ပုဂ္ဂလိကဘဏ်များ အေတီအမ်ဝန်ဆောင်မှုများ ထပ်မံတိုးချဲ့မည်
အလိုအလျောက် ငွေထုတ်စက် (အေတီ
အမ်) ၀န်ဆောင်မှုကြောင့် ဘဏ်များတွင်
စာရင်းရှင်ဖွင့်ချင်သူ ပိုများ လာသည့်
နည်းတူ အဆိုပါ စနစ် အသုံးပြုမှုကို
လည်း ထပ်မံချဲ့ထွင်သွားရန်ရှိကြောင်း ဘဏ် တာဝန်ရှိသူများက ပြောသည်။
ရေကြီးသဖြင့် ထိုင်းပစ္စည်းများ အ၀င်နှေး
အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်တွင် ရေကြီးမှုကြောင့် မြန်မာ နိုင်ငံသို့ ၀င်လာသည့် ထိုင်းကုန်စည်များ ဈေးနှုန်း အတက်အကျမရှိသော်လည်း ယခင်ထက် ကုန်စည်ဝင်ရောက်မှုမှာ ရက်သတ္တတစ်ပတ်ကြာ နှောင့်နှေးမှုများ ရှိလာသည်ဟု ရန်ကုန်မြို့ရှိ ထိုင်း ကုန်စည်ရောင်းဝယ်ဖောက်ကားသော လုပ်ငန်းရှင်များက ပြောသည်။
တနင်္သာရီဒေသတွင် လေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရန် ဖြစ်နိုင်ခြေရှိမရှိ စတင်လေ့လာ
နိုင်ငံတော် ဓာတ်အားလိုင်းများနှင့် ဝေးကွာသည့် ကရင်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး ဒေသအချို့ တွင် မဂ္ဂါဝပ် ၁,၀၀၀ အထိ ထုတ်လုပ်ပေး နိုင်မည့် လေအားလျှပ်စစ်စီမံကိန်းတစ်ခု အတွက် ဖြစ်နိုင်ခြေလေ့လာမှုတစ်ခုကို စတင်နေပြီဟု စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတစ်ခုမှ အရာရှိတစ်ဦးက ပြောကြားသည်။
ဗီယက်နမ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ ချိတ်ဆက်
ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း ရှင်များနှင့် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်းတူအချင်းချင်း ချိတ်ဆက်နှီးနှော ပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်ကြီး များအသင်း ခန်းမ၌ ကျင်းပခဲ့သည်။
တရုတ်အိမ်ခြံမြေဈေးကွက်ကျဆင်းမှု ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နိုင်
ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး၏ အဓိကအစိတ်အပိုင်းဖြစ်သည့် တရုတ် အိမ်ခြံမြေဈေးကွက် အကျဘက်သို့ စတင်ရောက်လာ နေပြီဖြစ်ရာ ယင်း အခြေအနေ၏ အကျိုးဆက်အဖြစ် ကမ္ဘာ့ကုန်သွယ်မှုလုပ်ငန်းရှိ ကုန်ပစ္စည်း များရောင်းဝယ်ရေးကဏ္ဍကို ဆိုးကျိုးများ ရိုက်ခတ်လာနိုင် သည်ဟု ကျွမ်း ကျင်သူများက သတိပေးထားသည်။
အိမ်ခြံမြေကဏ္ဍ အတွက် ဘဏ္ဍာငွေ အသုံးစရိတ် မလေးရှားချမှတ်
မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆရီနာ ဂျစ်ဘ်တွန်ရာဇတ်သည် အောက်တိုဘာလ ၇ ရက်နေ့က ၂၀၁၂ ခုနှစ်အတွက် နိုင်ငံ၏ ပြည်တွင်း စုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုး GDP ကို ၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်း ကြားတိုးတက်လာအောင် အထောက် အကူဖြစ်စေရန် ရည်ရွယ်သော ဘဏ္ဍာငွေအသုံးစရိတ်ကို ချမှတ် ခဲ့သည်။
ဈေးဝယ်စင်တာသစ်များ ပေါ်ထွက်လာသော်လည်း သက်တမ်းရင့်စင်တာများ၏ရပ်တည်မှုကို မထိခိုက်နိုင်
ဈေးဝယ်စင်တာအသစ်များ ထပ်မံပေါ်ထွက်လာသော်လည်း သက်တမ်း ရင့် ဈေးဝယ်စင်တာများ၏ ရပ်တည်မှုကို လုံးဝမထိခိုက်သေးကြောင်း အဆိုပါ အသိုင်းအ၀ိုင်းမှ သိရသည်။
ဆောက်လုပ်ရေးပစ္စည်းများ ၀ယ်လိုအား တက်လာသော်လည်း ဈေးနှုန်းကျဆင်းနေ
ပွင့်လင်းရာသီသို့ ကူးပြောင်းလာပြီး အိုးအိမ်တိုက်တာ ဆောက်လုပ်မှုများ များပြားလာသည့်အတွက် ဘိလပ်မြေ၊ သံချောင်းနှင့် ကျောက်စရစ်တို့ ၀ယ်လိုအား တက်လာသော်လည်း ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း လက်ကား အရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။
တန်ဖိုးသင့်အဆောက်အအုံ ဒီဇိုင်းများ လှူဒါန်းသွားမည်
မြန်မာနိုင်ငံ ဗိသုကာအသင်း၏ဆယ်နှစ်မြောက်နှစ်ပတ်လည် အထိမ်း
အမှတ်အဖြစ် တန်ဖိုးသင့်အဆောက်အအုံ
ဗီယက်နမ်-မြန်မာ ကုန်သွယ်မှု ဒေါ်လာသန်း ၂၀၀ အထိမှန်း
ဗီယက်နမ်-မြန်မာ ကုန်သွယ်မှုတန်ဖိုး သည် ယခုနှစ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး နှစ်ကုန်ချိန်တွင် နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုး အမေရိ ကန်ဒေါ်လာ သန်း ၂၀၀ အထိ ရှိလာ နိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးက ဆိုသည်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံရန် ဖွံ့ဖြိုးဆဲနိုင်ငံများအား ကုလသမဂ္ဂတိုက်တွန်း
ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကြီးက ဖွံ့ဖြိုးဆဲ
နိုင်ငံများအား ၎င်းတို့၏ အရန် နိုင်ငံခြားငွေ ဒေါ်လာ ၃ ဒသမ ၅ ထရီလျံ၏
တစ် ရာခိုင်နှုန်းကို ကမ္ဘာ့အဆင်းရဲဆုံး
နိုင်ငံများတွင် ရင်းနှီး မြှုပ်နှံကြရန် ပြီးခဲ့သည့် သီတင်းပတ်က တိုက်တွန်း ပြောကြားသည်။
ဆန်သစ်ဈေးနှုန်းကျ၍ ကုန်တင်ပို့ခ နှုန်းထားများလည်း လိုက်လံကျဆင်း
ဆန်သစ်ဈေးနှုန်း ကျဆင်းသဖြင့် ကုန် တင်ပို့ခနှုန်းထားများ လျော့နည်းကာ ကုန်တင်ယာဉ်များ ကုန်ရရှိရေးအတွက်
ညအိပ် စောင့် ဆိုင်းနေမှုများ ရှိကြောင်း ရန်ကုန်-ပုသိမ် ကုန်တင်ယာဉ် ကားဂိတ်
များနှင့် ကုန်တင်ယာဉ်မောင်းနှင်သူများက ပြောသည်။

