Now! Fashion Forward

မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ အားကောင်းမောင်းသန်ဖြစ်လာရေး

ကိုကို ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)

မြန်မာ့စီးပွားရေးတံခါး ဖွင့်ပေးလိုက် ခြင်းကို ဒေသတွင်း၌ ကစားကွက်ပြောင်း ခြင်းအဖြစ် အများက ရှုမြင်နေကြသည်။ ကြီးမား ကျယ်ပြန့်သော ပြည်တွင်းစီးပွား ရေးရှိခြင်း၊ သယံဇာတ ပေါကြွယ်ဝခြင်း၊ လုပ်သားအင်အား တောင့်တင်းခြင်းတို့ ကြောင့် တက်ကြွ လှုပ်ရှားပြီး ၀င်ငွေ မြင့်မားသော အခြားအာရှနိုင်ငံများ အဆင့်သို့ ကာလတိုအတွင်း ရောက်ရှိ နိုင်စရာ အလားအလာများစွာရှိနေသည်။

News 

ပြည်တွင်းစစ် ရပ်ပစ်ပါ ရပ်ပစ်ပါ၊ ငြိမ်းချမ်းရေးသာ ပေးပါ၊ ပေးကြပါ

မောင်သွေးသစ်
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

မြန်မာပြည်မြောက်ပိုင်း၊ ကချင် ပြည်နယ် ကျောက်စိမ်းနှင့် ရွှေများ ထွက် ရှိရာ ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်များနှင့် ကေအိုင်အေတပ်များ စစ်မက်ဖြစ်ပွားနေမှု အနိဋ္ဌာရုံသတင်းဆိုးများကို ဂျာနယ်များမှတစ်ဆင့် ကြားသိနေရသည်။

News 

အဆင့်မြင့် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် ဖော်ဆောင်မှုအတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက် ကြပ်မတ်မှုများလိုအပ်

သီဟတိုး
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)

အများအပြား တင်သွင်းလာတဲ့ ကားသစ်တွေ၊ အငှားယာဉ်တွေ ရန်ကုန်မြို့တွင်း နေရာအနှံ့မှာ မောင်းနှင်
သွားလာနေကြလို့ အရင်က ထက် ယာဉ်ကြောပိတ်ဆို့မှုတွေကို ရန်ကုန်မြို့ ခရီးသွားလုပ်သား ပြည်သူတွေ
နေ့စဉ်ကြုံတွေ့နေရပါတယ်။

News 

အစ်မ ဘော်ဒီဂတ် တိုင်ချီတိုလေး

မိုဃ်းလင်း
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)

ကျုပ် ဒီဆောင်းပါးလေးကို ရေးထားတာ ကြာပါပြီ။ အကြမ်း ရေးထား တာ ပေါ့ဗျာ။ အကြောင်း အရာ တိုက်ဆိုင် လာတဲ့ တစ်နေ့ကျ အချော ရေးမယ်ပေါ့။ ၂၀၁၁ ဒီဇင်ဘာလလို့ ထင်တာပဲ။ ဒေါက်တာတင်မျိုးဝင်း က ခွေးကလေး တစ်ကောင် ဓာတ်ပုံနဲ့ 'သတိ ခွေးကိုက်တတ်သည်' လို့ ဗီနိုင်းနဲ့လုပ်တာ ကြည့်လိုက်တော့ 'တိုင်ချီတို' ပုံနဲ့၊ ကျုပ် ပြုံးမိတယ်။ ဒါ ကျုပ်အစ်မ အစီအစဉ်ဖြစ်ရမယ်။

News 

မယဉ်ပါးအပ်တဲ့ ယဉ်ပါးမှုမျိုးကို တားဆီးကြပါစို့

ယမုံဖူးသစ်
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)

မြန်မာစကားအသုံးအနှုန်းမှာ 'ယဉ်ပါး'ဆိုတဲ့ စကားဟာ 'ရင်းနှီး သည်၊ ကျွမ်းဝင်သည်'လို့ အဓိပ္ပာယ်ရ ပြီး သိမ်မွေ့တဲ့ သဘောကို ဆောင်ပါတယ်။ ဒါပေမယ့် ဆေးဝါးကိုယဉ်ပါးပြီ ဆိုရင်တော့ ဒါဟာ ပြဿနာတစ်ခု ဖြစ်သွားပါပြီ။ ဟုတ်ပါတယ်။

News 

ရာဇ၀တ်ဘေး ပြေးလျှင် လွတ်သည်လား

မာဂျေ
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

ရှေးစကားတစ်ခုရှိသည်။ ရာဇ၀တ် ဘေး ပြေးမလွတ်ဟု ဖြစ်သည်။ သို့သော် မာဂျေမြင်နေရသည်က ရာဇ၀တ်ဘေး ပြေးလျှင် လွတ် တတ်သည်ဟု ဆိုရမလို ဖြစ်နေသည်။ ရှေးစကားနှင့်တော့ ဖီလာ ဆန့်ကျင်ဖြစ်နေသည်။ ရှင်းပါအံ့။

News 

ငြိမ်းချမ်းမှုမရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်

ကျော်ဆုမွန်နှင့် အိအိတိုးလွင်
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

ပြည်တွင်းရှိ တိုင်းရင်းသားများအရေး သည် အနာဂတ်မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဦးစားပေးဖြေ ရှင်းရ တော့မည့် အရေး ဖြစ်လာသည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်လာသည်။

