Now! Fashion Forward
တစ်ပတ်အတွင်း ဘောလုံးပွဲစဉ်များ

၁၁ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အမေရိကန်အသင်း ကမ္ဘာ့ဖလားရသွား

အမေရိကန်မှ မတ်ကူချာနှင့် ဂယ်ရီဝုဒ်လန်းတို့သည် လွန်ခဲ့သော ၁၁ နှစ်က တိုက်ဂါးဝုဒ်စ်နှင့် ဒေးဗစ်ဒူဗဲလ်တို့ ရရှိခဲ့သော ဆုဖလားနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဂေါက်သီး ကမ္ဘာ့ ဖလားကို တနင်္ဂနွေနေ့က ရယူပေးလိုက်သည်။

News 

ဝါးလ်တိုးတွင် ဖက်ဒါးရား အနိုင်ရဗိုလ်စွဲ

အေတီပီဝါးလ်နောက်ဆုံး ဗိုလ်လုပွဲတွင် အနိုင်ရကာ ဆုဖလား ခြောက်လုံးဖြင့် စံချိန်တင် အနိုင်ရရှိ လိုက်ခြင်းမှာ မိမိ၏ တင်းနစ်သမား ဘ၀တွင် အကောင်းဆုံးအချိန်ပင် ဖြစ်ကြောင်း ရော်ဂျာဖက်ဒါးရားက ပြောကြားလိုက်သည်။

News 

အမျိုးသမီးလက်ပစ်ဘော ဖိတ်ခေါ်ပြိုင်ပွဲများကို လက်ခံကျင်းပသွားရန်ရှိ

လန်ဒန်အိုလံပစ်အားကစား ပွဲအတွက် တည်ဆောက်ထားသော အားကစားကွင်းတစ်နေရာဖြစ်သည့် ၂၀၁၂ အိုလံပစ် လက်ပစ်ဘောကစား ကွင်းသည် ယခုအခါပြိုင်ပွဲများကစားရန် အဆင်သင့်ဖြစ်နေပြီဖြစ်၍ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲ လက်ခံကျင်းပ သွားမည် ဖြစ်သည်။

News 

အသံတိတ်အောင်ပွဲတွေ ရယူနေတဲ့ စပါး

ပရီမီယာလိဂ်မှာ လူအများသတိမမူမိဘဲ တိတ်တဆိတ်လေးနဲ့ အောင်ပွဲတွေ ရယူနေတဲ့အသင်းက တော့တင် ဟမ်ဟော့ စပါးပါ။ လူအများစုရဲ့အာရုံဟာ စပါး ဆီမှာထက် မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူး၊ အာဆင်နယ် တို့ထံမှာပဲရှိနေခဲ့ကြပါတယ်။ စပါးကို အာရုံ မရောက်ခဲ့ကြပါဘူး။

News 

ပိုလန်ဘောလုံးအဖွဲ့ချုပ် အဂတိလိုက်စားမှုများရှိနေတယ်

၂၀၁၂ ခုနှစ်တွင် ဥရောပ ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပိုလန်နိုင်ငံဘောလုံးအဖွဲ့ ချုပ်တွင် အကျင့်ပျက် အဂတိလိုက်စားမှုများ ဖြစ်ပေါ်နေကြောင်း ကောလာဟလ သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ပိုလန်အားကစားဝန်ကြီး ဂျုန်း နာမူချာက အဂတိလိုက်စားမှုစုံစမ်းစစ်ဆေးရေး အရာရှိများအား အကြောင်းကြားလိုက် ပြီဖြစ်ကြောင်း သောကြာနေ့က ကြေညာ သည်။

News 

မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမားများကို ထိုင်းနှင့် ဗီယက်နမ်ကလပ်အသင်းများမှ ခေါ်ယူ

မြန်မာ့လက်ရွေးစင် ဘော်လီဘော ကစားသမားများဖြစ်ကြသော ၀င်းထွန်းဦး၊ ကျော်ရွှေ၊ ရဲမင်းအောင်၊ ကျော်ကျော်ထွေးနှင့် အောင်သူ တို့အား ထိုင်းနှင့် ဗီယက်နမ်တို့ရှိ ဘော်လီဘောကလပ် အသင်းများမှ အငှားခေါ်ယူခဲ့ကြောင်း သိရှိရသည်။

News 

အေမီရ်ခန်းက လာမွန့်ပီတာဆန်ကို အနိုင်ရရှိလိမ့်မည်ဟုယုံကြည်နေ

ဗြိတိန်မှ အေမီရ်ခန်းသည် လာမည့်သီတင်းပတ်တွင် ထိုးသတ်မည့် လာမွန့်ပီတာဆန်နှင့်ပွဲတွင် နိုင်မည်ဟု ယုံကြည်ပြီး အကယ်၍ ပြိုင်ဘက်များ ဖြစ်ကြသည့် ဖလွိုက်မေ၀ဲသားနှင့် တင်မ် ဘရက်ဒလီတို့က စိန်ခေါ်လာမည်ဆိုလျှင်လည်း အသင့်ပင်ဖြစ် ကြောင်း၊ သို့ရာတွင် မိတ်ဆွေမန်နီးပက်ကွီယိုနှင့်မူ ထိုးသတ်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။

News 

(၂၇) ကြိမ်မြောက်ဆီးဂိမ်း အိမ်ရှင်မြန်မာတို့ အောင်လံလွှင့်ရေး

(၂၆)ကြိမ်မြောက် အင်ဒိုဆီးဂိမ်းပြိုင်ပွဲ ကြီးဟာ အိမ်ရှင်အင်ဒိုနီးရှားနဲ့ မလေးရှား ဗိုလ်လုပွဲကြီးအပြီး နောက် တစ်နေ့မှာ ပွဲသိမ်းသွား ခဲ့ပါပြီ။ နိုင်ငံတိုင်းရဲ့အသည်း နှလုံး ဘောလုံးချန်ပီယံဆုကိုတော့ လက်ရှိချန်ပီယံ မလေးကပဲ သာမန် အချိန်နဲ့ အချိန်ပိုမှာ တစ်ဂိုးစီ ဖြစ်နေလို့ ပင်နယ်တီကန်သွင်းဆုံးဖြတ်ရာမှာ ငါးဂိုး-လေးဂိုး နဲ့နိုင်ကာ ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းသွားခဲ့တယ်။

News 

အင်ဒိုနီးရှားဆီးဂိမ်းပြိုင်ပွဲမှာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ မြန်မာ့လှေလှော်အဖွဲ့

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သော(၂၆)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ လှေလှော်အဖွဲ့ သည် ရွှေတံဆိပ် (၁၀)ခု၊ ငွေတံဆိပ် ငါးခုနဲ့ ကြေး တံဆိပ် လေးခုဆွတ်ခူးပေးခဲ့ပြီး ယင်းပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင် သည့် မြန်မာ့အားကစားတွေထဲတွင် အအောင်မြင်ဆုံး အားကစား အသင်းအဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့ပါတယ်။

News 

နိုင်ငံခြားသားများ ၀င်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၂ ဒဂုံရွှေအောင်လံ

မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတစ်ပွဲကို နိုင်ငံခြားသားလက်ဝှေ့ကျော်များက ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် ဒဂုံရွှေအောင်လံ မြန်မာရိုးရာလက်ဝှေ့ ပြိုင်ပွဲ ကြီး(၂၀၁၂)သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေက Park Royal Hotel တွင် ကျင်းပခဲ့ရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်၊ ဒဂုံဗျူရီ ကုမ္ပဏီ လီမိတက်၊ မြန်မာမီဒီယာ ဂရု(ပ်)တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ပြည်တွင်းပြည်ပသတင်းစာ ဆရာများ၊ စာနယ်ဇင်းများ၊ လက်ဝှေ့ ကလပ်များ၊ လက်ဝှေ့သမားများ စုံညီစွာ တက်ရောက် ခဲ့ကြသည်။

News 

စပိသေဆုံး ကြောင်းသိရ၍ အလန်ရှီးယား တုန်လှုပ်သွား

တနင်္ဂနွေနေ့တွင် ဝေလ အသင်းမန်နေဂျာ ဂယ်ရီစပိသေဆုံးသွားကြောင်း သတင်းကြားလိုက်ရပြီးနောက် တုန်လှုပ်ပြီး ကြက်သေ သေသွားရကြောင်း အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း အလန်ရှီးယားက ဘီဘီစီ အသံ လွှင့်ဌာနကို ပြောကြား လိုက်သည်။ News