
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အချိန်ပြည့် အခမဲ့ ခွဲစိတ်ကုသပေးနေ
မြန်မာနိုင်ငံရုပ်သစ်၊ လူသစ် ဘ၀သစ် လူမှုထူထောင်ရေးအဖွဲ့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံကြီး၊ နေပြည်တော်ရှိ ဥတ္တရ သီရိဆေးရုံကြီးတို့တွင် အချိန်ပြည့် အခမဲ့
ခွဲစိတ် ကုသပေးနေကြောင်း အဆိုပါ ဆေးရုံကြီးက သိရသည်။
သဘာဝနှင့်လူမှုပတ်ဝန်းကျင် သက်ရောက်မှုများကို အလေးမထားသည့်လုပ်ငန်းများ ပိတ်သိမ်း အရေးယူမည်
သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်း ကျင်သက်ရောက်မှုများကို အလေး မထားသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ငန်း ပိတ်သိမ်း သည်အထိ အရေးယူ သွားမည်ဖြစ်ကြောင်းပြီး နိုဝင်ဘာလ ၂၁ ရက်က နေပြည်တော်တွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် အမှတ် (၁)နှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကူညီသွားမည်
တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရန်အတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များကို ဦးစားပေးအားပေးကူညီသွား မည်ဖြစ်ကြောင်း အမှတ်(၁)နှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ယခုလ ၂၁ ရက်က ပြောကြားသည်။
ကန်ဒေါ်လာ ငါးဘီလျံတန် ငွေဆောင်စီမံကိန်းဆွေးနွေးနေ
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်က တင်ပြထားသော Yangon to Ngwe Saung East-West Corridor စီမံချက်ကို သမ္မတကြီးက သဘောတူထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း စက်မှုဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ပြောသည်။
ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ ဒေသ အများစုတွင် သိသာစွာ အအေးမပိုနိုင်
၂၀၁၁-၁၂ အရှေ့မြောက် မုတ်သုံ
ကာလဖြစ်သော ဒီဇင်ဘာလမှ ဖေဖော် ၀ါရီလများတွင် မွန်နှင့် တနင်္သာရီဒေသများမှအပ ကျန် တိုင်းနှင့် ပြည်နယ်များတွင် ညအပူချိန်များ မလျော့နည်းနိုင်ကြောင်းမိုးလေ၀သနှင့်ဇလဗေဒ ညွှန် ကြားမှုဦးစီးဌာနမှ ဆောင်းရာသီ ယေဘု
ယျ ခန့်မှန်းချက် ထုတ်ပြန်ထားသည်။