
ပြည်တွင်းအင်တာနက်ကောင်းမွန်ရန် နိုင်ငံတကာ ဆက်ကြောင်းတစ်ခုနှင့်ချိတ်ဆက်ရန် စဉ်းစားနေ
ပြည်တွင်း အင်တာနက်ဆက်သွယ်မှု တွင် နိုင်ငံတကာနှင့် ဆက်သွယ်မှုများပိုမို ကောင်းမွန်အဆင်ပြေစေရေးအတွက် နိုင်ငံတကာ ပင်လယ်ရေအောက် အင်တာနက်ဆက်ကြောင်းသစ်တစ်ခု ထပ်မံ တိုးချဲ့ချိတ်ဆက်သွားရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နှစ်သစ်အိုင်တီနှင့် မိုဘိုင်းပြပွဲကျင်းပမည်
မြန်မာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာပြပွဲ (New Year IT & Mobile Fair) ကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် ကျင်းပသွားမည် ဖြစ်သည်။
အွန်လိုင်းဗီဇာကတ်များ ပြည်တွင်းတွင် ၀ယ်ယူနိုင်
အွန်လိုင်းမှ ဈေးဝယ်ထွက်လိုသူများအတွက် အဆင်ပြေနိုင်စေမည့် Virtual Visa ကတ်ကို ပြည်တွင်းမှ အသုံးပြုလို သူများ အတွက် စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ဖေ့စ်ဘွတ်ခ်အတွက် အန်းဒရွိုက်ဖုန်းတွေကို အိပ်ခ်ျတီစီက ထုတ်လုပ်
ဂူးဂဲလ်ရဲ့ အန်းဒရွိုက်မိုဘိုင်းစက် လည်ပတ်ရေးစနစ်သုံး စမတ်ဖုန်းတွေကို သုံးစွဲသူတွေ အဆင်ပြေပြေ သုံးစွဲနိုင်စေဖို့အတွက် ဖေ့စ်ဘွတ်ခ်ဟာ တိုင်ဝမ် ဖုန်း ထုတ်လုပ်ရေးကုမ္ပဏီ အိပ်ခ်ျတီစီနဲ့ ပူးပေါင်းလိုက်ပြီလို့ နည်းပညာဆိုင်ရာ သတင်းဘလော့ဂ် All Things Digital အရ သိရပါတယ်။
Indesign CS3 Installation ပြဿနာဖြေရှင်းနည်း
စာစီစာရိုက်လုပ်ငန်းနဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်းများမှာ
Adobe Pagemaker
ကို နှစ်အတန်ကြာ သုံးခဲ့ပြီးနောက်ပိုင်း ယနေ့အစားထိုးဝင်ရောက်လာတာကတော့ Adobe Indesign CS3 ဖြစ်ပါတယ်။