
ကဒါဖီ၏သား ဆေ့ဖ်ကိုဖမ်းမိပြီ
သေဆုံးသွားပြီဖြစ်သော လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ၏သားဖြစ်သူ
ထွက်ပြေးတိမ်းရှောင်နေသော ဆေ့ဖ်အယ်လ်အစ္စလမ်ကို သုံးလကြာ အောင် လိုက်လံရှာဖွေနေခဲ့ရာမှ ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း လစ်ဗျား ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် အဗ္ဗဒဲလ်ရာဟင်ဒယ်တစ်က
နိုဝင်ဘာလ ၁၉ ရက်က ကြေညာသည်။
အကြမ်းဖက်မှုများဖြစ်နေသည့် အကြား အီဂျစ်အစိုးရနုတ်ထွက်
ဒီမိုကရက်တစ် ပြောင်းလဲမှုများကို တောင်းဆိုနေကြသည့် ဆန္ဒပြသူ များနှင့် ရဲတပ်ဖွဲ့များအကြား အဓိ ကရုဏ်း သွေးထွက် သံယိုမှုများ သုံးရက် ဆက်ပြီး ဖြစ်ပွားနေချိန်တွင် အီဂျစ် အာဏာပိုင်အဖွဲ့က ပြည်တွင်းနိုင်ငံရေး အင်အားစုများနှင့် အရေးပေါ် ဆွေးနွေး မှုများပြုလုပ်ရန် နိုဝင်ဘာလ ၂၁ ရက်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
အီရန် ဒုံးလက်နက်တပ်ဖွဲ့ စတင်တည်ထောင်ခဲ့သူ ၀ါရင့်ဗိုလ်ချုပ်တစ်ဦး ဗုံးပေါက်ကွဲမှုတွင် သေဆုံး
အီရန်နိုင်ငံ၏ လက်ရွေးစင် တော်လှန်ရေးအစောင့်တပ် တပ်ဖွဲ့ အခြေစိုက်စခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သော မတော်တဆ လက်နက် ပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးခဲ့သူများတွင် အီရန်
အမြောက်ကြီးများနှင့် ဒုံး လက်နက်
တပ်ဖွဲ့ကို စတင်တည်ထောင်ခဲ့သူ ၀ါရင့်
ဗိုလ်ချုပ်တစ်ဦး ပါဝင်သွားကြောင်း အဆိုပါတော်လှန်ရေး တပ်ဖွဲ့က တနင်္ဂ
နွေနေ့တွင်ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။
ရာသီဖောက်ပြန်မှု နိုင်းနှင့် လင်ပိုပိုမြစ်ကို ခြိမ်းခြောက်
ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာမှုတို့ကြောင့် အာဖရိက၏
ကြီးမားသော နိုင်းမြစ်နှင့် လင်ပိုပိုမြစ် တို့တွင် ရေစီးဆင်းမှုကို အကျိုးသက် ရောက်နိုင်သည်ဟု စိုက်ပျိုးရေးသုတေသန အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့က ပြောကြားခဲ့သည်။
လစ်ဇ်တေလာ၏ လက်ဝတ်ရတနာများ လေလံတင်ရောင်းချမည်
အဲလိဇဘက်တေလာ၏ ဒီဇိုင်နာအ၀တ်အစားများနှင့် လက်ဝတ်
ရတနာများကို နှစ်ပိုင်းခွဲကာ ရောင်းချမည်ဖြစ် ကြောင်း ၎င်းတို့အနက် တစ်ပိုင်းမှာ အရေအတွက် ၁,၀၀၀ နီးပါးရှိပြီး အွန်လိုင်း ပေါ်တွင်သာ ၀ယ်ယူနိုင်မည်ဟု ခရစ္စတီး လေလံကုမ္ပဏီက တနင်္လာ
နေ့က ပြောကြားသည်။
မားကို့စ်အမွေဆိုး သစ်ကုလားအုတ်များ၏ ကံကြမ္မာသစ်
အပူပိုင်း သစ်သီးသစ်ရွက်များကို ခံတွင်းတွေ့ကာ ဓားပြ လူဆိုးများပမာ နာမည်ကြီးနေသော ဖိလစ်ပိုင်နိုင်ငံပိုင် ကျွန်း တစ်ကျွန်းပေါ်မှ သစ်ကုလားအုတ်တစ်အုပ်သည် သွားလေသူ ဖိလစ်ပိုင် သမ္မတဟောင်း ဖာဒီနန် မားကို့စ် ထားရစ်ခဲ့သော အရှုပ်ထွေးဆုံး အမွေဆိုးများစာရင်းတွင် ပါဝင်လာသည်။
ဒိုင်နိုဆောဥများ ရိုမေးနီးယားသို့ ပြန်ပို့ပေး
ခိုးယူ၍ အီတလီသို့ မှောင်ခို ပို့ဆောင်လာသော ထူးထူးခြားခြား သေးငယ်သည့် ဒိုင်နိုဆောဥများအား နိုဝင်ဘာလ ၁၆ ရက်နေ့က ရိုမေးနီးယားသို့ ပြန်ပို့ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနက ပြောသည်။
'နျူ'စောင့်ကြည့်အဖွဲ့ အီရန်အပေါ် ဖိအားမြှင့်
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် အခြေစိုက်သော နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) အစီရင်ခံစာ သစ်တစ်ခုအရ အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့် စပ်လျဉ်း၍ တိုးပွားလာသည့် စိုးရိမ်ပူပန်မှု၏ ဆုံးဖြတ်ချက် တစ်ခုကို ကုလသမဂ္ဂ အဏုမြူစောင့် ကြည့်အဖွဲ့၏ အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထောက်ခံအတည်ပြုမည်ဟု မျှော်လင့်ရသည်။
ဆီးရီးယား ပြည်တွင်းစစ် အန္တရာယ်ပေါ်
စစ်တပ်မှ အစိုးရဆန့်ကျင် ရေးဘက်သို့ ရွှေ့ပြောင်းသွားသည့် အတိုက်အခံတပ်ဖွဲ့များက လက်ရှိ အစိုးရတပ်ဖွဲ့အား ဦးတည်တိုက်ခိုက်မှုများ တိုးတက်လုပ်ဆောင်လာမှုကြောင့် ဆီးရီးယားတွင် ပြည်တွင်းစစ်ပွဲများ ဖြစ်လာရန် အန္တရာယ်အရိပ်အယောင် များ ကြီးမားလာပြီး သံတမန်နည်းလမ်း အရ ကူညီဖြေရှင်းမှုများမှာလည်း မြင့်မားလာသော အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း ကျွမ်းကျင် သူများက ပြောကြားသည်။
တရုတ်ပြည် ကလေးတစ်ဦးသာ ယူရေးမူ 'ချိန်ကိုက်ဗုံး'ဖြစ်လာ
တရုတ်နိုင်ငံ၏ ကလေး တစ်ဦးသာယူရေး မူဝါဒကြောင့် ကလေး
မွေးဖွားမှု သန်း ၅၀၀ ခန့် လျှော့ချခဲ့အပြီးတွင် နိုင်ငံ့ လူဦးရေသည် အသက်ကြီး ရင့်လာသည်နှင့်အမျှ ၎င်းမူဝါဒမှာ ချိန်ကိုက်ဗုံးအဖြစ် ပြောင်းလဲလာကြောင်း သိရသည်။