မြန်မာနိုင်ငံ၏ အပြောင်းအလဲလမ်းကြောင်းတွင် လက်တွဲပါဝင်သွားရန် အသင့်ရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပြောကြား
မြန်မာအစိုးရအနေဖြင့် ပြည်သူများအတွက် မှန်ကန်သည့် ဦးတည်ချက်
အတိုင်း နိုင်ငံအပြောင်းအလဲကို ဆက်လက် ဖော်ဆောင် သွားမည် ဆိုပါက အမေရိကန်အစိုးရက ယင်းလမ်းကြောင်းပေါ်တွင် မြန်မာ အစိုးရနှင့်အတူ
လက်တွဲပါဝင် သွားရန်အသင့်ရှိကြောင်း
ဒီဇင်ဘာလ ၁ ရက်နေ့က သမ္မတ
ဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီ
ကလင်တန်က သတင်းထောက်များအား ပြောကြားသည်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် လွှတ်တော်ရေးရာ ကော်မတီက တိုးမြှင့်ဆောင်ရွက်မည်
လက်ရှိပေါ်ပေါက်နေသော ဒေသတွင်း ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်ရေးရာ ကော်မတီများ၏ ဆောင်ရွက်နေမှုနှင့် အလားအလာများအပေါ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား မြန်မာတိုင်း(မ်)က မေးမြန်းခဲ့စဉ် ပြည်သူ့လွှတ်တော်၏ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီသည် လွှတ်တော် ပြင်ပမှာရော လွှတ်တော် အတွင်း၌ပါ ဆောင်ရွက်လျက်ရှိကြောင်း၊ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
၁၁ ကြိမ်မြောက် တရုတ်-မြန်မာ ၂၀၁၁ ကုန်စည်ပြပွဲ ကျင်းပမည်
(၁၁)ကြိမ်မြောက် တရုတ်-မြန်မာ ၂၀၁၁ ကုန်စည်ပြပွဲ ကို ဒီဇင်ဘာလ ၈ ရက် မှ ၁၁ ရက်အထိ တရုတ် နိုင်ငံ ကြယ်ခေါင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဟီလာရီကလင်တန် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တိုင်းရင်းသားပါတီနှင့် ခေါင်းဆောင်များ ဒီဇင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ ဗိဿနိုး အနုပညာပြခန်း၌ တွေ့ဆုံခဲ့ ကြသည်။
စီးပွားရေး ပိတ်ဆို့ထားမှုကို စဉ်းစားပေးဖို့ ရှိကြောင်း ဟီလာရီကလင်တန် ပြောကြား
လက်ရှိမြန်မာ့နိုင်ငံရေး ယခုထက်ရှေ့
ဆောင်သွားရန်နှင့် ကျန်ရှိ နေသေးသော အကျဉ်းသားများ အမြန်ဆုံး
လွှတ်ပေးရန် မျှော်လင့် ထားကြောင်း ဟီလာရီကလင်တန်က ဒီဇင်ဘာလ ၂ ရက်နေ့ ရန်ကုန်မြို့ အမေရိကန် သံရုံးတွင်ပြုလုပ်ခဲ့သည့် စာနယ်ဇင်း ရှင်းလင်း ပွဲတွင် ပြောကြားသည်။
ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် နိုင်ငံတကာကူညီမှုနှင့် နားလည်မှုရရှိရန် လိုအပ်
မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် နိုင်ငံတကာကူညီမှုနှင့် နည်းလည်မှု ရရှိရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေးစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ လ ၂ ရက်နေ့တွင် ၎င်းနေထိုင်ရာ တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန်နဲ့ တွေ့ဆုံ ဆွေးနွေးပွဲအပြီးတွင် ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားများနှင့်တွေ့ဆုံရာ တွင် ပြောကြားသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ အမေရိကန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်