News 

ပြည်ထောင်စုလွှတ်တော်နှင့် တရားရေးအာဏာပိုင်အဖွဲ့ သဘောထားကွဲမှု ဖြုတ်မချဘဲ အဖြေရှာတွေ့ရန်အရေးကြီး

သောမတ်စ်ကင်းနှင့် စန္ဒာလွင်
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

ပြည်ထောင်စု လွှတ်တော်အတွင်း ဩဂုတ်လနှောင်းပိုင်းက အင်တိုက် အားတိုက် ပြင်းပြင်းပြပြ ငြင်းခုံဆွေးနွေး နေကြပုံဟာ စနစ်သစ် သက်တမ်း ၁၈ လ အတွင်း မြန်မာနိုင်ငံရဲ့ အရေးအပါဆုံး နဲ့ အံ့ဩအသင့်ရဆုံး ဖြစ်ထွန်း တိုးတက်မှု တစ်ခုပါပဲ။

News 

ရာဇ၀တ်ကျင့်ထုံးဥပဒေကို ပြင်မည်ဆိုလျှင်...

ဦးကျော်အေး
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

ပြည်သူအများ သိရှိလေ့လာအကြံပြုနိုင် ရေးအတွက် ဖြန့်ချိထားတဲ့ဥပဒေကြမ်း တွေထဲမှာ 'ရာဇ၀တ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း' လည်း ပါပါ တယ်။ ရာဇ၀တ်ကျင့်ထုံးဥပဒေဆိုတာ ၁၈၉၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ 'The Code of Criminal procedure' ဖြစ်ပါတယ် (လုပ်ငန်းခွင်မှာ နေ့စဉ် ခေါ်ဝေါ်သုံးစွဲကြ ရာမှာတော့ အလွယ်နည်းနှင့် 'The Criminal Procedure Code' လို့ ပြော လေ့ရှိကြပါတယ်)။

News 

မိုးရေစက်တွေကြားက နွေးထွေးနေဆဲ အပြုံးများ

မြတ်မေဇင်
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

စက်လှေတွေ ရွာထဲကိုဝင်လာတယ်ဆိုရင်ပဲ ရေပြင်ထဲက တဲတွေရဲ့ ခေါင်မိုး နားကနေ ခေါင်းလေးတွေပြူပြီး ရွာသားတွေက ကျွန်မတို့ကို စပ်စုကြတယ်။ "အလှူရှင်တွေလာပြီဟေ့..." ဆိုတဲ့ ၀မ်းသာအားရအော် လိုက်တဲ့ အသံနောက်မှာ လှေကိုယ်စီနဲ့ မိသားစုလိုက် ကျွန်မတို့ စက်လှေနောက်ကို လိုက်လာကြပါလေရော။

News 

သမိုင်းမှတ်တမ်းတင်ရမယ့် အကြောင်းအရာတွေ

ကေအမ်အက်စ်
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

ဪ... ဘာလိုလိုနဲ့ ခေတ်စနစ်တွေက ပြောင်းလဲလိုက်တာ မြန်ဆန်လွန်းပါဘိ။ မထင်မှတ်တဲ့အရာတွေ၊ မတွေးထားတဲ့ အရာတွေက ဖြစ်ပေါ်လို ဖြစ်ပေါ်နဲ့ ကျုပ်မှာ တကယ့်ကိုဝမ်းသာမိပါရဲ့။ ပြုပြင်ပြောင်းလဲရေး ပုဂ္ဂိုလ်ကြီး သမ္မတကြီးဦးသိန်းစိန်၊ ပွင့်လင်းဖော် ဆောင် မှု ပုဂ္ဂိုလ်ကြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ငြိမ်းချမ်းရေးဖော် ဆောင်မှုတွေလုပ်နေတဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ရဲ့ စိတ်နေသဘောထား တွေက တကယ့်ကို လေးစားစရာတွေ ပါပဲ။

News 

တရားမကျင့်ထုံးဥပဒေကို ပြင်မည်ဆိုလျှင်...

ဦးကျော်အေး
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်တဲ့ကိစ္စနှင့်ပတ်သက်လို့ ပြောမယ်ဆိုတော့ သူ့သမိုင်းကြောင်းအပေါ် အခြေခံပြီးပြောရမှာဖြစ်လို့ တရားမကျင့်ထုံးဥပဒေရဲ့ သမိုင်းကြောင်းကိုလည်း ပြောပါရစေဦး။ ဒီဥပဒေရဲ့ဇာတိက အိန္ဒိယပြည်ပါ၊ မြန်မာနိုင်ငံသားမဟုတ်ပါဘူး။

News 

ဒေါက်တာဘွဲ့၊ ရာထူးတိုးမြှင့်ရေးနှင့် ကျောင်းအုပ်ပြဿနာ

မာဂျေး
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

လွန်ခဲ့သောဆယ်စုနှစ်တွင် တိုင်းပြည် အုပ်ချုပ် မင်းလုပ်သူတို့က ပြည်တွင်း၌ ပညာတတ်များစွာကို တက်သုတ်ရိုက် မွေးထုတ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ၌ ပင် မရှိဖူးသေးသော တစ်ရက်တည်းနှင့် ပီအိပ်ခ်ျဒီ ဒေါက်တာဘွဲ့ အယောက် ၂၀ နီးပါးကို ဌာနတစ်ခုတည်းမှ ပေး အပ်ခဲ့သည်အထိ ရှိခဲ့သည်။

