
တနင်္သာရီဒေသတွင် လေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရန် ဖြစ်နိုင်ခြေရှိမရှိ စတင်လေ့လာ
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)

အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်အရှေ့ပိုင်းရှိ လေအားလျှပ်စစ်ထုတ် ဒဟတ်များကို တွေ့ရစဉ်။
နိုင်ငံတော် ဓာတ်အားလိုင်းများနှင့် ဝေးကွာသည့် ကရင်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ဒေသအချို့ တွင် မဂ္ဂါဝပ် ၁,၀၀၀ အထိ ထုတ်လုပ်ပေး နိုင်မည့် လေအားလျှပ်စစ်စီမံကိန်းတစ်ခု အတွက် ဖြစ်နိုင်ခြေလေ့လာမှုတစ်ခုကို စတင်နေပြီဟု စီမံကိန်းတွင်ပါဝင်သည့် ကုမ္ပဏီတစ်ခုမှ အရာရှိတစ်ဦးက ပြော ကြားသည်။
အဆိုပါစီမံကိန်းကို အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် ထိုင်း
နိုင်ငံ
နှစ်နှစ်တာ စစ်ဆေးမှု အပြီး ရလဒ်နှင့် စီးပွားဖြစ် ထုတ်လုပ်နိုင်မှုအခြေအနေပေါ် မူတည်၍ လျှပ်စစ်ဓာတ်အား ခွဲဝေမှုအနေအထားကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အဆိုပါ ထိုင်းကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ဇေယျအင်န် အဆိုစီယိတ် ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇေယျသူရမွန်က ပြောသည်။
ရခိုင်ပြည်နယ်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် အစွန်းပိုင်းများတွင်လည်း တိုင်းတာမှုများ ပြုလုပ်လိုကြောင်း ၎င်းက ပြောသည်။
ကရင်နှင့် မွန်ပြည်နယ်ပတ်ဝန်းကျင်တွင် လေတိုက်နှုန်း တစ်စက္ကန့်လျှင် ခုနစ် မီတာမှ ကိုးမီတာအတွင်း၊ တနင်္သာရီ မြောက်ဖျား ပိုင်းတွင် တစ်စက္ကန့်လျှင် ခြောက်မီတာမှ ကိုးမီတာအတွင်းနှင့် တနင်္သာရီတောင်ဘက်ပိုင်းတွင် ခြောက် မီတာမှ ရှစ်မီတာအတွင်း တိုက်ခတ်နိုင် သဖြင့် လေအားလျှပ်စစ် တာဘိုင်မှ လေတိုက်နှုန်း အနည်းဆုံး တစ်စက္ကန့် လျှင် သုံးမီတာမှ တစ်စက္ကန့်လျှင် ၂၃ မီတာအတွင်း တိုက်ပါက လျှပ်စစ် ထုတ်လုပ်သွားနိုင်မည်ဖြစ်ကြောင်း ဦးဇေယျ သူရမွန်က သုံးသပ်သည်။
လေအားလျှပ်စစ်ထုတ်လုပ်သည့် နည်းပညာပိုင်းတွင် တိုးတက်မှုရှိလာ သဖြင့် ယခင်က လေတိုက်နှုန်း တစ်စက္ကန့် လျှင် ၁၅ မီတာရှိမှ လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ရသော်လည်း ယခု ခြောက် မီတာရှိရုံနှင့် ရပြီဖြစ်ကြောင်း လေစွမ်း အင်သုံး ၁၅ မီတာအမြင့် တာဘိုင် တစ်ခုလျှင် အများဆုံး ခုနစ်မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီး မြန်မာနိုင်ငံတွင် အသုံး ပြုမည့် တာဝါတိုင်နှုန်းထားအတွက်မူ ကျွမ်းကျင်သူများနှင့် လေ့လာမှု ပြုသွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကုန်ကျစရိတ်နှင့်ပတ်သက်၍ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအနေအထားတွင်ပင် တိုင်းတာမှုစက်ရုံ တည်ဆောက် မှုအတွက် တနင်္သာရီဒေသများ၏ တောင်ပေါ်ပိုင်းတွင် တည်ဆောက်မှုများ ပြုလုပ်ခြင်း၊ အမြင့်မီတာ ၁၀၀ ခန့်တွင် ပြုလုပ်ရခြင်းများ ရှိသည့် အတွက် လမ်း ပန်းဆက်သွယ်ရေးခက်ခဲမှုများရှိလျှင်လည်း လမ်းဖောက်လုပ်ခြင်း စသည့် ကုန်ကျစရိတ်များ ရှိမည်ဖြစ်ကြောင်း ဦးဇေယျသူရမွန်က ပြောသည်။
"တာဘိုင်တစ်လုံးကို ဒေါ်လာ တစ်သန်းကျော်လောက် ကုန်ကျသလို ထိုင်းနိုင်ငံလို လမ်းပန်းဆက်သွယ်ရေး မဆိုးတဲ့ ဒေသမှာဆို ဂျင်နရေတာကို အပေါ်ရောက်အောင်တင်ဖို့ စက်ငှားခ က ဒေါ်လာ သုံးသိန်းလောက် ကုန်ကျ နိုင်ပါတယ်"ဟု ၎င်းက ပြောသည်။
ကနဦး နှစ်နှစ်တာ လေအားလျှပ်စစ် ထုတ်လုပ်ရေး ဖြစ်မြောက်နိုင်စွမ်း လေ့ လာမှုပြုလုပ်ငန်းကို နိုင်ငံတော်နှင့် ဒေသခံတို့၏ အကူအညီဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက် မှု စစ်တမ်းလည်း ပါဝင်မည်ဖြစ်သည်။
"သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စမ်းသပ်ပြီးမှ (ထိုင်းဆီယမ်) ဘဏ်က ငွေချေးခွင့်ပေးမှာပါ"ဟု ၎င်းက ပြော ကြားသည်။
လေအားလျှပ်စစ် ထုတ်လုပ်မှုအတွက် ရရှိသည့်လျှပ်စစ်အား နိုင်ငံတော်ပိုင် ဓာတ်အားလိုင်းထဲသို့ ထည့်သွားမည်ဖြစ်ပြီး လေတိုက် နှုန်းမရှိသည့် အချိန်များတွင်လည်း အခြားသော စွမ်းအင်တစ်နည်းနည်း လျှပ်စစ်ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း ဦးဇေယျ သူရမွန်က ပြောသည်။