
ဦးသန့်အထိမ်းအမှတ်ကြေးရုပ်နဲ့စာကြည့်တိုက် ဇာတိပန်းတနော်မြို့တွင် ထားရှိမည်
ပန်းတနော်မြို့ဟာ တတိယမြောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်နဲ့ မြန်မာပန်းချီလောကမှာ ဒီနေ့ရေပန်း စားနေတဲ့ ဥရောပပန်းချီ နည်းပညာကို စတင်အုတ်မြစ်ချခဲ့သူ ပန်းချီဖခင်ကြီး ဦးဘဉာဏ် တို့နှစ်ဦးကို မွေးဖွားခဲ့တဲ့ဇာတိဖြစ်လို့ နာမည်ကျော်ပါတယ်။
ကျားပေါက်စီစဉ်တဲ့ အင်္ဂလိပ်ဘာသာနဲ့ ပရိုဂရမ်သစ် ချယ်ရီအက်ဖ်အမ်လွှင့်
ချယ်ရီအက်ဖ်အမ်က အဆိုရှင်
ဟန်ထူးလွင်(ကျားပေါက်)ရဲ့ "What is Right" လို့ အမည်ပေးထားပြီး အင်္ဂလိပ် ဘာသာစကားနဲ့တင်ဆက်တဲ့ ပရိုဂရမ် အသစ်ကို နိုဝင်ဘာလ ၅ ရက်နေ့က စပြီးထုတ်လွှင့်နေပါပြီ။
'ပန်းချီခင်မောင်ရင် အလည် လာခြင်း' တစ်ကိုယ်တော်ပြပွဲ
ပန်းချီဆရာကြီး ခင်မောင်ရင်ရဲ့ 'ခင်မောင်ရင် အလည်လာခြင်း' တစ်ကိုယ်တော်ပန်းချီပြပွဲကို နိုဝင်ဘာ ၂၈ ရက်နေ့ကစပြီး ဒီဇင်ဘာ ၄ ရက်နေ့ အထိ ပုဇွန်တောင်မြို့နယ်၊ ရေကျော် လမ်းပေါ်က Culture Bridge ပန်းချီပြခန်းသစ်မှာ ပြသနေပြီး ဆရာ့ရဲ့ အရောင်ရင့်ရင့်၊ စုတ်ချက်ရဲရဲနဲ့ ပန်းချီ ကားတစ်ချပ်ချင်းက ပြပွဲလာသူတွေကို ဆွဲဆောင်ထားပြီး ပန်းချီပြခန်း အသစ်တစ်ခုနဲ့ လိုက်ဖက်စွာပဲ နေရာ ယူထားပါတယ်။
ပခုက္ကူရေဘေးရန်ပုံငွေအတွက် ကျင်းပတဲ့ပန်းချီပွဲ
ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်းစတဲ့ အနု ပညာရသစုံခံစားရမယ့် 'လှိုင်းမဲ့ရေပြင်' အနုပညာပြပွဲကို ဒီဇင်ဘာလ ၂ ရက်နေ့ ကနေ ၄ ရက်နေ့ အထိ လောကနတ် ပန်းချီပြခန်းမှာ ပြသမှာဖြစ်ပါတယ်။
စတုတ္ထအကြိမ်မြောက် အနုပညာစီးဆင်းခြင်း ပန်းချီပြပွဲကျင်းပမယ့် လွန်းမိသားစု
ပန်းချီချစ်သူတွေအတွက် ပန်းချီဆရာ ကြီးဦးလွန်းကြွယ်နဲ့ မိသားစုက သူတို့ရဲ့ ကိုယ်ပိုင်လက်ရာတွေကို လေးကြိမ် မြောက်မိသားစု ပြပွဲ အဖြစ် ပြသဖို့စီစဉ် နေတယ်လို့ သိရပါတယ်။ The 4th Grand Art Stream (လေးကြိမ်မြောက်အနုပညာ စီးဆင်းခြင်း)လို့ အမည် ရတဲ့ လွန်းမိသားစုရဲ့ ပန်းချီပြပွဲကို ပန်းချီဆရာကြီး ဦးလွန်းကြွယ်ရဲ့ဦးဆောင်မှုနဲ့အတူ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်ကနေ ၉ ရက် နေ့အထိ ပြည်လမ်းပေါ်က IBC ခန်းမမှာ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီ အထိ ပြသသွားမှာပါ။
ချယ်ရီမြေမှာ သီချင်းပန်းလှလှတွေ ပွင့်စေခဲ့တဲ့ တေးရေးဆရာ စိုင်းခမ်းလိတ်
ရှမ်းစာပေနဲ့ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့ ရှမ်းအမျိုးသား တေးရေးဆရာ စိုင်းခမ်းလိတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပုဂံအက်ဖ်အမ်က စီစဉ်တဲ့ 'စိုင်းခမ်းလိတ်(သို့မဟုတ်)သီချင်းတွေပွင့်တဲ့ချယ်ရီမြေ' လို့အမည်ပေးထားတဲ့ ဖျော်ဖြေပွဲကို ပြီးခဲ့တဲ့တနင်္လာနေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
မိုက်ကယ်ဂျက်ဆင်ရဲ့ ဆရာဝန် ထောင်ဒဏ်လေးနှစ် ချမှတ်ခံရ
တရားရုံးတော်က မိုက်ကယ်ဂျက်ဆင်
ရဲ့ ဆရာဝန်ဖြစ်တဲ့ ကွန်ရက်ဒ် မာရေးကို
အဆိုတော်အားသေစေမှုနဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ထောင်ဒဏ်လေးနှစ် ကျခံဖို့ စီရင်ချက်ချခဲ့ပါတယ်။
ကိတ်မစ်ဒဲလ်တန် ကိုယ်ဝန်ရှိနေပြီလို့ သတင်းထွက်နေ
မင်းသား ၀ီလျံနဲ့ ဒီနှစ်ဧပြီလမှာ လက်ထပ်ခဲ့ပြီး ကိန်းဘရစ်မြို့စားကတော် ဖြစ်လာခဲ့တဲ့ ကိတ်မစ်ဒဲလ်တန် တစ်ယောက် ကိုယ်ဝန် ရှိနေပြီလို့ In Touch မဂ္ဂဇင်းမှာဖော်ပြထားပါတယ်။
Dr.Dre နဲ့ Snoop Dogg တို့ 2011 Mnet အာရှဂီတဆုပေးပွဲတက်မည်
စင်ကာပူနိုင်ငံရှိ မိုးလုံလေလုံအားက စားကွင်းမှာ လာမယ့်နိုဝင်ဘာလ ၂၉ ရက်နေ့မှာကျင်းပမယ့် ၂၀၁၁ Mnet အာရှဂီတဆုပေးပွဲ (MAMA)ကို ကမ္ဘာကျော် ဟစ်ပ်ဟော့အနုပညာရှင် Dr.Dre နဲ့ Snoop Dogg တို့လည်း ပါဝင်တက်ရောက်ကြမယ်လို့ Mnet က သတင်း ကွန်ရက် ၁၃ ခုကနေ တစ်ကမ္ဘာလုံးကို အသိပေးကြေညာထားပါတယ်။
Wondergirls အဖွဲ့ကိုနံပါတ်(၁)နေရာကနေ ဖြုတ်ချလိုက်တဲ့ T-ara အဖွဲ့
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး သီချင်းဇယားဖြစ်တဲ့ Gaon Charts မှာT-ara အဖွဲ့ရဲ့ "Cry Cry" သီချင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ဂီတ ၀က်ဘ်ဆိုက်
တွေမှာ အများဆုံးဒေါင်းလုတ်အဆွဲခံရတဲ့ ထိပ်တန်း သီချင်းဖြစ်ခဲ့ပြီး နှစ်ပတ် ဆက်တိုက် နံပါတ်(၁)နေရာယူထားတဲ့
Wondergirls အဖွဲ့ရဲ့ "Be My Baby" သီချင်းကို အနိုင်ယူ သွားခဲ့ပါတယ်။
ငပလီနှင့် အင်းလေးတွင် ဟိုတယ်သစ်တစ်လုံးစီ ထပ်မံဖွင့်
လာမည့် ဒီဇင်ဘာလတွင် အင်းလေး နှင့် ငပလီကမ်းခြေတို့တွင် ဟိုတယ်သစ် တစ်လုံးစီကို ခရီးသွားလုပ်ငန်းရှင် နှစ်ဦးက အကျိုးတူ ပူးပေါင်းဖွင့်လှစ်မည်ဟု အဆိုပါဟိုတယ်များမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကမ္ဘောဒီးယားရဲ့ 'ကန်သာဘိုပါ'သို့ တစ်ခေါက်
"သူသာမရှိရင် နေ့စဉ် ကလေးငယ် ၂၅၀
ခန့်ဟာ အလဟဿသေဆုံးကြရမှာပါ"တဲ့။ ကမ္ဘောဒီးယားလူမျိုး ဘယ်သူ့ကိုမဆို မေးကြည့် ရင် ဒီလိုပဲဖြေကြမှာ အသေအချာပါပဲ။ သူ့ကိုမြင်လိုက်သူတိုင်းက လက်အုပ်ချီကြပြီး သူလမ်းဖြတ်ကူးမယ်ဆိုရင် ကားတွေ ဆိုင်ကယ် တွေ အကုန် ရပ်ပေးကြပါတယ်။