စာနယ်ဇင်းကောင်စီများ...အင်ဒိုနီးရှား၏အတွေ့အကြုံ

အန်ဒရေးရပ်စ် ဟာစိုးနို
အတွဲ ၂၉ ၊ အမှတ် ၅၇၅ (၂၉ ၊၆ - ၅ ၊၇ ၊ ၂၀၁၂)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ကာရီမန်တန်ဒေသရှိ ဘော်နီရို
ကျွန်းပေါ်မှ ကလေးငယ်နှစ်ဦး ၎င်းတို့၏နေအိမ်ပြတင်းပေါက်မှ
လှမ်းမြော်ကြည့်နေသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ

ယခင် သတင်းမီဒီယာချုပ်ကိုင်မှုစနစ် များကို အစားထိုးရန်အတွက် မြန်မာ နိုင်ငံတွင် စာနယ်ဇင်းကောင်စီတစ်ရပ် ဖွဲ့စည်းရန် ဆောင် ရွက်လျက်ရှိနေစဉ် ဒေသဆိုင်ရာ ရှုထောင့်များသည် မှတ် သား လောက်သည့် သင်ခန်းစာများကို ပေးနိုင်ပါသည်။

ကျွန်ုပ်မှာ အင်ဒိုနီးရှား နိုင်ငံတွင် သတင်းစာဆရာအဖြစ် နှစ် ၂၀ ကျော် လုပ်ကိုင်ခဲ့ပြီး ကျွန်ုပ်တို့၏ သတင်း မီဒီယာပတ်ဝန်းကျင်သည် အာဏာရှင် ဆန်သော ပတ်ဝန်းကျင်မှ ပို၍ပွင့်လင်းသည့် ပတ်ဝန်းကျင်သို့ ပြောင်းလဲသည်ကို တွေ့ခဲ့ရပါသည်။

၁၉၉၈ ခုနှစ်၊ မေလတွင် သမ္မတ ဆူဟာတို အာဏာရှင်နေရာမှ ဆင်းပေး ခဲ့ပြီးနောက် အင်ဒိုနီးရှားစာနယ်ဇင်း ဥပဒေကို ပြောင်းလဲရေး တွန်းအား ပေး ရန်အတွက် ရာပေါင်းများစွာသော ယခင် မြေအောက် သတင်းစာ ဆရာများသည် မြေပေါ်သို့ ထွက်လာကြသည်။

၎င်းတို့၏ အဓိကပန်းတိုင်များအနက် တစ်ရပ်မှာ နိုင်ငံတော်မှ ချုပ်ကိုင်ထားသည့် သတင်းစာဆရာများအသင်းအား သီးခြား လွတ်လပ် သော စာနယ်ဇင်း ကောင်စီတစ်ရပ်နှင့် အစားထိုးရန်ဖြစ်ပါသည်။

သတိနှင့်အပေးအယူလုပ်ပြီး ယခင်တရားမ၀င် သတင်းစာဆရာများ အသင်းမှ အဖွဲ့ဝင်များသည် ယခင်က တွေးပင်မတွေးနိုင်သော လုပ်ရပ်တစ်ရပ် ကို ဆောင်ရွက်ခဲ့ပါသည်။

၎င်းတို့သည် ဥပဒေကို ပြန်လည်ရေးသားရန်နှင့် မီဒီယာအငြင်းပွားမှုများအား ပြေလည် အောင်ဖြေရှင်းပေးရန်အတွက် ကိုယ် တိုင် ကြီးကြပ်သည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းရန် နိုင်ငံတော်က ကြီးမှူးသော အင်ဒိုနီးရှား သတင်းစာဆရာများ အသင်းမှ အဖွဲ့ဝင် များနှင့် ညွန့်ပေါင်း အသင်းတစ်ရပ် ဖွဲ့စည်းလိုက်ပါသည်။

၁၉၉၉ ခုနှစ်၊ စက်တင်ဘာလတွင် ဆူဟာတို၏နေရာတွင် ဘီဂျေဟာဘီးဘီ ဆက်ခံသောအခါ စာနယ်ဇင်းလွတ်လပ် မှုကို တိုးပွား စေပြီး လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေး သည့် စာနယ်ဇင်းဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါသည်။

ဤပုံနှိပ်ထုတ်ဝေရေး ဥပဒေသည် အစိုးရအား သတင်းစာများ အပေါ် ပိတ်ပင်ခြင်းမှ တားမြစ်ထားကာ ယခင်က သတင်းစာဆရာ သမဂ္ဂများ ဖွဲ့စည်းခြင်း အပါအ၀င် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ကို အကာ အကွယ်ပေးထားပြီး သီးခြားလွတ်လပ် သော စာနယ်ဇင်းကောင်စီတစ်ရပ် ပေါ် ပေါက်စေခဲ့ပါသည်။

