Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

နေတိုးအဖွဲ့၏ ဆိုက်ဘာကျွမ်းကျင်ပညာရှင်များ အနာဂတ် ဆိုက်ဘာစစ်ပွဲများအတွက် အဆင့်မြင့်လုံခြုံရေး ပြင်ဆင်

(အေအက်ဖ်ပီ)
ရဲလင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

တာလင်း - မြောက်အတ္တလန္တိတ် စာချုပ်နိုင်ငံများအဖွဲ့ (နေတိုး) ရဲ့ ထိပ်တန်းဆိုက်ဘာကျွမ်းကျင်ပညာရှင်များက အက်စတိုးနီးယား နိုင်ငံရှိ သူတို့ရဲ့အဆင့်မြင့်လုံခြုံရေး ယူထားတဲ့ ဆိုက်ဘာ လက်တွေ့စမ်းသပ်ခန်းမှာ အင်တာနက်ကိုအားထားနေတဲ့ ယနေ့ကမ္ဘာကြီး မှာ ဖြစ်လာနိုင်တဲ့ ဆိုက်ဘာဆိုင်ရာ ပဋိပက္ခများအတွက် ကြိုတင် ပြင်ဆင်နေကြပါတယ်။

အဏုမြူ ဓာတ်ပေါင်းဖို မတော်တဆ ပျော်ကျတဲ့ ရုပ်ရှင်ရိုက်ပြမှုကို မဖြစ်နိုင် ဘူးလို့ ငြင်းဆိုပြောကြားတဲ့ ကျွမ်းကျင် ပညာရှင်တွေက အနာဂတ်မှာဆိုက်ဘာဆိုင်ရာစစ်ပွဲတွေကတော့ ဖြစ်နိုင်ခြေများကြောင်း သတိပေးပြောနေကြတယ်။ အက်စတိုးနီးယားနိုင်ငံမြို့တော် ဖြစ်တဲ့တာလင်းကိုအဆင့်မြင့်နည်းပညာရပ်နဲ့ဆိုင်တဲ့ လုပ်ငန်းအများအပြားတည်ရှိရာ မြို့တစ်မြို့ဖြစ်တဲ့အတွက်E-Stoniaလို့ အမည် တပ်ပေး ထားတယ်။ ဒီပူးပေါင်း ဆိုက်ဘာ ကာကွယ်ရေး အဆင့်မြင့်စင်တာမှာ ဆိုက်ဘာ ပညာရပ် နဲ့ပတ်သက်တဲ့ အဆင့်မြင့် ယူနစ် အဖွဲ့ တစ်ဖွဲ့ရှိတဲ့မြို့လည်းဖြစ်တယ်။

ဆိုက်ဘာကမ္ဘာ အပြင်ဘက်က ကြည့်ရင် သိပံ္ပဇာတ်လမ်းများဆန်ဆန် အတွေးအခေါ်တွေနဲ့ ပြင်ဆင်ထားတယ်လို့လည်း ပြောလို့ရပါ တယ်ဆိုတာကို ၎င်းဆိုက်ဘာအဖွဲ့ကို ဦးစီးဦးဆောင်ပြုနေတဲ့ ဗိုလ်မှူးကြီးအီလ်မာတမ်က ပြောပါတယ်။

၁၉၀၅ ခုနှစ် ကြေးနန်းခေတ်နဲ့ စာပို့ ခိုများကို အများအပြားအသုံးပြုခဲ့တဲ့ နှစ်တွေတုန်းက စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးကျွမ်းကျင် ပညာရှင်တွေ ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့တဲ့ အဆောက် အအုံနေရာကို ကျွန်တော်တို့ယခုအခြေ စိုက်ပါတယ်လို့ ဗိုလ်မှူးကြီး တမ်က ဆက်လက်ပြောပါတယ်။

