
ဆင်ဆာအဖွဲ့ပြန်လည်ဖွဲ့စည်းရန် ရုပ်ရှင် လောကသားများ စုပေါင်းအဆိုပြုခဲ့ကြ
မြန်မာနိုင်ငံ ရုပ်ရှင်နှင့်ဗီဒီယိုဆင်ဆာ အဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့ အတွက်မြန်မာ့ ရုပ်ရှင်နဲ့ ဗီဒီယိုလောကသားတွေဟာ နိုဝင်ဘာလ ၁၆ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအစည်းအဝေးခန်းမ မှာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ဆင်ဆာ မူဝါဒများနဲ့ပတ်သက်ပြီး ပထမဆုံး အကြိမ်အဖြစ် အဆိုတင်သွင်းဆွေးနွေးခဲ့ ကြပါတယ်။
ပညာရေးကွန်ရက် တစ်နှစ်ပြည့်အထိမ်းအမှတ်ဈေးရောင်း ပွဲတော် ယုဒဿန်ရိပ်သာမှာ ကျင်းပခဲ့
"ဒီအချိန် ကျောင်းတော်ကြီးရဲ့အလယ်မှာ ..စိန်ပန်းတွေလည်း ပွင့်နေမှာ .. အချိန်စက်ဝိုင်းများကြား .."
ဆောင်းဦးလှိုင်ရဲ့ အားမာန်အပြည့်နဲ့ သီချင်းသီဆိုသံက ယုဒဿန်ရိပ်သာ ခန်းမထဲကနေ အပြင်ဘက်မြက် ခင်းပြင် ဆီမှာပါ ပျံ့လွင့်နေပါတယ်။
ပရိသတ်အများအပြား လက်မှတ် ၀ယ်မရတဲ့ မြန်မာပြည်သိန်းတန်ရဲ့ နှုတ်ဆက်ဂီတဖျော်ဖြေပွဲ
အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ မြန်မာပြည်သိန်းတန်က အနုပညာ မောင်နှမတွေနဲ့ ဖျော်ဖြေပွဲကြီးကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပြီးနောက်
မကြာခင် နေထိုင်ရာ အမေရိကန်နိုင်ငံ
ကို ပြန်လည်ထွက်ခွာမှာဖြစ်တာကြောင့် မပြန်ခင် နှုတ်ဆက်ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့က အမျိုးသား ဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။
ပြေတီဦးဖောင်ဒေးရှင်းမှ ပဒေသာကပွဲစီစဉ်နေ
မျှော်စင်ကျွန်းမှာ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလက ပရိသတ်အပြည့်နဲ့ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တဲ့ သရုပ်ဆောင်ပြေတီဦးရဲ့ မွေးနေ့ဖျော်ဖြေ ပွဲကနေ စတင်ဖြစ်ပေါ် လာခဲ့တဲ့ ပြေတီဦးပညာရေးဖောင်ဒေး ရှင်းက ဒီနှစ်မှာလည်း ပရိသတ်တွေ အကြိုက်တွေ့မယ့် ပဒေသာ ကပွဲတစ်ခုကိုထပ်စီစဉ်ပြီး ရန်ပုံငွေရှာမယ်လို့ သရုပ်ဆောင်ပြေတီဦးက ဆိုပါတယ်။
ချို့တဲ့ကလေးတွေနဲ့ ဘိုးဘွားတွေအတွက် ကျင်းပတဲ့ ရန်ပုံငွေ ဟစ်ပ်ဟော့ပွဲနဲ့ ဈေးပွဲတော်
မိဘမဲ့ဂေဟာများ၊ မျက်မမြင် ကျောင်းများ၊ သီလရှင်နဲ့ ဘုန်းတော်ကြီးပညာ သင်ကျောင်းများမှာ စောင့်ရှောက်ထားကြတဲ့ ကလေးငယ်များနဲ့ ချို့တဲ့ဘိုးဘွားများကို ထောက်ပံ့ရန်အတွက် နာမည် ကြီးအဆိုတော်တွေနဲ့ အကအဖွဲ့တွေ ပါဝင်ကူညီဖျော်ဖြေ ကြမယ့်၊ဟစ်ပ်ဟော့ ဂီတပွဲနဲ့ ဈေးရောင်းပွဲတော်ကို လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အမှတ် (၁၂၊ ခ)၊ မေခလမ်း၊ မရမ်းကုန်း မြို့နယ်မှာ ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဓာတ်ပုံဆုချီးမြှင့်ပွဲနဲ့ ကလေးသူငယ်များ ပျော်ရွှင်ပွဲ Save the Children ကျင်းပ
