Now! Fashion Forward

ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းခွင့် ရတော့မည်

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲခဲ့သည်ကို နိုဝင်ဘာ ၂၂ ရက်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအကြား ဆန္ဒမဲခွဲ ဆုံးဖြတ်ခဲ့ကြရာ ပြည်သူ့လွှတ်တော်ဘက်မှမူလက ဆုံးဖြတ် အတည်ပြုထားသော နိုင်ငံတော်အလံ ကိုင်ဆောင်ခွင့် အဆိုမှာ အနိုင်ရရှိခဲ့သည်။

News 

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်မည်

အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်တိုင် ၀င်ရောက်ရွေးချယ်ခံသွား မည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနကို ယခုလ ၂၁ ရက်နေ့က ပြောကြားသည်။

News 

အန်င်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မည်ဆိုသည်ကို သမ္မတကြိုဆို

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီပါတီ ရွေးကောက် ပွဲဝင်မည် ကို ကြိုဆိုကြောင်း၊ များစွာ ကျေနပ်အားရကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာသတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

News 

ဟီလာရီကလင်တန် ခရီးစဉ်အတွင်း ပိတ်ဆို့မှု ရုပ်သိမ်းရေးကိစ္စ ဆွေးနွေးမည်မဟုတ်သေး

ဒီဇင်ဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လာရောက်မည်ဖြစ်သော်လည်း အမေရိကန်က မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေး ယူမှုများကို ရုပ်သိမ်းရန်မှာမူ အချိန်မကျ ရောက်သေးကြောင်း အမေရိကန် အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောသည်။

News 

အစိုးရနှင့် လွှတ်တော်လုပ်ပိုင်ခွင့်တို့ ကွဲပြားစေရန် စိစစ်ဖို့လိုအပ်

နိုဝင်ဘာလ ၂၂ ရက်၌ ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း (ပြည်ထောင်စုအစိုးရက ရေးဆွဲထားပြီးသော ငွေစာရင်း)နှင့် စပ်လျဉ်းပြီး ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အစီရင် ခံစာအပေါ် မလှိုင်မဲဆန္ဒနယ်မှ ဦးအေးမောက်က ပြည်ထောင်စုအစိုးရ အဖွဲ့က ဆောင်ရွက်ပြီးဖြစ်သော လုပ်ငန်း များအနက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်လိုအပ်မည့် ကိစ္စရပ်များလည်း ရှိနေကြောင်း ဆွေးနွေးခဲ့သည်။

News 

ကားသွင်းခွင့်ကြောင့် ဒေါ်လာဈေးပြန်တက်

ကားတင်သွင်းခွင့်ရရန် ဒေါ်လာဝယ် ယူစုဆောင်းနေခြင်းနှင့် ပို့ကုန်ရ၀င်ငွေ ရောင်းလိုအားနည်းပါးနေခြင်းတို့ ကြောင့် ဒေါ်လာဈေးမှာ လွန်ခဲ့သော သီတင်းပတ်မှစ၍ ပြန်လည်မြင့်တက် လာခဲ့ပြီး ထပ်မံမြင့်တက်နိုင်သည်ဟု လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

News 

မြန်မာရေလုပ်သား ၄၇၅ ဦး ယခုထိ ပျောက်ဆုံးနေဆဲဖြစ်

ပြီးခဲ့သော မတ်လက လေဘေးသင့်ပြီး မြန်မာနိုင်ငံ အရပ်ရပ်မှ ပျောက်ဆုံးလျက်ရှိ ရေလုပ်သားဦးရေမှာ ၄၇၅ ဦးအထိ ရှိနေသေး ကြောင်းနှင့် အိန္ဒိယသို့ ရောက်ရှိသွားသော ရေလုပ်သား ၁၃၅ ဦးကိုမူ ပြန်လည်ခေါ်ယူရန် ရက်သတ် မှတ်ပြီးကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

News 

ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှုအတွက် ပြည်ပသို့ ဆန်တင်ပို့မှုကို လျှော့ချမည်ဟုဆို