ဒီစင်တာမှာရှိနေတဲ့ ဒါဇင်များစွာသော ကျွမ်းကျင်ပညာရှင်များက မြေကြီး၊ သမုဒ္ဒရာ၊ လေထုနဲ့အာကာသ ပြီးရင် ပဉ္စမမြောက်စစ်မြေ ပြင်ဖြစ်လာနိုင်တဲ့၊ ဆိုက်ဘာပေါ်မှာဖြစ်လာနိုင်တဲ့ စစ်ပွဲတွေနဲ့ ကြိုတင်တွက်ဆလို့ရတဲ့ ရန်သူတွေကို ကြိုတင်ကာကွယ်မှုတွေ စီစဉ်ပြု လုပ်နေကြတယ်။ နိုင်ငံအများစု က ဆိုက်ဘာကို လက်နက် အဖြစ် အသုံးပြုလာ နိုင်တယ်လို့ အသိတရား များ ၀င်လာကြတဲ့အတွက် ကြိုတင်ပြင် ဆင်နေကြပြီလို့ သိရတယ်။

ကျွန်တော့အနေနဲ့ သမားရိုးကျစစ်ပွဲ တွေ ပျောက်ကွယ်သွားမယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ သမားရိုးကျစစ်ပွဲနဲ့ဆိုက်ဘာစစ်ပွဲနှစ်ခုတို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကို မခံရဖို့ ပြင်ဆင်သင့်ပါတယ်လို့ တမ်က ပြောပါတယ်။

၂၀၀၄ ခုနှစ်ကတည်းကနေတိုးအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ အက်စတိုးနီးယားဟာ ကမ္ဘာပေါ်မှာဆိုက်ဘာနဲ့ပတ်သက်ပြီး ရှေ့ဆုံးမှာပြေးတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်သလိုဆိုက်ဘာတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးခါးသီးတဲ့အတွေ့အကြုံတစ်ခုရရှိဖူးပါတယ်။ ၂၀၀၇ ခုနှစ်ကလူဦးရေ ၁ ဒသမ
၃သန်းသာရှိတဲ့ ဒီနိုင်ငံလေးရဲ့ လုပ်ငန်းတွေ၊ အစိုးရ ၀က်ဘ်ဆိုက်ကိုအခြေခံပြီးဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းတွေ အားလုံး ရက် ပေါင်းများစွာ ပြင်းထန်စွာတိုက်ခိုက်ခံခဲ့ရတယ်။

ဒီအတွက်ကြောင့် ခေတ်သစ်တစ်ခုကိုတွန်းပို့ပေးလိုက်သလိုဖြစ်ခဲ့ရပါတယ်လို့ ကာကွယ်ရေးဝန်ကြီး ဂျက်အေဗစ်ဆူးက အေအက်ဖ်ပီ ကို ပြောပြသွားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဆိုက်ဘာဒုစရိုက်မှုဟာ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့အထိ စိုးရိမ်ရတယ် ဆိုတာ လူအများက သတိမူလာကြပါတယ်။

တာလင်းမြို့ လယ်မှ အငြင်းပွားနေ တဲ့ ဆိုဗီယက်ခေတ် စစ်အထိမ်းအမှတ် ကျောက်တိုင်တစ်ခုကို စစ်သင်္ချိုင်းတစ်ခု ဆီသို့ အက်စတိုး နီးယား အာဏာပိုင် များက ပြောင်းရွှေ့ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အခုလို တိုက်ခိုက်ခံခဲ့ရတာပါ။

ဒုတိယကမ္ဘာစစ် အပြီး ဆိုဗီယက် အုပ်ချုပ်စဉ်က စိုက်ထူခဲ့တဲ့ ဒီကျောက်တိုင်ကို ရွှေ့လိုက်ခြင်း ဟာ ၁၉၉၁ ခုနှစ် လွတ်လပ်ရေး ရပြီး နောက်အက်စတိုးနီးယားလူမျိုးစုနဲ့ ရုရှားလူနည်းစုတို့ရဲ့ အတိတ်မှအငြင်းပွားမှုတွေကို ပြန် လည်ဖော်ထုတ်ပေးသလို ဖြစ်ခဲ့ရပါတယ်။ ကျောက်တိုင်ကို ရွှေ့လိုက်တာ နဲ့ တာလင်းတစ်မြို့လုံး အဓိကရုဏ်းများဖြစ်ပွားခဲ့တယ်။ ရုရှားက ဒီပဋိပက္ခ ကို ဆွပေးခဲ့တယ်လို့ အက်စတိုးနီးယားက အပြစ်တင်ခဲ့ပြီး ဆိုက်ဘာတိုက်ခံမှုများကို မော်စကိုရှိ အစိုးရဌာနများမှ လာကြောင်း စွပ်စွဲခဲ့ပါတယ်။ အက်စတိုး နီးယားနဲ့ ဆက်ဆံရေးမတည်ငြိမ်တဲ့ ရုရှားက ဒီကိစ္စနဲ့ပါဝင်ပတ်သက်မှုကို ငြင်းဆိုခဲ့တယ်။