News 

နှစ် ၅၀ နီးပါး သက်တမ်းရှိ စာပေစိစစ်မှုကို ပယ်ဖျက်လိုက်ပြီးနောက် လူမှုဘ၀ဆက်ဆံရေး တစ်ရပ်ကို တည်ဆောက်နိုင်ခဲ့ပြီ

ရော့စ်ဒန်ကလီ ရေးသားသည်
အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)

လူ့လောကကြီးသည် ထာဝစဉ်ပြောင်းလဲနေသည်။ ထို့အတူ မြန်မာ နိုင်ငံသည်လည်း ပြောင်းလဲလျက်ရှိသည်။ ကမ္ဘာကြီးသည် ပိုမို နေပျော် ဖွယ် ကောင်းသော နေရာတစ်ခုဖြစ်လာနေပြီဟု ကျွန်ုပ်တို့ ယုံကြည် နိုင်ပေပြီ။ မင်နီတံကြီး အမှိုက်ပုံးထဲ ပစ်ချလိုက်သည်ကို မြင်လိုက်ရ၍ ၀မ်းသာပီတိ ဖြစ်မိပါသည်။

News 

မိုး

မာဂျေ
အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)

ဘယ်လိုလဲမိုးဟု မေးရလောက်အောင် ဩဂုတ်တစ်လလုံး မိုးရွာနေ သည်။ မိုးရွာလျှင် ဒုက္ခရောက်နေကြဖြစ် သော မြန်မာနိုင်ငံ အောက်ပိုင်း ကား ဆိုဖွယ်ရာမရှိပြီ။ ပဲခူးလည်း ရေကြီးသည်။ ပုသိမ်လည်း ရေကြီးသည်။ ရန်ကုန်မြို့သစ်များနှင့် မြို့မသစ်တစ်သစ်များလည်း ရေကြီးသည်။ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာပျက်မည်ဆိုသော ဟောကိန်းကို သတိရစရာဖြစ်လာသည်။

News 

မြန်မာနိုင်ငံ၏ ပညာရေးနှင့် ဖွံ့ဖြိုးမှုအတွက် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်

Dr.ညီဝင်းမှန်
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)

စာရေးသူသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် သတင်းအချက်လက် များ၊ ပညာရေး၊ ဆက်သွယ်မှုနှင့် ဗဟုသုတ၏ အရေးပါသော အခန်းကဏ္ဍအကြောင်း ယခင်က ရေးသားတင်ပြခဲ့ပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ကျန် ရှိသော ကမ္ဘာနှင့် နှစ်ပေါင်းရာစု ထက်ဝက်ကျော်မျှ ဆက်သွယ်မှုပြတ်တောက်ခဲ့၏။

News 

တရားရုံးများမထီမဲ့မြင်ပြုမှု ဥပဒေကြမ်းနှင့်ပတ်သက်၍...

ကေအမ်အက်စ်
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)

ပြည်သူအများ သိရှိလေ့လာအကြံပြုနိုင် ရေးအတွက် ထုတ်ပြန်ကြေညာထားတဲ့ 'တရားရုံးများမထီမဲ့မြင်ပြုမှု ဥပဒေကြမ်း' နဲ့ပတ်သက် လို့ ပြောချင်တာလေးတွေ မပြောမီ ဒီအကြောင်းအရာနဲ့ပတ်သက် တဲ့ နောက်ခံသမိုင်းကြောင်းကို ပြောလို ပါတယ်။

News 

နတ်မောက်သားနဲ့ ပဋ္ဌာန်းဆက်ပါသူများ

ကေအမ်အက်စ်
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် ကြီး၊ တပ်မတော်ဖခင်ကြီး၊ စစ်သေနာ ပတိ၊ စစ်ဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကားကြီး ရိုက်ကူးဖို့ အတွက် မကြာခင်က သရုပ်ဆောင်တွေ ကို နောက်ဆုံးရွေးချယ်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနေရာ အတွက် နှစ်ယောက်၊ ဒေါ်ခင်ကြည်နေရာအတွက် နှစ်ယောက်၊ နောက်ဆုံး ဆန်ခါတင် ရွေးချယ်ခဲ့ကြပါတယ်။

News 

ရာဇသတ်ကြီးကို ပြင်ဆင်လိုလျှင်

ဦးကျော်အေး
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

ဒီဆောင်းပါးကတော့ ၂၀-၂၆၊ ၇၊ ၂၀၁၂ နေ့မှာ ထုတ်ဝေခဲ့တဲ့ မြန်မာတိုင်း(မ်)ပါ 'ရာဇသတ်ကြီးဥပဒေဆိုတာ ဥပဒေ ဟုတ်ရဲ့လား' ဆိုတဲ့ ဆောင်းပါးရဲ့ အဆက်လို့ ဆိုနိုင်ပါတယ်။ ယခင်ဆောင်းပါးရဲ့ ဆိုလိုရင်းအချက်က "ရာဇသတ်ကြီးဆိုတာဥပဒေမဟုတ်ဘူး၊ ဥပဒေပြုအဖွဲ့က ပြဋ္ဌာန်းခဲ့တဲ့ The Penal Code သည်သာ ဥပဒေဖြစ်တယ်။ ဥပဒေတွေကို အခြားဘာသာစကားနှင့် ဘာသာပြန်ဆို ဖော်ပြတာတွေက သက်ဆိုင်ရာ စာဖတ်ပရိသတ်ကို သတင်းပေး တဲ့သဘောသာ ဖြစ်တယ်။

