်အိမ်၌ မနက်အရုဏ်မတက်မီ သေနတ်သမားများက ပါတီပွဲတက်ရောက်နေသူများကို ပစ်ခတ်ခဲ့၍ လူခြောက်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ပြင်တက္ကဆက်စ်ပြည်နယ်အယ်ပါစိုမြို့နှင့်နယ်စပ်ဖြစ်သောဆူဒက်ဇွာရက်ဇ်မြို့တစ်နေရာတွင်လည်းအမျိုးသားလေးဦး၏ အလောင်း များကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း၊ ၎င်းတို့မှာ နှိပ်စက်ညှဉ်းပန်းခံထားရသည့်လက္ခဏာများ တွေ့ရပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာများ တွေ့ရကြောင်း သိရှိရသည်။ ၎င်းတို့ထဲမှ တစ်ဦး မှာ ဂျင်မီနက်ဇ်မြို့နယ် အရာရှိတစ်ဦးဖြစ်ကြောင်းသိရသည်။
ဆူဒက်ဇွာရက်ဇ်မြို့တော်သည် မက္ကဆီကို၏ အကြမ်းဖက် တိုက်ခိုက်မှု အများဆုံး မြို့တော်ဖြစ်ပြီး မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများက အမေရိကန်သို့ မူးယစ်ဆေး မှောင်ခိုသွင်းရန် နေ့စဉ် တိုက်ခိုက်မှုများဖြစ်ပေါ်နေသောမြို့ဖြစ်သည်။
ယခုနှစ်အတွင်း ဩဂုတ်လအထိ ဆူဒက်ဇာရက်ဇ်တွင် လူသတ်မှု ၁,၈၅၃ မှု ဖြစ်ပွားခဲ့ပြီး ၎င်းမှာ ပြီးခဲ့သောနှစ်အတွင်း ဩဂုတ်လအထိ ဖြစ်ပွားခဲ့သောလူသတ်မှု ၁,၂၈၅ မှုမှ ၄၅ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း အေအက်ဖ်ပီက တရားဝင်သတင်းများကိုအခြေခံ၍ တွက် ချက်မှုအရသိရသည်။
၂၀၀၉ ခုနှစ်တစ်နှစ်လုံးတွင် ဆူဒက်ဇွာရက်ဇ်၌ လူသတ်မှု ၂,၆၆၀ ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးတွင် အမြင့်မားဆုံးဖြစ်သည်။