
၂၀၁၁ စီးပွားရေးကဏ္ဍ အပြောင်းအလဲများ
အကြီးတန်းသတင်းထောက်
အတွဲ ၂၈ ၊ အမှတ် ၅၅၀ ( ၃၀ ၊ ၁၂ ၊ ၂၀၁၁ - ၅ ၊ ၁ ၊ ၂၀၁၂)
၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သမ္မတအသစ်ရရှိခဲ့တဲ့အချိန်က စပြီး အပြောင်းအလဲများစွာ ကြုံတွေ့လာ ခဲ့ရပါတယ်။ ယင်း အပြောင်းအလဲတွေ အထဲမှာတော့ စီးပွားရေးကဏ္ဍအတွင်းမှာ များများစားစားရှိနေတာကို တွေ့ရ ပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်း လောက်ကစပြီး စွမ်းအင်ကဏ္ဍအတွင်း ကြည့်မယ်ဆိုရင် ကုန်းတွင်းရေနံမြေတွေမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ သိုက်တွေကို ရှာဖွေ တွေ့ရှိလာခဲ့ပါတယ်။
အမှိုက်၊ သစ်ရွက် မီးမရှို့ကြပါနဲ့
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)
"စောစောအိပ်လို့ .. စောစောထလို့ ..စောစောလမ်းလျှောက်ကြပါစို့.." နှိုးဆော်သံ အသံချဲ့စက်တင်ကားက မနက် ၄ နာရီကျော်တာနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် လိုက်အော်သည်။ အိပ်ရာကနိုးပေမယ့် အပြင်မှာ မည်းမှောင်နေသည်။ အလင်းရောင်ပျပျက မနက် ၅ နာရီခွဲကျော်မှ လာသည့် ဒီဇင်ဘာလ။ ပြန်အိပ်နေလိုက်ပြီး ၅ နာရီကျော်တော့ အိပ်ရာထ၊ မျက်နှာသစ်၊ သန့်ရှင်းပြီး အိမ်အပြင်သို့ ထွက်လိုက်သည်။
မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)
ကျွန်တော်သည် ဆရာဝန်တစ်ဦးဖြစ်ပါသည်။ အစိုးရနှင့် တိုက်ရိုက်ပတ်သက်မှု မရှိပါ။ တစ်ပါတီပဲဖြစ်ဖြစ်၊ ပါတီစုံပဲဖြစ် ဖြစ် ကျွန်တော် သမ္မတလည်းမဖြစ်နိုင်၊ ၀န်ကြီးလည်းမဖြစ်နိုင်ပါ။ ကျွန်တော်၏ အလုပ်မှာ ဆေးကုသရန်သာ ဖြစ်ပါသည်။ ယခု တိုင်းပြည်မျက်နှာ တစ်ခုတည်းကိုသာ ကြည့်၍ ဘယ်သူ့ဘက်မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြလိုပါသည်။ ကျွန်တော်၏ စစ်မှန်သော စေတနာကို ပြည်သူများ နားလည် နိုင်ကြပါစေ။ လက်ရှိအစိုးရသည် အားနည်းချက် ပေါင်းများစွာ ရှိခဲ့ကြောင်း မည်သူမျှ မငြင်းနိုင်ပါ။
အာဆီယံထိပ်သီးညီလာခံအတွက် အဆင်သင့်ဖြစ်နေပြီလား
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)
မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၏ ထိပ်သီးအစည်း အဝေးများ လက်ခံ ကျင်းပပေးမည့် အိမ်ရှင်နိုင်ငံဖြစ်လာဖို့ အများသဘော
ဆန္ဒ ရရှိပြီးနောက် နှစ်နှစ်တာကာလအတွင်း အခြားအာဆီယံအသင်းဝင် နိုင်ငံများကဲ့သို့ ကြိုတင်ပြင်ဆင်
ပြောင်းလဲမှုများ ပြုလုပ်လာရတော့မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ဤမှစ၍ ဤတွင်ဆုံးသည်
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)
ကမာရွတ်မြို့နယ် ပြည်လမ်းနှင့် မြကန်သာလမ်းထောင့်တစ်ဝိုက် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူတွေရှိသည်ဆိုသည့် သတင်း ကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းနှိမ်နင်းရေးအဖွဲ့က ၃-၇-၂၀၁၁ နေ့ ညနေ ၅ နာရီခွဲလောက်မှာ ၀င်ရောက်ဖမ်းဆီး ကြသည်။
အမျိုးသားစည်းကမ်းအစက ခေါင်းလောင်းသံ
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)