News 

ဦးတည်ရာလမ်းကြောင်း ပျောက်သွားခြင်းတဲ့လား

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်တစ်ခုကို ဖောက်ဖျက်မှုဖြင့် ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်နှစ်စောင်၏ ထုတ်ဝေ ခွင့်များကို ယာယီရပ်ဆိုင်းလိုက်ကြောင်း သက်ဆိုင်ရာဌာနက ထုတ်ပြန်ခဲ့သည်။

News 

မည်သူမဆို

ဦးတင်မောင်လတ် (မွန်ပြည်နယ် ကျောင်းကျန်းမာရေး)
အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )

ဇူလိုင်လ ၁၃ ရက်နေ့က ပြည်သူ့လွှတ် တော်မှာ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ် နန်းဝါနုက အမေရိကန်နိုင်ငံရဲ့ မြန်မာ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန် မည်သူမဆို မည်သည့် နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်း တိုက်တွန်းပေးရန် အရေးကြီး အဆို တစ်ခုကို တင်သွင်းခဲ့ပါတယ်။

News 

ဥက္ကဋ္ဌကြီး

မာဂျေ
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

"တပည့်မောင်ကြွက်နီရေ၊ သူများတွေ က ဟိုအဖွဲ့မှာ ဥက္ကဋ္ဌကြီးအခေါ်ခံလိုက်၊ ဒီအဖွဲ့မှာ ဥက္ကဋ္ဌကြီးအခေါ်ခံလိုက်နဲ့ တော်တော် အားကျလာပြီ။ ငါလည်း ဥက္ကဋ္ဌကြီးအခေါ်ခံရအောင် ကြံဦးမှထင် တယ်"လို့ ပြောလိုက်ရင်ပဲ... "တော်စမ်းပါ ရပ်ကွက်ဥက္ကဋ္ဌလုပ်ဖို့ တောင် အသက်ကကျော်နေပြီ။ အေးအေး နေစမ်းပါ။ သူများတွေ သူ့ဟာသူ အသင်း အဖွဲ့နဲ့ နေတာကို သွားဒုက္ခမပေးစမ်းပါ နဲ့" တဲ့။

News 

လုပ်သားပြဿနာများတွင် အစိုးရ၊ အလုပ်ရှင်၊ လုပ်သားများသာမက လူမှုအဖွဲ့အစည်းများ ပါဝင်လာ

ဝင်းကိုကိုလတ်နှင့် နိုနိုအောင်
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော အလုပ်သမားပြဿနာများကို ဖြေရှင်းရာတွင် ဇွန်လ ဒုတိယပတ်မှစ၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများ အပြင် ကောင်းမွန်သောအုပ်ချုပ်ရေး စနစ်၏ အဓိက ဇာတ်ကောင်ဖြစ်သည့် လူမှုအဖွဲ့အစည်းများ ပါဝင်ကူညီဖြေရှင်းခဲ့သည် ဟု အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် က ယခုလ ၉ ရက်က ပြောသည်။

News 

မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းမှုများအတွင်း ပေါ်ပေါက်လာနေသော လူလူချင်းစာနာ ထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများ

Ashok Nigam
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

မြန်မာနိုင်ငံသည် သဘာဝကပ်ဘေး ဒုက္ခများ၊ လူလူချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် ပတ်သက်၍ ထိလွယ် ခိုက်လွယ်အခြေအနေ ရှိသောနိုင်ငံဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် နာဂစ်တည်းဟူသော မုန်တိုင်းက မြန်မာ နိုင်ငံကို ၀င်ရောက်မွှေနှောက်သွားခဲ့ သည်။ ယင်းသည် မြန်မာနိုင်ငံအတွက် အဆိုးရွားဆုံး သဘာဝကပ်ဘေးဒုက္ခ ဖြစ်ခဲ့သည်။ နာဂစ်ကြောင့် လူပေါင်း ၁၄၀,၀၀၀ တို့ အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း၂ ဒသမ ၄ သန်းခန့် ပြင်းပြင်း ထန်ထန် ထိခိုက်ခံစားခဲ့ရသည်။

News 

ရာဇသတ်ကြီးဥပဒေဆိုတာ ဥပဒေဟုတ်ရဲ့လား

ဦးကျော်အေး
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)

ပထမအကြိမ် ပြည်ထောင်စုလွှတ် တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ရဲ့ စတုတ္ထပုံမှန်အစည်း အဝေးများ ကျင်းပနေတဲ့ကာလအတွင်းမှာ ထူးခြားတဲ့လုပ်ဆောင်မှုတစ်ခုကို တွေ့ရှိရတယ်။

News 

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားရှိရာ မြ၀တီမြို့

မောင်မောင်သောင်းမြင့် (တရားရေး)
အတွဲ ၂၉ ၊ အမှတ် ၅၇၇ (၁၃ - ၁၉ ၊ ၇ ၊ ၂၀၁၂)

မြ၀တီဆိုသောအမည်သည် ကျွန်တော့ နှလုံးသားထဲတွင် ငယ်စဉ်ကတည်းက မှတ်မှတ်ရရ ကိန်းအောင်းလျက်ရှိပါသည်။ မြ၀တီ မင်းကြီးဦးစ၏ နှလုံးရည်၊ လက်ရုံးရည်တို့ကို ဖတ်ရှုလေ့လာရပြန် သောအခါ 'မြ၀တီ' အမည်သည် ကျွန်တော်၏ 'ဘ၀အားမာန်' လမ်းပြ ကြယ် ဖြစ်လာပါတော့သည်။