မြန်မာ့ စပါးကျီဒေသများဖြစ်သော ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများ အပါ အ၀င် နိုင်ငံအနှံ့အပြား၌ ယခုနှစ် အတွင်း မိုးရေကြီး မှုများ၊ မြစ်ရေလျှံမှုများ ဖြစ်ပွားခဲ့ရာ စပါးနှင့် အခြားသီးနှံများ ဧက ၂၀,၀၀၀ ကျော်ခန့် ပျက်စီးခဲ့ခြင်း ကြောင့် ဆန်ထပ်မံတင်ပို့မည့် အစီအစဉ် ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက ပြန်လည်သုံးသပ်ရန် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းကို ညွှန်ကြားထားသည်။

News 

ပို့ကုန်များ ပြည်ပပို့ခွင့်ကို ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်မည်မဟုတ်

ဆန်အပါအ၀င် ကုန်ပစ္စည်းအချို့ ပြည်ပ တင်ပို့ခွင့်ကို ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်ခြင်းသည် တိုင်းပြည်၏ဂုဏ်သိက္ခာ ကျဆင်းစေ ရုံသာမက ဈေးကွက်ကိုပါ ထိခိုက်စေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယခု လ ၁၈ ရက်က ကျင်းပသည့် အစည်း အဝေးတစ်ရပ်တွင် ပြောကြားသည်။

News 

အသစ်ရောက်ကားများအနက် ၂၀၀၂ မော်ဒယ်ကားများ ကျပ် သိန်း ၄၀၀ ၀န်းကျင် ဈေးပေါက်

အောက်တိုဘာ လဆန်းပိုင်းမှ စတင် ၀င်ရောက်လာသည့် နိုင်ငံခြားမှ အသုံးပြု ပြီးကားများမှာ နိုဝင်ဘာလဆန်းပိုင်းမှ စတင်ခါ ဟံသာဝတီကားဝင်းအတွင်း အရောင်းအ၀ယ် စတင်နေပြီဖြစ် ကြောင်း ကားဈေးကွက်အသိုင်းအ၀ိုင်းများက ပြောကြားသည်။

News 

ဒီမိုကရေစီနည်းလမ်းကျကျ အင်န်အယ်လ်ဒီရွေးချယ်ခဲ့တဲ့လမ်း

စောင့်နေကြသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ရဲ့ ပါတီဝင်တွေသာမကဘဲ သတင်း သမားတွေရော အခြား စိတ်ဝင်စားသူတွေပါ ရောနှောနေတယ်။ အသက်အရွယ် ကိုတောင် မငဲ့ကွက်ဘဲ သနပ်ခါး ရေကျဲလူထားသူ၊ ပန်းတွေဝေနေ အောင်ပန်ထားတဲ့သူတွေ၊ ချည်လွယ်အိတ်လေးပိုက်လို့ စောင့်နေကြတဲ့ အမယ်အိုတွေ၊ နဖူးထက်မှာ ချွေးဥတွေစို့လို့ အဆုံးအဖြတ်ကို မျှော် လင့်နေတဲ့ မျက်ဝန်းတွေနဲ့ လူငယ်တွေ .. ဒီလူတွေ အားလုံး ဗဟန်း မြို့နယ်မှာရှိတဲ့ အင်န်အယ်လ်ဒီရုံးချုပ် ရှေ့မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်က စောင့်နေခဲ့ကြတာပါ။

News 

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအား ချက်ချင်းလွှတ်ပေးရန် အင်ဒရူးမစ်ချဲလ် မေတ္တာရပ်ခံ

နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ ဗြိတိသျှ ၀န်ကြီး မစ္စတာအင်ဒရူးမစ်ချဲလ်က မြန်မာနိုင်ငံအတွင်း တိုးတက်မှုများတွေ့ ရှိခဲ့ရသည်ဟု ပြီးခဲ့သည့်သီတင်းပတ် အတွင်းပြောကြားခဲ့သော်လည်း အမှန်တကယ်တိုးတက်မှုလက္ခဏာများ ရှိလာရန်အတွက် ယုံကြည်ချက် ကြောင့် အကျဉ်းကျသူများအားလုံးအား ချက်ချင်း လွှတ်ပေးရန် ၎င်း၏ မြန်မာနိုင်ငံသို့ သုံးရက်တာ ခရီးစဉ်အတွင်း တောင်းဆို သွားခဲ့သည်။

News 

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံ တည်ဆောက်ရန်စီစဉ်

စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် မဂ္ဂါဝပ် ၅၀၀ စီထုတ်နိုင်မည့် လျှပ်စစ် ဓာတ်အားပေးစက်ရုံနှစ်ရုံ တည်ဆောက်ရန် နိုင်ငံတော်သမ္မတအား တင်ပြသွားရန် စီစဉ်နေကြောင်း ယခုလ ၂၁ ရက် တွင် နေပြည်တော်၌ကျင်းပသည့် ဆွေးနွေးပွဲတစ်ရပ်တွင် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န် ကြီး ဦးအောင်သန်းဦးက ပြောသည်။

News 

တောင်ကိုရီးယားကုန်တင်သင်္ဘော နစ်မြုပ်မှုတွင် မြန်မာသင်္ဘောသားလေးဦး ပျောက်ဆုံးနေ

တောင်ကိုရီးယား ကုန်တင်သင်္ဘောတစ် စင်းတိမ်းမှောက်မှုကြောင့် မြန်မာ သင်္ဘောသားလေးဦးနှင့် ကိုရီးယား သင်္ဘောသားသုံးဦး ပျောက်ဆုံးနေ ကြောင်း ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

News 

အမျိုးသမီး ကျန်းမာရေးပညာပေးအစီအစဉ်များ တိုးချဲ့မည်

အမျိုးသမီးများ ဘ၀တန်ဖိုးမြင့်မားလာ စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် အမျိုးသမီးကျန်းမာရေး ပညာပေးလုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်သွားရန်စီစဉ် လျက်ရှိကြောင်း ပြည်တွင်းလူမှုကူညီရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Win-Win Organisation မှ သိရသည်။

News 

ခွဲစိတ်ပြီး ရင်ချင်းဆက်အမြွှာနှစ်တွဲ ကျန်းမာရေးအခြေအနေကောင်းမွန်

မြန်မာနိုင်ငံ၏ ပဉ္စမနှင့် ဆဋ္ဌမမြောက် ကိုယ်ချင်းဆက် အမြွှာများ ခွဲစိတ်မှုများကို နိုဝင်ဘာလ ၉ ရက်နှင့် ၁၆ ရက်တို့က ရန်ကုန် ကလေး ဆေးရုံကြီး၌ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကာ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီး နှစ်လ သုံးလခန့်အကြာတွင် မိဘများထံ ပြန်လည် အပ်နှံနိုင်မည်ဟု သိရသည်။

News 

နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် ပျော်ပွဲရွှင်ပွဲကျင်းပမည်

နှင်းဆီကုန်းဘိုးဘွားရိပ်သာ၏ အကြိမ် (၅၀)မြောက် ပျော်ပွဲရွှင်ပွဲနှင့် နိဗ္ဗာန်ဈေး ပွဲတော်ကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျင်းပ ပြုလုပ် သွားမည်ဖြစ်သည်။

News 

လုံခြုံရေးသတိရှိရန် ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်း ခရိုင် နယ်မြေအတွင်း လူစည်ကားသည့် နေရာများရှိ ကားပါကင်များတွင် ကား မှန်ခွဲ၍ ကားအတွင်းမှ ငွေနှင့်ပစ္စည်း ခိုးယူမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ထပ်မံ မဖြစ်ပွားအောင် လုံခြုံရေးအသိ၊ လုံခြုံ ရေး သတိရှိစေရန်နှင့် မှုခင်းပညာပေး လုပ်ငန်းများကို အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး အထူးမှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ News