Now! Fashion Forward

မီးလောင်မှုသတင်းများနှင့် မီးငြှိမ်းသတ်ရေးစနစ်များ ပါဝင်သော ၀က်ဘ်ဆိုက်ကို ရုံးတွင်း ချိတ်ဆက် အသုံးပြုမည်

နန္ဒာအောင်
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ၊လာမည့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလတွင်၊ မီးလောင်မှုသတင်းများနှင့် မီးငြှိမ်းသတ်ရေး စနစ်များ ပါဝင်သော Comment and Control Centre ၀က်ဘ်ဆိုက်ကို ရုံးတွင်းလွှင့်တင် တော့မည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားသည်။

"ဒီပရောဂျက်ကို လုပ်နေတာ ကြာပါပြီ။ ရုံးတွင်းမီးသတင်းတွေ အပြန်အလှန်ပေးပို့ စုံစမ်းမေးမြန်း နိုင်ပြီး မီးငြှိမ်းသတ်တဲ့ စနစ်တွေ စည်းမျည်း စည်းကမ်းတွေလည်း ပါဝင်မှာပါ။ ခေတ်နဲ့အညီ၊ နိုင်ငံတကာနဲ့ အညီ ဆောင်ရွက်ရမှာပါ။ နည်းပညာကိုတော့ ပုဂ္ဂလိကနဲ့ ၊ပူးပေါင်းထားပါတယ်။ နောက်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့ လောက်ဆို သုံးနိုင်မှာပါ။ လောလောဆယ်တော့ ရန်ကုန်တိုင်းဒေသကြီး ထဲက ခရိုင်မီးသတ်ဌာန ၂၂ ခုကို ချိတ်ဆက်ပေးထားမှာပါ။ နောက်ထပ်လည်း တိုးမြှင့်လုပ်ဆောင်ဖို့ ရှိတယ်"ဟု ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့သည်။

အဆိုပါစနစ်ကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဌာန ၄၂ ခုထဲမှ မီးသတ်ဌာန ၂၂ ခုတွင်သာ အင်တာနက် ချိတ်ဆက်အသုံးပြုနိုင် မည်ဖြစ်ကြောင်း၊ ၎င်းစနစ်တွင် လမ်းကြောင်းပြ ဂျီပီအက်စ်စနစ်နှင့် အဆောက်အအုံ၊ tracking  ၊ စနစ်များ ပါဝင်မည်ဖြစ်ကြောင်း၊ လိုအပ်သော နည်းပညာများကိုလည်း Suntac ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။