News 

'လှေကလေးကိုလှော်မည်၊ ဘေးမသမ်းဘဲ အေးချမ်းတော့သည်'
သီချင်း ဆိုပါလေဦး ကြီးကြီး ဘိလပ်ပြန်သန်း

ကေအမ်အက်စ်
အတွဲ ၂၉ ၊ အမှတ် ၅၇၆ (၆ - ၁၂ ၊ ၇ ၊ ၂၀၁၂)

ကြီးကြီးရေ... ဒီနေ့ဒီအချိန် ဒီကာလ မှာ ကျွန်တော်လေ ကြီးကြီးရယ်၊ ပက်ထရစ်ရှာဂိုးလ်ဘုသ်(PGB လေဒီ ဂိုးလ်ဘုသ်)ရယ်၊ အစ်ကိုမိုက်ကယ်ရယ် ကို အရမ်းသတိရနေမိပါတယ်။

News 

စာနယ်ဇင်းကောင်စီများ...အင်ဒိုနီးရှား၏အတွေ့အကြုံ

အန်ဒရေးရပ်စ် ဟာစိုးနို
အတွဲ ၂၉ ၊ အမှတ် ၅၇၅ (၂၉ ၊၆ - ၅ ၊၇ ၊ ၂၀၁၂)

ယခင် သတင်းမီဒီယာချုပ်ကိုင်မှုစနစ် များကို အစားထိုးရန်အတွက် မြန်မာ နိုင်ငံတွင် စာနယ်ဇင်းကောင်စီတစ်ရပ် ဖွဲ့စည်းရန် ဆောင် ရွက်လျက်ရှိနေစဉ် ဒေသဆိုင်ရာ ရှုထောင့်များသည် မှတ် သား လောက်သည့် သင်ခန်းစာများကို ပေးနိုင်ပါသည်။

News 

သစ်ကုန်သွယ်လုပ်ငန်းခွန်သစ်

မောင်ကြာလှ
အတွဲ ၂၉ ၊ အမှတ် ၅၇၃ (၁၅ - ၂၁ ၊ ၆ ၊ ၂၀၁၂)

ပြည်ပတင်ပို့မှုတွင်လည်း ဤအချက်သည် အရေးပါသောအချက် ဖြစ်သည်။ ထုတ်လုပ်မှု သဘောသဘာဝ အရ သစ်လုံးနှင့် ခွဲသားမတူ။ အကြမ်း အားဖြင့် သစ်လုံး နှစ်တန်ခွဲမှ ခွဲသားတစ်တန် ရသည်။ ပြည်ပရောင်းတန်းဝင် ခွဲ သားထုတ်လုပ်လျှင် ယင်းထက်ပင် နည်း ဦးမည်။ သစ်လုံး သုံးတန်ခွဲမှ ပြည်ပ ရောင်းတန်းဝင်ခွဲသား တစ်တန်ခန့် သာ ရနိုင်မည်။

News 

စိတ်ကို ပျော်ရွှင်စေမှုနဲ့ကုတဲ့ ဆရာဝန်လူရွှင်တော်အဖွဲ့

ယမုံဖူးသစ်
အတွဲ ၂၉ ၊ အမှတ် ၅၇၃ (၁၅ - ၂၁ ၊ ၆ ၊ ၂၀၁၂)

"မလှုပ်နဲ့၊ လက်မြှောက်" ဆရာဝန်က ကလေးကို သေနတ်နဲ့ချိန် ထားလိုက်ပြီး အတန်ငယ်ရွှင်မြူးတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။ ဂျူတီကုတ်ကို ၀တ်ထားပြီး မျက်နှာမှာ ရောင်စုံခြယ်ထားတဲ့ ရယ်စရာအဆင်တန်ဆာတွေနဲ့ ဆရာဝန်က သူ့အတွက်အမြင်ဆန်းနေ ပေမယ့် ကလေးဟာ ပျော်ရွှင်နေပုံပေါ်ပါတယ်။

News 

သစ်ကုန်သွယ်လုပ်ငန်းခွန်သစ်

မောင်ကြာလှ
အတွဲ ၂၉ ၊ အမှတ် ၅၇၂ (၈ - ၁၄ ၊ ၆ ၊ ၂၀၁၂)

ဤခေါင်းစဉ်တွင် 'သစ်'ဟူသော စာလုံး နှစ်လုံး ပါဝင်သည်။ ရှေ့ဆုံးက 'သစ်'မှာ မြန်မာအဘိဓာန်တွင် (၁)အဆောက် အအုံ၊ ပရိဘောဂလုပ်ရန် အကိုင်းအခက် ဖြတ်တောက်ထားသောသစ်လုံး (၂) ယင်းသစ်လုံးကို ခွဲစိတ်ထားသောအရာ ဟု အဓိပ္ပာယ်ဖွင့် ထားသည့် နာမ်တစ်ခု ဖြစ်ပါသည်။

News 

ရိုးသားသည့်ဂုဏ်

မြင့်သန်းကျော်
အတွဲ ၂၉ ၊ အမှတ် ၅၇၂ (၈ - ၁၄ ၊ ၆ ၊ ၂၀၁၂)

လုပ်ငန်းရှင်တိုင်းကလည်း ကိုယ်သက် သာပြီးရောဆိုတဲ့ အတွေးတွေနဲ့ လာဘ် ပေးသွားကြတာကြောင့် နိုင်ငံတော်မှာ ကြီးမားတဲ့ အခွန်ငွေဆုံးရှုံးမှုပါ။ ရသင့်တဲ့ အခွန်ငွေက သူတို့တွေအိတ်ထဲရောက်ခဲ့ ရပြီပဲလေ။ နိုင်ငံတော်မှာ ရသင့်ရထိုက် တဲ့ အခွန်ငွေဟာ ဒီမရိုးသားတဲ့ဝန်ထမ်း တွေကြောင့်လျော့နည်းဆုံးရှုံးခဲ့ရတယ်။