ဒါပေမယ့် ဆိုက်ဘာတိုက်ခိုက်မှု တစ်ခုတည်းလည်းလာနိုင်သလို စုပေါင်း တိုက်ခိုက်မှုမျိုးလည်း ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ကပြောသွားပါတယ်။ ဥပမာပေးရရင် ၂၀၀၈ခုနှစ်က ရုရှားနဲ့ယခင်ဆိုဗီယက် ဂျော်ဂျီယာတို့စစ်ဖြစ်ခဲ့စဉ်က ရုရှားတပ်ဖွဲ့တွေ ၀င်ရောက် လာချိန်မှာ ဂျော်ဂျီယာ ၀က်ဘ်ဆိုက်တွေကို့ hacker တွေက တစ်ချိန် တည်း တိုက်ခိုက်ခဲ့တာတွေ့ခဲ့ရပါတယ်။

ဆိုက်ဘာလုံခြုံရေး၊ဆိုက်ဘာကာကွယ်ရေးနဲ့ ဆိုက်ဘာကျူးကျော်တိုက်ခိုက်မှုတွေဟာ ဆက်လက်ဖြစ်နေမှာ ဖြစ်တယ်။ ဒါဟာလက်ခံ ရတော့မယ့် ဖြစ်စဉ်တစ်ခုဖြစ်နေပြီလို့ အေဗစ်ဆူးက ပြောပါတယ်။

ယခုလမှ ရရှိတဲ့ အစီရင်ခံစာတစ်ခု အရ တရုတ်အခြေစိုက် ကွန်ရက်တစ်ခု က အိန္ဒိယစစ်ဘက်ဆိုင်ရာ လျှို့ဝှက် ချက်တွေကို ခိုးယူခဲ့ ကြောင်း ကနေဒါ မှ သုတေသီတွေက ပြောသွားတယ်။ ကမ္ဘာအနှံ့ရှိ ကွန်ပျူတာများကိုလည့်း ခေု လုပ်သွားခဲ့ပါတယ်။

တိုရန်တိုတက္ကသိုလ်မှ ပညာရှင်အဖွဲ့ က ဆာဗာတွေ တိုက်ခိုက်မှုကို ခြေရာခံ လိုက်တဲ့အခါ တရုတ်နိုင်ငံ ချန်ဒူးမှလာကြောင်း တွေ့ရှိ ခဲ့ရတယ်။ ဒါပေမယ့် တရားခံဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်ခဲ့ပေ။ ချန်ဒူးမှာ တရုတ်စစ်ဘက် ဆက်သွယ်ရေးဆိုင်ရာ ထောက် လှမ်းရေး အဖွဲ့တွေ အခြေစိုက်ထားပါတယ်။

ဒါပေမယ့်တရုတ်အစိုးရအနေနဲ့ အခုလိုလုပ်ဖို့ ရည်ရွယ်ချက်မရှိကြောင်း နဲ့ ဘာသက်သေမှပြစရာလည်း မရှိကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ယူက ပြောပြပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုကို ဘယ်သူဘယ်ဝါက လုပ်ဆောင်ခဲ့တယ်ဆိုတာကို တရားဝင်ဖော်ပြဖို့ မဖြစ်နိုင်လောက်တဲ့ အခြေအနေထိရှိတဲ့ အတွက် နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံအမှန်တကယ် အင်တာနက်ပေါ်မှာ ဆိုက်ဘာစစ်ခင်းကျင်းပတာကို မြင်တွေ့ရဖို့ ကျွန်တော့အနေနဲ့ မယုံကြည်ဘူးလို့ လန်ဒန်ရှိ Chatham House ရဲ့ အကြံပေးအဖွဲ့မှ ရက်စ်ဟုခ်ျက ပြောသွားပါတယ်။

ဆိုက်ဘာပုလဲဆိပ်ကမ်း၊ ၉/၁၁ တို့ လို ဖြစ်နိုင်တဲ့အလားအလာ ရှိမရှိကို စောင့်ကြည့်ရဦးမယ်လို့ ရက်စ်က ပြောသွားပါတယ်။