တရုတ်ပြည်မှ ပင့်ဆောင်ပူဇော်ခံသည့် ဗုဒ္ဓမြတ်စွယ်တော်သည် ဒီဇင်ဘာလ ၈ ရက်နေ့က မန္တလေးမြို့သို့ ရောက်ရှိလာသည်။ မန္တလေးမြို့သို့ ရောက်ရှိလာသည့် စွယ်တော်မြတ်ကို ကြိုဆိုဖူးမြော်ရန် စွယ်တော်မြတ် ပင့်ဆောင်လာမည့် လမ်းတစ်လျှောက်တွင် ကြိုတင်နေရာ ယူကာ စောင့်ဆိုင်းနေကြသည်။
ပွဲတော်များထဲက တစ်ပွဲ၊ စာမေးပွဲ
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)
ဗုဒ္ဓဘာသာဝင်အများစု မှီတင်းနေထိုင် ကြသော မြန်မာနိုင်ငံတော်တွင် ၁၂ လ ရာသီပွဲတော်များရှိရာ နယုန်လ၏ပွဲတော်မှာ စာပြန်ပွဲ ဖြစ်ပါသည်။ ရှေး မြန်မာမင်းများလက်ထက်ကတည်းက ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ စာပြန်ပွဲ ကျင်းပသောလသည် နယုန်လ ဖြစ်ပါသည်။
ဟင်..အဲလိုကြီးလား
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)
ကျွန်တော် ဒီလိုအဖြစ်အပျက် ကြုံရတာကို တော်တော်အံ့ဩမိတယ်။ ကူးစက်ရောဂါမျိုး ဖြစ်တယ်ဆိုတာက တားမြစ် လို့ရဦးမယ်၊ အခုလို မြန်မာ့လူ့ အဖွဲ့ အစည်းရဲ့ ကုတင်ခြေရင်းကို အလွယ်တကူရောက်လာတဲ့ မဖွယ်မရာ ဇာတ်ကားတွေကို အများသူငါလာ ထိုင်ကြတဲ့ လက်ဖက်ရည်ဆိုင်မှာ စီးပွားရေးကြောင့် ဖွင့်ပြထားရပါတယ်ဆိုတာမျိုးက တွေးကြည့်ရင်တော်တော် ကြောက်စရာ ကောင်းနေပါတယ်"လို့ ရွှေအမြုတေ စာပေဆုရထားတဲ့ ဆရာ ဇော်ခိုင်ဦးက စိတ်မသက်မသာနဲ့ ပြောပါရဲ့။
တံစိုးလက်ဆောင်
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)
လက်ရှိအနိမ့်ဆုံးလစာက ကျပ် ၅၀,၀၀၀ မပြည့်ပါ၊ သာသာထိုးထိုး ၅၀,၀၀၀ လို့ ထားကြရအောင်။ ထမင်းက တစ်ခါပြင် ၅၀၀၊ ချက်စားရင် ဒါထက်ပိုကုန်ပါတယ်။ ကဲပါလေ အ၀စားလို့ ပြောကြည့်ပါ။ တစ်လ နပ် ၆၀။ သုံးသောင်းကုန်ပြီ။ လမ်းစရိတ်က တစ်နေ့ ၂၀၀ ထား (တကယ်တော့ မရပါ)။ အလုပ်ဆင်းရက် ၂၂ ရက်၊ ၄,၄၀၀။ ဆင်ခြေဖုံးဒေသ ရေဖိုး စည်တစ်ဝက် ၅၀၊ ရက် ၃၀ မှာ ၁,၅၀၀။ မီးမရှိ မီးပျက် ဖယောင်းတိုင်ဖိုး (မီတာခဆိုပါစို့) ၂,၀၀၀ (ဒါထက်များပါမယ်)။
ဘယ်ချ၊ ညာချ
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)
လူသည် ခွဲခြားဆက်ဆံတတ်သော သတ္တ၀ါမျိုးဖြစ်သည်။ ကျားနှင့်မဟူ၍ လိင်ခွဲခြားဆက်ဆံသည်။ အဖြူ၊ အမည်း ဟူ၍ အသား အရောင် ခွဲခြားဆက်ဆံသည်။ အဖြူက အမည်းကို ခွဲခြား ဆက်ဆံရုံမက အ၀ါ အ၀ါချင်းပင် ခွဲခြား ဆက်ဆံလေသည်။ အခွင့်အာဏာ ရှိသူက အခွင့်အာဏာမဲ့သူကို ခွဲခြားဆက်ဆံသည်။ လူသည် အခြားခွဲခြားဆက်ဆံစရာ မရှိတော့သည့်အခါ မိမိ၏ခန္ဓာ ကိုယ် အစိတ် အပိုင်းကို ခွဲခြားဆက်ဆံ ပြန်တော့သည်။
စိန်ခေါ်မှုတွေရှိနေဆဲ ကမ္ဘောဒီးယားနိုင်ငံ သတင်းစာလောက
အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ - ၂၄ ၊ ၁၁ ၊ ၂၀၁၁)