News 

ရိုးသားသည့်ဂုဏ်

မြင့်သန်းကျော်
အတွဲ ၂၉ ၊ အမှတ် ၅၇၁ (၁ - ၇ ၊ ၆ ၊ ၂၀၁၂)

ရေချမ်းစင်တစ်ခုမှာ ကပ်ထားတဲ့ မေတ္တာ ၀ါဒီဆရာတော်ရဲ့ ကဗျာလေးတစ်ပုဒ်ကို ဖတ်မိတယ်။ လှူရင်တိုး ခိုးရင်မွဲ ရိုးသားသည့်ဂုဏ် စားမကုန်တဲ့။ လှူဒါန်းတယ် ဆိုတာ ငွေကြေးပိုလျှံ စိတ်လက်ကြည်သာ ရှိနေလို့ လှူဒါန်းတာဖြစ်တယ်။ ဒီအတွက် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီးမှု ပိုလာတယ်။ လုပ်ငန်း လုပ်ဆောင်ရာမှာလည်း ပူးပေါင်း ဆောင်ရွက်ခြင်းတွေဟာ လိုအပ်ရင် ပိုမို ချောမွေ့လို့ စီးပွားဥစ္စာ တိုးပွားလွယ်မယ်။

News 

ဘကြီးညို၏ အောက်ကစ

ဦးတင်မောင်လတ်
(မွန်ပြည်နယ်ကျောင်းကျန်းမာရေး)
အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)

ရိုးသားသော မွန်လူမျိုး ဘကြီးညို ... မွန်နာမည်ကိုတော့ နိုင်ကွန်ဒေဟု ခေါ်ကြသည်။ မွန်ပြည်နယ်၏ အေးချမ်းသော မွန်ရွာကလေး တစ်ရွာတွင် မူလ တန်းပြဆရာအဖြစ် အသက်မွေးဝမ်း ကျောင်း ပြုလုပ်ခဲ့သူ ဖြစ်၏။ ဆရာညို သည် သူ၏ကျောင်းဆရာအလုပ်ကို အလွန်တန်ဖိုးထားပြီး ၎င်း၏တပည့် ကလေးများအပေါ် သံယောဇဉ်ကြီးမားသော ဆရာတစ်ယောက်ဖြစ်၏။

News 

ကုဋေတစ်သန်းမကတဲ့ ခြေတစ်လှမ်းအစ

ဦးသိန်းအောင် (တရားလွှတ်တော်ရှေ့နေ)
အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)

ကုန်အမှတ်တံဆိပ် (Trademark) ၊ တီထွင်မှုမူပိုင်ခွင့်နှင့် ဒီဇိုင်း (Patent and Design)၊ စာပေနှင့်အနုပညာ မူပိုင်ခွင့် (Copyright) တို့ ပါဝင်သော ဉာဏ ပစ္စည်း (Intellectual Property) ကို အကာအကွယ်ပေးရန် ကမ္ဘာပေါ်၌ ပထမဆုံး အခြေချခဲ့သည့် Paris Convention မပေါ်မီ ၁၀ နှစ်ခန့်အချိန်၊ သို့မဟုတ် အဆိုပါဉာဏပစ္စည်းများကို ကာကွယ် စောင့်ရှောက် ပေးမည့် နိုင်ငံတကာ သဘောတူညီချက်များနှင့် ဆိုင်ရာဥပဒေများ မပြဋ္ဌာန်းပေးနိုင်မီ ကာလ ၁၈၇၃ ခုနှစ်။

News 

တရားခံဖြစ်သွားသော တရားသူကြီး

မောင်မောင်သောင်းမြင့်
(တရားရေး)
အတွဲ ၂၉ ၊ အမှတ် ၅၆၉ (၁၈ - ၂၄ ၊ ၅ ၊ ၂၀၁၂)

ဒီအကြောင်းတွေကို တွေးမိတိုင်း ရင်နင့်အောင် ခံစားရပါသည်။ ကျွန်တော် အခုဖော်ထုတ်မယ့်အဖြစ် အပျက်တွေဟာ အဖြစ်မှန် တွေပါ။ မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာ စေလိုမှု စိုးစဉ်းမျှ မပါရှိပါ။ ကျွန်တော့ဘ၀နဲ့ ယှဉ်တွဲဖြစ်ပျက်ခဲ့တဲ့ သမိုင်း မှတ်တိုင် တွေထဲမှ သင်ခန်းစာယူကြပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့အတွေး အခေါ်တွေနဲ့ ကျွန်တော်တို့နိုင်ငံတော်ကြီး တိုးတက်အောင် ဆောင်ရွက်နိုင်ကြဖို့ 'စေတနာ'နဲ့ ရင်ဖွင့်တာပါ။

News 

လူဦးရေ အချိုးအစား ပြောင်းလဲမှု၏ စိန်ခေါ်မှုများ၊ အာရှသည် မချမ်းသာခင် အိုမင်းနေပြီ

အယ်ဒိုဝါဒိုကလင်
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)