မြန်မာနှင့် အမေရိကန်ပြည်ထောင်စု နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် လာမည့်နှစ် အစောပိုင်းကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ အမေရိကန် နိုင်ငံသို့လာရောက်ရန် ဖိတ်ခေါ်ပါ ကြောင်း မြန်မာနိုင်ငံသို့ လာရောက်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန်က နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က တရုတ်နှင့် ရင်းနှီးသောဆက်ဆံရေးလိုလား
မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့် ပိုမိုနီးကပ်သော ထိတွေ့ဆက်ဆံမှု ပြုလုပ်လာချိန်တွင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့်လည်း ရင်းနှီးချစ်ခင်သော ဆက်ဆံရေးကို ထားရှိနိုင်မည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင်နျူကလီးယား လက်နက်ထုတ်လုပ်ရန်ကြိုးပမ်းမှု လက္ခဏာမတွေ့ရ
မြန်မာနိုင်ငံတွင် အဓိကနျူကလီးယားလက်နက် ထုတ်လုပ်ရေးအစီအစဉ်ရှိသည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ ရှိရကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ကုလသမဂ္ဂ အဏုမြူစောင့်ကြည့်ရေးအေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင် လိ့မ်မည်ဟု မျှော်လင့်ပါကြောင်း အမေရိကန် ကပြောကြားသည်။
မြန်မာနိုင်ငံတွင် ရှစ်လအတွင်း နိုင်ငံရေးအပြောင်းအလဲများ
နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ အဆင့်မြင့်ဆုံး အမေရိ ကန်အစိုးရအဖွဲ့ ပထမဦးဆုံးလာရောက်ရာတွင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် မြန်မာ့ခေါင်းဆောင်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့ ၌ သမိုင်းဝင်ညှိနှိုင်းဆွေးနွေးပွဲတို ပြုလုပ်ခဲ့သည်။
အမေရိကန်အကူအညီဖြင့် ဆောင်ရွက်နေသော မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများ
ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သည့် ပုံစံအတိုင်း အမေရိကန် ထောက်ပံ့ရေး နှင့် ဖွံ့ဖြိုးရေးအေဂျင်စီက ထောက်ပံ့သည့် ငှက်ဖျား ရောဂါစီမံကိန်းကို ကာကွယ်ရေး၊ ကုသမှုနှင့် ပြန့်ပွားခြင်း မရှိရန်ထိန်းသိမ်းမှုကို ဆောင်ရွက်မည် ဖြစ်ပြီး၊ ၀ါရှင်တန်နှင့် ရန်ကုန်တို့၏ ပိုမို နီးကပ်သည့် ဆက်ဆံမှုများကို အလေးထားသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအရာရှိများက နိုဝင်ဘာလ ၃၀ ရက်က ပြောသည်။
ရွှေတိဂုံဘုရားသို့ ရောက်လာသည့် ဟီလာရီကလင်တန်ကို အများပြည်သူက စိတ်ဝင်စားစွာဖြင့် တိုးဝှေ့ကြည့်ရှုခဲ့ကြ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဒီဇင်ဘာလ ၁ ရက်နေ့၌ မြန်မာတို့ အထွတ် အမြတ် ထားသော ရွှေတိဂုံဘုရားသို့ လာရောက်ရာတွင် စေတနာမေတ္တာထားသူများနှင့်
စူးစမ်းလိုသည့် ပရိသတ် ရာပေါင်းများစွာသည် ၎င်းအား တိုးဝှေ့ကြည့်ရှုကြသည်ဟု သိရသည်။
မြန်မာနှင့် သမိုင်းဝင်ဆွေးနွေးပွဲတွင် ဟီလာရီကလင်တန် ပြုပြင်ပြောင်းလဲမှုအတွက် အားသွန် ခွန်စိုက်ပြောကြား
သောကြာနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာ နိုင်ငံအုပ်ချုပ်ရေးအဖွဲ့နှင့် အဓိက ရမှတ်တိုင် စိုက်ထူသည့် ပြောဆို ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး အစိုးရအဖွဲ့သစ်၏ ပြုပြင်ပြောင်း လဲရေးခြေလှမ်းများ ကြောင့် များစွာ စိတ်ဓာတ်တက်ကြွခဲ့ပါကြောင်းလည်း ပြောကြားသည်။
မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားပေးရန် တရုတ်နိုင်ငံက တိုက်တွန်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီး ရောက်ရှိစဉ် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးပါရန် မြန်မာနိုင်ငံ၏ အဓိကမဟာမိတ် အိမ်နီးချင်း တရုတ်နိုင်ငံက ဒီဇင်ဘာလ ၁ ရက်နေ့တွင် တိုက်တွန်း တောင်းဆိုလိုက်သည်။
အများမြင်ကွင်းထဲသို့ လှမ်းဝင်လာသော သီးခြားနေထိုင်လာခဲ့သည့် မြန်မာနိုင်ငံ
သီးခြားတည်ဆောက်ထားသည့် မြန်မာ
နိုင်ငံ၏ မြို့တော် နေပြည်တော်သည် နိုင်ငံရေး နယ်ပယ်မှ ကမ္ဘာ့ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးကို ဧည့်ခံကြိုဆိုခြင်းအားဖြင့် လူအများအာရုံ
စိုက်ရာ မြင်ကွင်းထဲသို့ တိုးဝင်လာခဲ့သည်။
ရန်ကုန်မြို့တော် အဆင့်မြှင့်တင်ရေးကို အမြန်ဆောင်ရွက်သွားမည်
ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ စနစ်ကျ ခေတ်မှီသော မြို့ပြအသွင်ဖြစ်ပေါ်လာစေရန် လိုအပ်သော အခြေခံစနစ်များ အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
မီဒီယာလွတ်လပ်ခွင့်ပေးရန် လေ့လာနေဟုဆို
မြန်မာနိုင်ငံတွင် မီဒီယာပိုင်း၌ ယခုထက်ပိုမိုလွတ်လပ်မှုပေးနိုင်ရန် နိုင်ငံတကာမှ မီဒီယာလုပ်ငန်းများကို လေ့လာနေကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက မြန်မာတိုင်း(မ်)ကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် နိုဝင်ဘာလ ၁၇ ရက်က ပြောကြားသည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန် ဆွေးနွေးနေကြ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်ခဲ့ပြီး လွှတ်တော်တွင် မတင်ပြရ သေးသော်လည်း အဆိုပါ မူအတိုင်း ကျင့်သုံးနေပြီဖြစ် ကြောင်းနှင့် ယခုနှစ် အတွင်း အိမ်နီးချင်းနိုင်ငံများသာမက အမေရိကန်အစိုးရဘက်မှ ရင်းနှီးမြှုပ်နှံ ရန် လာရောက်ဆွေးနွေးခဲ့ပြီး ဆွီဒင်၊ နော်ဝေနှင့် အီးယူနိုင်ငံများစသော အနောက်နိုင်ငံများကလည်း ဆွေးနွေး မှုများရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ရှင်းလင်းပွဲတွင် ပြောသည်။
မှန်ကန်သည့် ပေါ်လစီများ ချမှတ် ဆောင်ရွက်ရန်လိုအပ်
မြန်မာနိုင်ငံတွင် မျှတ၍ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သည့် မူဝါဒများချမှတ်ရေးမှာ အဓိကကျသည့် စိန်ခေါ်မှုအဖြစ် ရှိနေကြောင်း ကုလသမဂ္ဂ အကြံပေးအရာရှိဖြစ်သူ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် က ပြောသည်။
မြန်မာရေလုပ်သား ၈၉၇ ယောက် အိန္ဒိယနိုင်ငံ ပို့ဖလဲယားတွင် အကျဉ်းကျခံနေရဆဲဖြစ်
အိန္ဒိယနိုင်ငံ ရေနယ်နိမိတ်အတွင်းရှိ ကျွန်းများတွင် မြန်မာရေလုပ်သားအချို့ တရုတ်ဝယ်လက်ကြောင့် ပို့ကုန်ဈေးကွက်တွင် ဈေးကောင်းရနေသော ပင်လယ်မျှော့များ သွားရောက်ဖမ်းဆီးရာမှ အရေးယူခံရပြီး အကျဉ်းကျနေရကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နိုင်ငံကူးလက်မှတ်ရရှိပြီဖြစ်သဖြင့် ဇာဂနာ နိုင်ငံခြားသွားမည်