ဝါရှင်တန်အခြေစိုက် Watchdog Freedom House ကနေ ထုတ်ပြန် လိုက်တဲ့ ၂၀၁၁ ခုနှစ် စစ်တမ်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှာ ၁၄၁ အနေနဲ့ မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းလိုမျိုး အရှေ့တောင် အာရှနိုင်ငံတွေရဲ့ရှေ့မှာ ရပ်တည်ခဲ့ပြီး အင်္ဂလိပ်နှင့် ခမာဘာသာတွေနဲ့ ထုတ်ဝေနေတဲ့ နေ့စဉ် သတင်းစာတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအလယ်မှာ ၀င့်ကြွားနေပေမယ့် အစိုးရဆီကနေ သတင်းအချက် အလက်တွေ ရရှိရေးဟာ သတင်းထောက်တွေအတွက် ကြီးမားတဲ့ အခက်အခဲ တစ်ရပ်အဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဦးသန့် ကျမ်းသစ္စာဆိုခဲ့သည့်နေ့မှ နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီ
အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ - ၁၇ ၊ ၁၁ ၊ ၂၀၁၁)
ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်တင်ခဲ့သူ၊ မြန်မာတစ်ဦးအဖြစ် ကမ္ဘာ့ရေးရာ အထွေထွေကိစ္စတွေမှာ အဓိကနေရာက တာဝန်ထမ်းဆောင်ခဲ့သူ တတိယမြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်၊ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့ ကုလသမဂ္ဂ ဗဟိုဌာန ချုပ်ကြီးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖို့ ကျမ်းသစ္စာဆိုခဲ့တဲ့နေ့ဟာ နိုဝင်ဘာလ ၃ ရက်နေ့က နှစ် ၅၀ ပြည့်မြောက်ခဲ့ပါပြီ။
ဘ၀မာလိန်မှူး
အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ - ၁၇ ၊ ၁၁ ၊ ၂၀၁၁)
မိုးအကုန် ဆောင်းကူးလာတဲ့အခါ ရန်ကုန်မြို့ နေရာအနှံ့မှာ ကျန်းမာရေး အားကစား လှုပ်ရှားမှုနဲ့အတူ လမ်းလျှောက်သူအများအပြား ကို တွေ့ရပါ လိမ့်မယ်။ ကန်တော်ကြီး ပန်းကန်လုံးကျွန်း။ လွတ်တော်ဟောင်းအရှေ့ ရင်ပြင်ကျယ်၊ မြို့တော်ခန်းမအရှေ့ မဟာ ဗန္ဓုလပန်းခြံအတွင်းနဲ့ ဗိုလ်တထောင် ကမ်းနားလမ်းတွေမှာ ကျန်းမာရေး အားကစားလှုပ်ရှားသူတွေနဲ့ လမ်းလျှောက်သူတွေဟာ ပျားပန်းခပ်သလို စည်ကားနေတာပဲ။
အမျိုးသားခေါင်းဆောင်ကြီး၏ မြေးနှစ်ယောက်
အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ - ၁၀ ၊ ၁၁ ၊ ၂၀၁၁)
ကျွန်တော်တို့အစ်မမှာ သားနှစ်ယောက် ရှိပါတယ်။ သားအကြီးက မောင်မြင့်ဆန်းအောင်(ခ) ALEXANDER နဲ့ သား အငယ်က မောင်ထိန်လင်း(ခ) KIM တို့ ဖြစ်ပါတယ်။ မောင်မြင့်ဆန်းအောင် ကို ၁၂-၄-၁၉၇၃ ခုနှစ်၊ ကြာသပတေးနေ့မှာ မွေးဖွားပါတယ်။ မောင်ထိန်လင်းကိုတော့ ၂၄-၉-၁၉၇၇ ခုနစ်၊ စနေနေ့မှာ မွေးဖွား ပါတယ်။ လွန်ခဲ့သော ၂၃ နှစ် အထိကတော့ သားနှစ်ယောက်ကို ရင်အုပ်မကွာ ထားရှိခဲ့ပါတယ်။
ပြည်သူကို ကိုယ်စားပြုသည့် အသံ
အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ - ၁၀ ၊ ၁၁ ၊ ၂၀၁၁)
"ဒီလူငယ်တွေလိုသာ ကြိုးစားလုပ်ကိုင်ကြရင်၊ ဒါမှမဟုတ် သူတို့လုပ်ငန်းကို အစိုးရကသာ အားပေးမယ်ဆိုရင် တိုင်းပြည်စီးပွားရေး ကောင်းမှာဗျ။ ရေအားလျှပ်စစ်တွေ ဘာတွေတောင် လုပ်စရာမလိုတော့ဘူးပေါ့" .....
ကောင်းမှုတော်နှင့် စိန့်ပီတာစ်ဘာ့ဂ်
အတွဲ ၂၇ ၊ အမှတ် ၅၄၁ ( ၂၈၊၁၀ - ၄၊၁၁ ၊ ၂၀၁၁)
"တစ်နှစ်တစ်ခါ ထုံးသင်္ကန်းကပ်ရတဲ့စရိတ် သက်သာအောင်လို့နဲ့ တူပါတယ် ဆရာရယ်၊ တကယ် ဆိုရင် ကောင်းမှုတော်လို့ ပြောလိုက်တာနဲ့ ဖြူဖွေးနေတဲ့ ထုံးသင်္ကန်းနဲ့ အင်မတန်ကြည်ညိုစရာ ကောင်းတဲ့ ပုံတော်ကို မျက်စိနဲ့မှန်းပြီး ပူဇော်ရတာ စိတ်ကြည်နူးစရာပေါ့။ အခုတော့ အဲဒီ ခံစားချက် ပျောက်သွားတယ် ဆရာရဲ့" .....