အာရှဒေသရှိ လူဦးရေအချိုးအစားဟာ အလျင်အမြန်ကိုပဲ ပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲမှုမှာ မြန်မာနိုင်ငံလည်း တစ်နိုင်ငံ အပါဝင် ဖြစ်ပါတယ်။ ယခုအချိန်က စတင်ရေတွက်ပြီး လာမယ့် နှစ်ပေါင်း ၂၀ အတွင်းမှာ အာရှမှာ အသက် ၆၀ ကျော်ရှိတဲ့လူဦးရေက ကလေးဦးရေထက် ပိုများပြားလာပါလိမ့်မယ်။

News 

ရေအားလျှပ်စစ်

မြင့်သန်းကျော်
အတွဲ ၂၉ ၊ အမှတ် ၅၆၇ (၄ - ၁၀ ၊ ၅ ၊ ၂၀၁၂)

ရန်ကုန်မြို့တော်ကို မီးအလှည့်ကျပေးလိုက်တော့မြို့တော်ကြီးမှာ လှုပ်လှုပ်ရှားရှားတွေအများကြီးဖြစ်ကြရပါတယ်။ ယနေ့ကမ္ဘာမှာ လျှပ်စစ်ဟာ အရာရာနဲ့ပတ်သက်နေပြီလို့ ပြောရမတတ်ပါပဲ။ မီးဖြတ်တာ ကမ္ဘာနဲ့ အဆက် ဖြတ်ခံရတာပါပဲ။

News 

နိုင်ငံတော်သမ္မတကြီးခင်ဗျား

ဆရာဝန်တစ်ဦး
အတွဲ ၂၉ ၊ အမှတ် ၅၆၇ (၄ - ၁၀ ၊ ၅ ၊ ၂၀၁၂)

နိုင်ငံတော်သမ္မတကြီးခင်ဗျား။ ရေ ကြည်ရာ မြက်နုရာဆိုတဲ့ စကား အတိုင်း ရေကြည်မြက်နုရှိတဲ့ ပြည်ပမှာ ခေတ္တအလုပ်လုပ် နေရပေမယ့် သမ္မတကြီးရဲ့ ကောင်းသတင်းများဟာ ပြည်ပနိုင်ငံများအထိ ပျံ့လွင့် ကြားသိနေရပါကြောင်း ဦးစွာတင်ပြပါရစေ။

News 

မြန်မာ့နိုင်ငံရေးတွင် ပြောင်းလဲမှုအမျိုးအစားသည်သာ စိန်ခေါ်မှုဖြစ်သည်

ရာမက်ရှ်ဆရက်ရှ်သာ (ယူနီဆက်ဖ်မြန်မာ)
အတွဲ ၂၉ ၊ အမှတ် ၅၆၆ (၂၇၊၄ - ၃၊၅ ၊ ၂၀၁၂)

ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရအဖွဲ့မျှ ၎င်းတို့၏ ပြည်သူများ မျှော်လင့် အားထားချက်ကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ခြင်းမရှိသော ကြောင့် မြန်မာနိုင်ငံအဖို့လည်း ဤနေရာတွင် ခြွင်းချက်အဖြစ်မရပ်တည်နိုင်ပေ။ နိုင်ငံအစိုးရအပေါ် ပြည်သူတို့က မျှော်လင့်ချက် ကြီးမားစွာ ထားပေလိမ့်မည်။ ကမ္ဘာ့နိုင်ငံအများကလည်း 'ယခုထက်ပိုလုပ်ဆောင်ပေးရန်'ဖိအားပေးလိမ့်မည်။ စီးပွားရေးလုပ်ငန်းများ လုပ်ခွင့် ပိုမို လုပ်ကိုင်ရေးအတွက်နှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုဖွင့် လှစ်ပေးရန်အတွက်လည်း ဖိအားပေးကြပေလိမ့်မည်။

News 

ဟစ်၍သာခေါ်လိုက်ချင်တော့တယ် ဆရာရေ

သန့်ဇင်စိမ်း
အတွဲ ၂၉ ၊ အမှတ် ၅၆၅ ( ၂၀ - ၂၆ ၊ ၄ ၊ ၂၀၁၂)

စင်ကာပူနိုင်ငံမှာ မြန်မာတို့စုဝေးရာ နေရာ၊ မြန်မာဆိုင်တွေရှိတဲ့ မြန်မာရွာလို့ သတ်မှတ်နိုင်တဲ့ Penisula Plaza ကို ရောက်တယ်။ အချိန်စောသေးလို့ တချို့ဆိုင်တွေလည်း မဖွင့်သေးပါဘူး။

ရဲရင့်မြန်မာ စားသောက်ဆိုင်မှာ မြန်မာ ထမင်းကြော်နဲ့ မြန်မာ့ အရသာလက်ဖက် ရည်တို့ကို မှာစားတယ်။

News 

ဂရန်တီနှင့် ၀ရန်တီ (Guarantee & Warranty)

ဒေါက်တာလွင်ကို
အတွဲ ၂၉ ၊ အမှတ် ၅၆၃ (၃၀၊၃ - ၅၊၄၊ ၂၀၁၂)

Guarantee = n - ကတိပေးခြင်း၊ vt - တာဝန်ခံခြင်းဟု Dictionary တွင်ဖော်ပြ ထားပါသည်။ (Promise that something will be done or will happen esp; a written promise)

Warrant = vt - လုံလောက်စေသည် - အကြောင်းခိုင်လုံစေသည်၊ n - ၀ရန်း၊ အမိန့်စာဟု ဖော်ပြထားရာ Warranty- - ဆိုတော့ အာမခံလက်မှတ်ပေါ့။

News 

ထားသင့်တဲ့ဝါဒ

မြင့်သန်းကျော်
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)