မကြာသေးမီက မြစ်ကြီးနားအကျဉ်း ထောင်မှ လွတ်မြောက်လာသည့် လူရွှင်တော် ဇာဂနာသည် နိုင်ငံကူး လက်မှတ်ရရှိပြီဖြစ်၍ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ ခြောက်ရက်ကြာ ခရီးစဉ်အဖြစ် ဒီဇင်ဘာလလယ်တွင် သွားရောက်မည်ဖြစ်သည်။
ဆရာစံကျဆုံးခြင်း နှစ် ၈၀ ပြည့်အထိမ်းအမှတ် ကျင်းပ
တောင်သူလယ်သမား အရေးတော်ပုံ ခေါင်းဆောင်ကြီးဆရာစံ ကျဆုံးခြင်း နှစ် ၈၀ ပြည့်အခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက်နေ့က သာယာဝတီမြို့ ပြည်လမ်းရှိ သီရိမင်္ဂလာကျောင်းတိုက်တွင် နှစ် ၈၀ အတွင်း ပထမဆုံးအကြိမ်ကျင်းပနိုင်ခဲ့ရာ ဖိတ်ကြားထားသူ နိုင်ငံရေး သမားများ၊ လွှတ်တော်အမတ်များနှင့် ဒေသခံများ ထောင်နှင့်ချီပြီး တက်ရောက်ခဲ့ကြသည်။
ပဲလောကတွင် ကျပ်သိန်းပေါင်းငါးသောင်းဝန်းကျင်ရှိ ငွေကြေးအလွဲသုံးစားမှုဖြစ်ပွား
ငွေကြေးတန်ဖိုး လတ်တလောခန့်မှန်း ကျပ်သိန်းပေါင်း ငါးသောင်းဝန်းကျင်ရှိ သော ပဲဝယ်ငွေကြေး အလွဲသုံးစားပြုမှု တစ်ရပ် ဖြစ်ပေါ် လာကြောင်း နိုဝင်ဘာ လ ၂၆ ရက်နေ့တွင် ပဲနှမ်းကုန်သည်များ အသင်းမှ သိရသည်။
အိမ်ပြန်ရောက်ပေမယ့် အနာဂတ်မသေချာသေးတဲ့ ရေလုပ်သားများ
အသက် ၁၉ နှစ်အရွယ် ကိုကျော်ဆန်းဦး ရဲ့မျက်ဝန်းမှာ မျက်ရည် တွေနဲ့ "ဒီအချိန်
မှာ ကျွန်တော်အတွေ့ ချင်ဆုံးက ကျွန်တော့အဖေပဲ" လို့ မျက်ရည်တွေကို ထိန်းထားရင်း ပြောတယ်။
"သူသေလား ရှင်သလားဆိုတာ အိမ်ရောက်မှာပဲသိမှာ။ ပင်လယ်ထဲမှာဆိုရင် သူနဲ့ ကျွန်တော်က ရဲဘော်ရဲဘက်တွေပဲ။ အတူတူရုန်းကန် လာခဲ့ကြတာ"
ငါးနှစ်အတွင်း ကားပိုင်ဆိုင်မှုနှစ်ဆခန့် မြှင့်တင်သွားမည်
မြန်မာနိုင်ငံတွင် လက်ရှိ လူ ၁,၀၀၀ တွင် လက်ရှိကားပိုင်ဆိုင်မှု ခုနစ်စီးရှိရာမှ ၂၀၁၅ ခုနှစ်တွင် ကားပိုင်ဆိုင်မှု လူ ၁,၀၀၀ လျှင် ၁၃ စီးအထိရှိလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက်က အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားသည်။
မိုးပြာဂိုဏ်းအား အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ဖွဲ့စည်းပေးအပ်သော နိုင်ငံတော် သီးခြား ၀ိနည်းဓိုရ် အဖွဲ့ အမှတ် (၁၇။ ၂၀၁၁) မှ ရှင်ဉာဏ ဦးဆောင်သော မိုးပြာဂိုဏ်းသားတို့၏ အယူဝါဒအပေါ် အဓမ္မ၀ါဒများအဖြစ် ဆုံးဖြတ်ကြေညာ ခဲ့ကြောင်းအဖွဲ့၏ သတင်းထုတ်ပြန်ချက် အရသိရသည်။
သတင်းသမားတစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်ခဲ့မှုအပေါ် သတင်းသမားများ ၀မ်းနည်း
ရန်ကုန်တိုင်း(မ်) သတင်းဂျာနယ်မှ အကြီးတန်းအယ်ဒီတာဖြစ်သူ အသက် ၃၁ နှစ်အရွယ် ကိုဇော်ကိုသက်သည် နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် သတင်းယူရန် ရောက်ရှိနေစဉ် ဦးနှောက်သွေးကြောပြတ်ကာ ကွယ်လွန်သွားခဲ့သည်။
ဒေသပေါင်းစုံမှလူငယ်များပါဝင်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ရက်တစ်ခု မကြာမီ ပေါ်ပေါက်လာမည်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများအား တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ထိရောက်စွာဆောင်ရွက်နိုင် ရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ လူငယ်အများစုပါဝင်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကွန်ရက်တစ်ခု မကြာမီ ပေါ်ပေါက်လာ ဖွယ်ရှိသည်။