အစိုးရအရာရှိများ အနေဖြင့် အဖွဲ့ဝင်ကိုးဦးပါ ထိုအဖွဲ့ အစည်းတွင် ပါဝင်နိုင်ခြင်းမရှိပါ။ ၎င်းမှာ ၁၉၆၈ ခုနှစ်တွင် ဖွဲ့စည်းပြီး နောင်တွင် ၁၉၈၃ ခုနှစ် စာနယ်ဇင်းဥပဒေအရ ပြင်ဆင်လိုက်သည့် အစိုးရ၏ ပြန်ကြား ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် အမြဲဆောင် ရွက်သည့် ဆူဟာတို၏ ပုံနှိပ်ထုတ်ဝေရေး ကောင်စီနှင့် ထင်ရှားစွာ ကွာခြားပါ သည်။

သမ္မတ ဟာဘီးဘီသည် သတင်းစာ ဆရာကိုယ်စားလှယ် သုံးဦး၊ သတင်းမီဒီ ယာပိုင်ရှင် ကိုယ်စားလှယ်သုံးဦး၊ ပြည်သူ့ ကိုယ်စား လှယ်သုံးဦးတို့ဖြင့် ကိုယ်စား ပြုထားသည့် ကောင်စီအဖွဲ့ဝင် ကိုးဦးပါ အင်ဒိုနီးရှား စာနယ်ဇင်းကောင်စီအသစ် ကို ၂၀၀၀ ပြည့်နှစ်၊ ဧပြီလတွင် စတင် ဖွဲ့စည်းပေးခဲ့ပြီး ဤကောင်စီမှ သတင်း စာပညာ ကထိက အတ်မာကူးစူးမား အစတရတ်မဒ်ဂျာကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပါသည်။

၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲကို မွတ်စလင်ပညာရှင် အဘ်ဒူရာမန် ၀ါဟစ် မှ အနိုင်ရရှိပြီး ဟာဘီးဘီ၏နေရာ ဆက်ခံ ချိန်တွင် ၎င်းသည် ဤကောင်စီအား တစ်ဆင့်တိုး၍ ပြန်ကြားရေးဝန်ကြီးဌာန အား လုံးဝဖျက်သိမ်းခဲ့ပါသည်။

ဒီမို ကရေစီနိုင်ငံတစ်နိုင်ငံတွင် စိစစ်ရေးမလို ဟု သမ္မတ၀ါဟစ်က ဆိုပါသည်။ ၎င်းက စာနယ်ဇင်းကောင်စီကို အားပေး ထောက်ခံပြီး ၎င်းအား တိုင်ကြားရေး ယန္တရားအဖြစ် အသွင်ပြောင်းလိုက်ကာ ပြည်သူများထံမှ တိုင်ကြားချက်များကို စီရင်ဆုံးဖြတ်စေနိုင်ပါသည်။

ပြုပြင်ထား သည့်စနစ်အရ ပထမဦးဆုံးသော ကောင်စီအဖွဲ့ဝင်များအား ရွေးချယ်ရန် ကော်မတီတစ်ရပ် တည်ထောင်ပြီး ဤ ယန္တရားကို စတင်ခဲ့ပါသည်။

လအနည်း ငယ်အတွင်း ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းရန် သတင်းစာ ဆရာနှင့် ပုံနှိပ်ထုတ်ဝေရေးအသင်း အသစ် ၂၀ ကျော် ပေါ်ပေါက်လာပါ သည်။ ၂၀၀၃ ခုနှစ်တွင် စာနယ်ဇင်းကောင်စီ က ၎င်း၏ဥက္ကဋ္ဌမှာ သတင်းမီဒီယာ လောကမှ မဖြစ်ရဟူ၍ မဲဆန္ဒပေးလိုက် ပြီး တစ်ဖန် ပြောင်းလဲသွားပြန်သည်။

သတင်းစာဆရာ၊ သို့မဟုတ် ထုတ်ဝေသူ မဟုတ်သူ ပြည်သူတစ်ဦးသည် ပို၍ သီးခြားလွတ်လပ်မှု ရှိနိုင်သည်ဟူသော အတွေးနှင့် ဤသို့ပြုခြင်းဖြစ်သည်။

ထို အချိန်မှစ၍ အငြိမ်းစား ကောလိပ်ဥက္ကဋ္ဌ နှင့် အင်ဒိုနီရှားနိုင်ငံ တရားရုံးချုပ်မှ အငြိမ်းစားဥက္ကဋ္ဌဖြစ်သူတစ်ဦးက ဤ ဥက္ကဋ္ဌနေရာ ယူထားသည်။

မီဒီယာဆိုင်ရာ အငြင်းပွားမှုများကို ၂၀၀၃ ခုနှစ်တွင် ၁၀၁ မှု ဖြေရှင်းပေး ခဲ့ရာမှ ၂၀၀၆ ခုနှစ်တွင် ၂၀၇ မှုနှင့် ၂၀၁၁ ခုနှစ်တွင် ၅၁၁ မှုအထိ တဖြည်းဖြည်း တိုး၍ ဖြေရှင်းပေးနိုင်ခဲ့သည်ဟု စာနယ် ဇင်းကောင်စီက ဆိုပါသည်။

ယနေ့ကာလတွင် တစ်ပတ်လျှင် ခန့်မှန်းခြေတိုင်ကြားမှု သုံးခုမျှရရှိပြီး အများစုမှာ မျှတခြင်းမရှိသည့် ဖော်ပြ ချက်၊ ခိုင်လုံခြင်းမရှိသည့် သတင်း ရပ်ကွက်များ၊ လျှို့ဝှက်မှုချိုးဖောက်ခြင်း၊ မသင့်တော်သည့်အရာ၊ အကျပ်ကိုင်မှု၊ လူမျိုးရေးခွဲခြားမှုနှင့် စော်ကားမှုများ ဟူ၍ စွပ်စွဲချက်များပါဝင်ပါသည်။

ဤကိစ္စများ၏ ၉၇ ရာခိုင်နှုန်းမှာ 'ကျေကျေလည်လည်ရှိသည့် ဖြေရှင်း ချက်များ'ဖြင့် ပြေလည်သွားခဲ့ပြီဖြစ် ကြောင်း ဤကောင်စီက ဆိုပါသည်။ ထို့ပြင် ကောင်စီ၏ ၀က်ဘ်ဆိုက်တွင် လည်း ပွင့်လင်းမြင်သာမှုကို အတိုင်း အတာတစ်ရပ်အထိ တွေ့နိုင်ပါသည်။

ဤ၀က်ဘ်ဆိုက်တွင် တိုင်ကြားချက် အကြောင်းအရာများ အစီရင်ခံထား ပြီး သက်ဆိုင်သူများ မည်သူမည်ဝါဖြစ် ကြောင်း ဖော်ပြ ထားပါသည်။

သို့ရာတွင် ပြဿနာဖြစ်နေသော ဥပဒေအချို့ ရှိနေသေးသည့်အတွက် လွတ်လပ်စွာ ပြောဆိုရေးအပေါ်တွင် တိုက်ခိုက်မှုများ ဆက်ရှိနေပါသေးသည်။

သာမန်အားဖြင့် အာဏာရှိသူများက အငြင်းပွားမှုများကို ဖြေရှင်းရန် စာနယ် ဇင်းကောင်စီမဟုတ်ဘဲ ရဲများကို စုရုံး ထားကြသဖြင့် သတင်းစာဆရာများကို နှောင့်ယှက်ခြင်းများ၊ သို့မဟုတ် ခြိမ်း ခြောက်ခြင်းများ ပြုလုပ်ကြပါသည်။

အင်တာနက် ကန့်သတ်သည့်ဥပဒေနှင့် ပြစ်မှုဆိုင်ရာ အသရေဖျက်မှု ပြဋ္ဌာန်းချက် များကဲ့သို့ ဤဥပဒေများကြောင့် အစိုးရ အရာရှိ များအပါအ၀င် ဤအာဏာရှိ ပုဂ္ဂိုလ်များက တက်ကြွလှုပ်ရှားသူများ၊ သတင်းစာဆရာများ၊ စားသုံးသူများနှင့် ၎င်းတို့အား ဝေဖန်သည့် အခြားသောသူ များကို ပြစ်မှုအရ တရားစွဲဆိုနိုင်ပါ သည်။

ဥပမာ- ၂၀၀၉ ခုနှစ်တွင် အိမ်ရှင်မ တစ်ဦးမှာ ကျန်းမာရေးကုသမှု အကြောင်း မကျေနပ်ချက်များကို သူငယ်ချင်းများအား Face book တွင် ရေးသားသည့်အတွက်ကြောင့် သုံးပတ် အကျဉ်းချခံခဲ့ရပြီး ၁၂ လကြာ ပြစ်မှု တရားစီရင်ရေး လုပ်ငန်းစဉ်ဖြင့် အချိန် ကြာခဲ့ ပါသည်။

နောက်အမှုတစ်ခုတွင် သတင်းစာတွင် ရေးသားသူတစ်ဦးအား ၂၀၀၈ ခုနှစ်တွင် အသရေဖျက်မှုဖြင့် အပြစ်တွေ့ရှိပြီး အထက်တန်း ကျောင်း သမိုင်းဖတ်စာအုပ်အား တားမြစ်ရန် အင်ဒိုနီးရှား ရှေ့နေချုပ်၏ ဆုံးဖြတ်ချက် ကို ဝေဖန်ခဲ့သည့် သဘောထား မှတ်ချက် ရေးသားမှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခဲ့ပါသည်။

ပြစ်မှုစွပ်စွဲခံရသူများ၏ ဘ၀တွင် ပြစ်မှုဆိုင်ရာ အသရေဖျက်မှု စုံစမ်း စစ်ဆေးခြင်းများနှင့် အရေးယူမှုများ ကြောင့် ကြီးလေးသည့် သက်ရောက်မှု များ ရှိနိုင်ပါသည်။ အသရေဖျက်မှုဖြင့် တရားစွဲဆိုခံရသူအချို့မှာ အလုပ်ပြုတ် ကြပြီး နောက်ထပ်အလုပ်ရှာရန် အခက် အခဲနှင့် ကြုံကြရပါသည်။

အခြားသူများ က ကာလကြာရှည်သည့် အရေးယူမှုများ ပြုလုပ်နေသည့်အချိန်တွင် လုပ်ငန်းပိုင်း ဆိုင်ရာ ဆုတ်ယုတ်မှုများနှင့်ကြုံရပါ သည်။ အချို့သောအရေးယူမှုများ မှာ နှစ်နှင့်ချီပြီး ကြာပါသည်။

အချို့ကမူ အရေးယူခြင်း၊ သို့မဟုတ် အပြစ်စီရင်ချက် ကျခံရခြင်း၏ စွန်းထင်း မှုကြောင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ နှင့် ပညာပိုင်း ဆိုင်ရာ ဆက်ဆံရေးများ တင်းမာခဲ့ရကြောင်း ပြောကြားကြပါ သည်။

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အသရေဖျက်မှု တရားရင်ဆိုင်ချက်များ ကို ကိုင်တွယ်ရာတွင် စာနယ်ဇင်း ကောင်စီထံမှ အင်ဒိုနီးရှား တရားရုံးများ က 'ကျွမ်းကျင်သူ၏ ထွက်ဆိုချက်များ' တောင်းဆိုရန် တရားရုံးချုပ်က ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စာနယ် ဇင်းကောင်စီမှ နိုင်င်ငံတော်ရဲအဖွဲ့နှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ဤ သဘော တူညီချက်တွင် ပုံနှိပ်ထုတ်ဝေမှု နှင့်ပတ်သက်သည့် အသရေဖျက်မှု တိုင်ကြားချက်များကို ပုံနှိပ်ထုတ်ဝေရေး ကောင်စီသို့ ပို့ပေးရန် ရဲအဖွဲ့မှ သဘော တူခဲ့ပါသည်။

အသရေဖျက်သည့် ဆောင်းပါးများကို ပြန်လည်ရုပ်သိမ်း၍ မရသော်လည်း ထိခိုက်မှုများ လျော့ပါး ရန်မူ ကြိုးပမ်း၍ရသည်ဟု အတ်မာ ကူးစူးမား အစတရတ်မဒ်ဂျာက ဆိုပါသည်။

ဆူဟာတိုနောက်ပိုင်း စာနယ်ဇင်း ကောင်စီပေါ်ပေါက်ခဲ့သည်မှာ ၁၂ နှစ် ရှိပါပြီ။

 

(လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အင်ဒိုနီးရှားသုတေသီ အန်ဒရေးရပ်စ် ဟာစိုးနိုသည် ဂျကာတာမြို့တွင် သီးခြားလွတ်လပ်
သော သတင်းစာဆရာများ မဟာမိတ်နှင့် လွတ်လပ်စွာ သတင်းအချက်အလက်များ စီးဆင်းမှုအဖွဲ့အစည်း တည်ထောင်ရာတွင် ကူညီပြီး ၁၉၉၉ စာနယ်ဇင်းဥပဒေကို ရေးသားရာတွင် ပါဝင်ခဲ့သူဖြစ်သည်။)