နိုဝင်ဘာလ ၂၀ ရက်နေ့မှာကျ
ရောက်ခဲ့တဲ့ 'ကလေးသူငယ်များအခွင့် အရေးဆိုင်ရာနေ့'အထိမ်းအမှတ်အဖြစ် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့
အပင်တွေချစ်စိတ်နဲ့ အနုပညာကို ပြမယ့် Tree-Mendous Love
ဘွန်ဆိုင်း
အမေရိကန်ဂီတဆုပေးပွဲမှာ တေလာဆွစ်ဖ် ဆုသုံးဆုချိတ်ပြီး ရွှေမင်းသမီးဖြစ်ခဲ့
ကန်းထရီး အဆိုတော် တေလာဆွစ်ဖ် ဟာ နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်ဂီတဆုပေးပွဲ (AMA)မှာ
၂၀၁၁ ခုနှစ်ရဲ့ အကောင်းဆုံးအနုပညာ ရှင်ဆုအပါအ၀င် ဆုသုံးဆုတောင် ရရှိ
ခဲ့ပြီး လူအများရဲ့ ဂုဏ်ပြုချီးကျူးတာတွေကို လက်ခံရရှိခဲ့ပါတယ်။
ကောလာဟလတွေ ရပ်သွားစေဖို့ ဂျပ်စတင်ဘီဘာ DNA အစစ်ခံခဲ့
ဂျပ်စတင် ဘီဘာဟာ ကလေးအဖေ အဖြစ် စွပ်စွဲခံထားရတဲ့ကိစ္စကို အဆုံး သတ်နိုင်စေဖို့အတွက် DNA အစစ်ခံ ထားပါတယ်။ လော့ဆန်းဂျလိစ်မှာ ပြီးခဲ့တဲ့နှစ်က ဖျော်ဖြေပွဲအပြီး စင်နောက်မှာ အဆိုတော်ဂျပ်စတင်ဘီဘာနဲ့ အတူနေခဲ့တာကြောင့် ကိုယ်ဝန်ရ ခဲ့တာလို့၊အသက် ၂၀ အရွယ် ကယ်လီဖိုးနီးယားသူ မာရီယာယီတာက အခိုင်အမာပြောဆိုခဲ့တဲ့အတွက် ဒီလအစောပိုင်းက သတင်းစာ တွေမှာ ခေါင်းကြီးသတင်းအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။
လှချင်လို့ စင်နောက်ကအမှိုက်ပုံးမှာ ဆီးသွားရတဲ့ လေဒီဂါဂါ
လေဒီဂါဂါဟာ သူ့ရဲ့ရှိုးပွဲတွေမှာ ဆန်းဆန်းပြားပြားဝတ်စုံတွေဝတ်ပြီး သီဆို ဖျော်ဖြေတဲ့အခါ အပေါ့သွားချင်ရင် ရေအိမ်ကို သွားလို့မရဘဲ စင်နောက်က အမှိုက်ပုံးနဲ့ပဲ ဖြေရှင်းလိုက်ပါတယ်တဲ့။
စီအဆင့်ပဲရှိတဲ့ Twilight ဇာတ်လမ်းတွဲအသစ်
ရုပ်ရှင်ကြည့် ပရိသတ်တွေကတော့ Twilight ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်း ကို ဇာတ်ထုပ်ကြီးတစ်ခုတည်းနဲ့ ပြီး သွားလိမ့်မယ်လို့ ထင်ချင်ထင်ကြမှာပါ။
ဧည့်လမ်းညွှန်စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ မရှိကို နိုဝင်ဘာလကုန်ပိုင်းမှစတင် ကြည့်ရှု ကြပ်မတ်သွားမည်
ဧည့်လမ်းညွှန်များ၏ ရှင်းလင်းပြသမှု၊ စည်းကမ်းရှိမှုနှင့် ဧည့်သည် များအား
ထိန်းသိမ်းစောင့်ရှောက်မှုများကို နိုင်ငံခြားသားခရီးသွား ဧည့်သည် စောင့်ရှောက်ရေးအဖွဲ့မှ နိုဝင်ဘာလကုန်ပိုင်းမှ စတင် ကြည့်ရှုကြပ်မတ် သွားမည်
ဖြစ်သည်။
ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကော်မတီ ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပမည်
မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ကော်မတီ (MMC) က ကြီးမှူး၍ (၉)ကြိမ်မြောက် ဂေါက်သီးတံခွန်စိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။