ကုလားတန်မြစ် ဘက်စုံစီမံကိန်းမှ အကျိုးသက်ရောက်မှုများကို အနည်းဆုံးဖြစ်ရန် ပြည်တွင်း အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေ
ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့်အကျိုး သက်ရောက်မှု များကို အနည်းဆုံးဖြစ်စေ ရန်အတွက် စီမံကိန်းတွင် အဓိကပါဝင် နေသော အဖွဲ့အစည်းများနှင့် ပြည်တွင်း အန်ဂျီအိုအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ပြည်ပစာပို့ခ နှုန်းများပြင်ဆင် သတ်မှတ်
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာပို့တိုက်လုပ်ငန်းအနေဖြင့် ပြည်ပ စာပို့နှုန်းထား များကို နိုဝင်ဘာလကုန်မှ စတင်ပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာပို့တိုက်လုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မလေးရှား ခရီးသွားပြပွဲ ကျင်းပခဲ့
ပထမဆုံးအကြိမ်အဖြစ် Mini Malaysia Showcase ခေါ် မလေးရှား နိုင်ငံ ခရီးသွားလာရေး ၀န်ကြီးဌာန (Tourism Malaysia)မှ ကြီးမှူးကျင်းပသည့် မလေးရှားခရီးသွားပြပွဲကို ယခုလ ၁ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာလူသတ်မှုတွင် မသင်္ကာသူခုနစ်ဦးကို ဖမ်းဆီးထား
၁၇-၁၁-၂၀၁၁ နေ့ညက မြောက်ဥက္ကလာပမြို့နယ် သာကီလမ်းနေ အသက် ၃၂ နှစ်အရွယ်ရှိ ဦးကျော်မင်း ကို အမည်မသိလူများက ဓားများဖြင့် ၀ိုင်းဝန်းခုတ်သတ်ခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏ညွှန်ကြားမှုဖြင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း ကြိုးပမ်းဆောင်ရွက်၍ ၎င်းအမှုနှင့်ပတ်သက်ပြီး မသင်္ကာသူခုနစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
မြန်အောင်၌ ပေါက်ကွဲမှု ထပ်မံဖြစ်ပွား
နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့် က မြန်အောင်မြို့၊ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအနီး၌ ပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှု သည် မြန်အောင်မြို့၌ ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်ပြီး ပထမအကြိမ် ပေါက်ကွဲစဉ်က မြန်အောင် ရေနံမြေ၌ ဖြစ်သည်။
ချောင်းသာနယ်တစ်ဝိုက်မှာ ဆင်သတ်၍ ဆင်စွယ်ခိုးသူများအား ဖမ်းမိ
ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာ အုပ်စု၊ ဥတိုချောင်းဖျားကျေးရွာ၊ သစ်ပုတ်တံခါး တံစုတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၂ နာရီခန့်က ဆင်များအား သတ်၍ ဆင်စွယ်ခိုးယူသောအဖွဲ့အား ဖမ်းဆီးရမိခဲ့ ကြောင်း သိရှိ ရသည်။
ယာဉ်တိုက်မှုဖြစ်၍ လူတစ်ဦးနေရာတွင်ပင်သေဆုံး
နိုဝင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ပုသိမ်မြို့၏ လူစည်ကားရာ နေရာတစ်ခုဖြစ်သည့် ခေတ္တာလမ်းနှင့် ကုန်စုံလမ်း ထောင့်၊ ရှမ်းမြန်မာထမင်း ဆိုင်အနီးတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

