Now! Fashion Forward

ပဲဈေးနှင့် ဒေါ်လာဈေးကျ၍ ပဲတင်ပို့မှုမှရငွေ ၂၅ ရာခိုင်နှုန်းကျဆင်း

ယခုနှစ်တွင် ပဲဈေးနှုန်းကျဆင်းမှုနှင့် ဒေါ်လာဈေးကျဆင်းမှုတို့ကြောင့် ယခင်နှစ် ပဲတင်ပို့မှုပမာဏနီးပါး ရောက်ရှိနေသော်လည်း ပဲတင်ပို့မှုမှရငွေမှာ မနှစ်ကထက် ၂၅ ရာခိုင်နှုန်း လျော့နေသဖြင့် ပဲတင်ပို့မှုကို ယခုထက် ပိုမိုမြှင့်တင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းက နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပသည့် မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း နှစ်ပတ်လည်အစည်းအဝေးတွင် တိုက်တွန်း ပြောကြားသည်။

News 

မွေးမြူရေးငါး ပြည်တွင်းကို အဓိကထားလာ

မွေးမြူရေးငါးများ ပြည်ပ၀ယ်လိုအား နည်းပါးနေမှုကြောင့် ပြည်တွင်းဈေး ကွက်တွင် ဖြန့်ဖြူးရန် အဓိကထား လုပ်ကိုင်လာရကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အပတ်စဉ် အစည်းအဝေးတွင် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

News 

ခိုင်မာသောအာမခံရှိမှ ငှားဝယ်စနစ် တွင်ကျယ်မည်ဟုဆို

ပုဂ္ဂလိကဘဏ်များက ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ငှားဝယ်စနစ်ဖြင့် ကုန် ပစ္စည်းများရောင်းချခြင်းမှာ လူလတ်တန်းစားများအတွက် အဆင် ပြေသည် ဟု ဆိုနိုင်သော်လည်း ယုံကြည်စိတ်ချရမှု ပြဿနာအတွက် ထင်သလောက် မတွင်ကျယ်လာသေးကြောင်း ဘဏ်နှင့် စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။

News 

ဓာတ်ဆီ အပိုထုတ်ကားများ လျော့နည်းလာ

စမတ်ကတ်ဖြင့် ဓာတ်ဆီဝယ်ယူသည့် စနစ်ကို စက်တင်ဘာ ၁ ရက်နေ့မှ စတင်ခဲ့ရာတွင် နိုဝင်ဘာလလယ် မှစပြီး ဓာတ်ဆီကို ခေါက်ရေများများ ထုတ်ယူကာ ပြင်ပ လက်လီဆိုင်များထံ ပြန်လည်ရောင်းချသည့် 'ပတ်ကား'ဟု ခေါ်ကြသည့် ကားများ လုံးဝ မရှိ တော့ကြောင်း ပြင်ပ စက်သုံးဆီ လုပ်ငန်းလုပ်သူများက ပြောသည်။

News 

ဘီးအပိုပါ ကုန်တင်ယာဉ်ကြီးများ အပိုဘီးဖြုတ် ပြေးဆွဲလာ

ကုန်တင်ယာဉ်ကြီးများတွင် လေယာဉ် ဘီးကဲ့သို့ အတင်အချပြုလုပ်နိုင်ရန် တပ်ဆင်ထားသည့် ဘီးအပိုများ သတ်မှတ်ချက်တွင် ပါဝင်ခြင်းမရှိသဖြင့် အဆိုပါ ဘီးများကို ဖြုတ်၍ ကုန်စည်ပို့ဆောင် မှုများ ပြန်လည်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

News 

ဟောင်ကောင်ရှိ လူနေအိမ်ရာနှင့် တိုက်ခန်းများ လျှော့ချဈေးနှုန်းများဖြင့် အရောင်းထုတ်လျက်ရှိ

အောက်တိုဘာလလယ်က ထုတ်ပြန်ခဲ့သည့် ဟောင်ကောင်၏ ၂၀၁၁-၁၂ မူဝါဒမိန့်ခွန်းက ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်ရှိ မရေရာမှု အချို့အား ရှင်း လင်းပေးခဲ့သော်လည်း Knight Frank ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် စိုးရိမ်မှုများ ဆက်လက်ရှိသေးကြောင်း ဖော်ပြ ခဲ့သည်။ ၎င်းထုတ်ပြန်ချက်တွင် စီးပွားရေး နှေးကွေးမှုကို ကြောက်ရွံ့နေကြသော အိမ်ဝယ်မည့်သူများမှာ တိုက်ခန်းများ ၀ယ်ယူရန် မ၀ံ့မရဲဖြစ်နေကြသည်ဟု ထောက်ပြခဲ့သည်။

News 

အဆင့်မြင့်အိမ်ရာ ရင်းနှီးမြှုပ်နှံမှု အညွှန်းကိန်းများ မြင့်တက်

ငွေအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ တိုးပွားလာခြင်းက အာရှပစိဖိတ် ဒေသအတွင်း အဆင့်မြင့်အိမ်ရာရင်းနှီး မြှုပ်နှံမှုတန်ဖိုး အညွှန်းကိန်းများကို မြင့်တက်လာစေခဲ့သည်။

News 

အိန္ဒိယအိမ်ခြံမြေ အကျိုးဆောင်များ အိမ်ရာဈေးများ လျှော့ချနိုင်ရန် မျှော်လင့်

ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုကြောင့် ထိုးကျသွားခဲ့သော အိမ်ရာဈေးနှုန်းများမှာ မကြာသေးမီနှစ်များအတွင်းက ပြန်လည် တိုးတက် ခိုင်မာလာပြီးနောက် အိမ်ရာဈေးကွက်မှာ လတ်တလော၌ အလျင်အမြန်တိုးတက်လျက်ရှိသည်ဟု သတ်မှတ်အရည်အချင်းပြည့်မီသော တော်ဝင်မြေတိုင်းအဖွဲ့အစည်း (RICS) က ပြောကြားသည်။

News 

မြန်မာအမည်ခံ တရုတ်ဖရဲကို မြန်မာ့ဖရဲသီးအစစ် မယှဉ်နိုင်

မြန်မာပြည်အတွင်း မြေငှားရမ်းကာ စိုက်ပျိုးလုပ်ကိုင်နေသော မြန်မာအမည်ခံ တရုတ်ဖရဲစိုက်ခင်းများကြောင့် မြန်မာ့ တောင်သူများ စိုက်ပျိုးသော ဖရဲသီးမှာ တရုတ် ဖရဲသီးနှင့်ယှဉ်ပါက ဈေးနှိမ်ခံရကြောင်း မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။

News 

ဗြိတိန်ရှိ တိုယိုတာစက်ရုံက ကားသစ်ထုတ်မည်

ဂျပန်ကားကုမ္ပဏီ တိုယိုတာက အင်္ဂလန်အလယ်ပိုင်းရှိ ၎င်း၏ စက်ရုံတွင် C-series နောက်ဖုံးဖွင့်ကား အမျိုးအစားသစ် ထုတ်လုပ်ပြီးနောက် နှစ်နှစ် အတွင်း အလုပ်နေရာ ၁,၅၀၀ ကို ဖန်တီး ပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ဖော် ပြောကြားသည်။

News 

အမေရိကန်အထက်လွှတ်တော် အမတ်က တရုတ်ငွေကြေး မူဝါဒကို ပြစ်တင်

အမေရိကန် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဘော့ဘ် ကေစီက ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က အာရှ အင်အားကြီး တရုတ်မှ အစိုးရလုပ်ငန်းကြီး၏ အကြီးအကဲများနှင့် တွေ့ဆုံစဉ် "တရုတ်၏ မတရားသော လူပါးဝသော ကုန်သွယ်ရေး လုပ်ပုံကိုင်ပုံ များကို သည်းမခံနိုင်တော့ပါ"ဟု ပြောကြားသည်။

News 

ကြက်သွန်နီ ယခင်နှစ်ဈေး ကျပ် ၂,၀၀၀ သို့ မရောက်နိုင်

ယခုနှစ်တွင် အိန္ဒိယကြက်သွန်နီ ရာသီ ဥတုမှန်၍ အထွက်နှုန်း ပိုလာသောကြောင့် တစ်တန်လျှင် ၄၇၅ ဒေါ်လာမှ ဒေါ်လာ ၃၅၀ သို့ ကျဆင်းလာရာ ကြက်သွန်နီ တစ်ကီလိုဂရမ်လျှင် သုည ဒသမ ၃၅ ဒေါ်လာနှုန်းသာ ရှိသဖြင့် မြန်မာပြည်တွင်း၌ မိုးကြက်သွန်နီများ ထွက်ရှိလာချိန်တွင် ယခင်နှစ်ကဲ့သို့ အမြင့်ဆုံးဈေးနှုန်းသို့ မရောက်နိုင် ကြောင်း ကြက်သွန်ကုန်သည်လောကက သုံးသပ်သည်။

News 

လုံခြုံရေးစနစ်ပါ မြေဂရန်သစ်များ ထုတ်ပေးနိုင်ခြင်းက အိမ်ခြံမြေလောကအတွက် ကောင်းကျိုး များနိုင်

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအောက်ရှိ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့် ခွဲမှုဌာနမှလုံခြုံရေးစနစ် ပါရှိသည့် ဂရန်သစ်များ ထုတ်ပေး တော့မည်ဆိုခြင်းက အိမ်ခြံမြေလောက အတွက် ပိုင်ဆိုင်မှုပိုမိုခိုင်မာ၍ အရှုပ်အရှင်းကင်းစေသော အကျိုး ဖြစ်ထွန်းမှုများ ရစေမည်ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းခွန်နောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

News 

လုံခြုံရေးစနစ်ပါ မြေဂရန်သစ်များ ထုတ်ပေးနိုင်ရန် စတင်ဆောင်ရွက်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအောက်ရှိမြို့ပြစီမံကိန်း နှင့်မြေစီမံခန့် ခွဲမှုဌာနမှ လုံခြုံရေးစနစ်ပါ မြေဂရန်သစ်များ ထုတ်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်းများကို နိုဝင်ဘာလအတွင်းတွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကိုပြောသည်။

News 

များပြားလာသောလူဦးရေနှင့် မော်တော်ယာဉ် အရေ အတွက်အရ ခုံးကျော်တံတားများ ပိုမိုပေါ်ထွက်သင့်

ခုံးကျော်တံတား၊ လမ်းစသည့် မြို့ပြ အင်္ဂါရပ်များသည် လမ်းပန်း ဆက်သွယ်ရေး၊ သွားလာမှုလွယ်ကူစေရေး အတွက်များစွာ အထောက် အကူပြုရာ များပြားလာသော လူဦးရေ၊ ယာဉ်အရေအတွက်နှင့်အညီ ဖွံ့ဖြိုး တိုးတက်ပေါ်ပေါက်ရန် လိုအပ်လျက်ရှိကြောင်း ရန်ကုန်မြို့ခံများ က ဆိုသည်။ News