စာရေးသူ မိတ်ဆွေတစ်ယောက်က စကားဝိုင်းတစ်ခုမှာ နှစ် ၃၀ က ဖြစ်ရပ် လေးတွေ ပြောပြသွားတယ်။ အဲဒီအချိန် က သူဟာ မြစ်ကြီးနားနဲ့ တနိုင်း တပ်ရိက္ခာ စုပုံရေးယာဉ်တွေအတွက် အကြီးစား ပြုပြင်ရေးတာဝန်နဲ့ မြစ်ကြီးနားမှာ လေတပ်စခန်းအ၀င် နန့်ပေါင်မှာ နေခဲ့ ပါတယ်။

News 

အာမခံ ဆင်ဖိုနီ

ဒေါက်တာမောင်မောင်သိမ်း
အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ - ၂၂ ၊ ၃၊ ၂၀၁၂)

အာခေါင်တွေ ခြောက်ကပ်နေသည်။ နှလုံး တဒိန်းဒိန်း ခုန်နေသည်။ ဇောချွေး များ ရွှဲနစ်လာ၏။ ပါးစပ်မှ မသဲမကွဲ အသံပြုမိသည်။ စိုးရိမ်စိတ်... ကြောက်စိတ်... ထိုစဉ် ရုတ်တရက် နိုးလာ၏။ ထိုကျမှပင် ဪ... အိပ်မက်ပါလားဟု အနည်းငယ် စိတ် သက်သာရာရမိ တော့သည်။ လန့်နိုးလာချိန်မှာ နံနက် ၄ နာရီကျော်၊ ပြန်အိပ်၍ မပျော်တော့။ ရင်မှာ တုန်နေ ဆဲ။ မျက်စိမှာ လန့်ကျယ်ကျယ်နေသည်။

News 

မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ရက်စွဲများမှသည် နောင်အနာဂတ်ဆီသို့

ကိုသိန်း (ကျောက်ကြီး)
အတွဲ ၂၈ ၊ အမှတ် ၅၆၀ (၉ - ၁၅ ၊ ၃၊ ၂၀၁၂)

အရင်ဦးဆုံး စာဖတ်သူများကို ၀န်ခံလို တာကတော့ ကျွန်တော်ဟာ စာရေးဆရာ တစ်ယောက် မဟုတ်သလို နိုင်ငံရေးသမား တစ်ယောက်လည်း မဟုတ်ပါဘူး။ သာမန်ပြည်သူတစ်ဦးသာလျှင် ဖြစ်ပါတယ်။ ကျွန်တော့ရဲ့ အရေးအသား အတွေးအခေါ် အယူအဆတွေဟာ အမြီးအမောက် တည့်ချင်မှ တည့်ပါလိမ့်မယ်။

News 

သုညတွေဆီ လက်တွဲ လျှောက်လှမ်းရမယ့်ခရီး

ယမုံဖူးသစ်
ကျန်းမာရေးသတင်းထောက်
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)

"သုညတွေအထိ လျှော့ချမယ်ဆိုတာ ရည်မှန်းချက် အရမ်းကြီးလွန်း သလိုများ ဖြစ်နေမလား"။ ဒီလို မေးခွန်းထုတ်မယ်ဆိုရင်တော့ အဖြေက 'ဟုတ်ပါတယ်' ဆိုပေမယ့် မဖြစ်နိုင်တဲ့ပန်းတိုင်တစ်ခုကို ချိန်ရွယ်နေ တာမဟုတ်ပါဘူးလို့ အိပ်ခ်ျ အိုင်ဗီ-အေ့ဒ်စ် တိုက်ဖျက်ရေးလုပ်ငန်း တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် နေကြသူတွေက ပြောမှာပါ။

News 

ပြဇာတ်ကောင်းကောင်း

မာဂျေ
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)

သေသေချာချာ ဇာတ်တိုက်ထားတဲ့ ပြဇာတ်ကောင်းကောင်းတွေ ငယ်ငယ်က ကြည့်ဖူးတယ်။ ဘယ်လောက် ကောင်းလဲဆိုရင် မင်းသားနှိပ်စက်ခံရရင် ယောက်ျားလေးတွေက တောသဘာဝ ပြောင်းဖူးရိုးနဲ့ စင်ပေါ် လှမ်း ပေါက်မိကြသလို ကောင်မလေးတွေက အောက်ကနေ တရှုပ်ရှုပ် ငိုကြတဲ့အထိပဲ။နောက်ပိုင်းဇာတ်တော်ကြီးတွေမှာ ပုဏ္ဏားလုပ်တဲ့ သူဆိုရင် ပြောင်းဖူးရိုးတို့ သားရေကွင်းတို့နဲ့ အပစ်ခံရဆုံးပေါ့။

News 

ဒီမိုကရေစီနိုင်ငံတော် မြန်မာလူမျိုးများနှင့် အနာဂတ်ခရီး

ကလျာ
(စီးပွားရေးတက္ကသိုလ်)
အတွဲ ၂၈ ၊ အမှတ် ၅၅၈ ( ၂၄ ၊ ၂ - ၁ ၊ ၃၊ ၂၀၁၂)

မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ မိုင် ကျယ်ဝန်းပြီး လူဦးရေစုစု ပေါင်း ၅၅ သန်းကျော်ရှိကာ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံ တို့ဝန်းရံလျက်တည်ရှိပြီး တရုတ်နှင့် အိန္ဒိယပြီးလျှင် တတိယ အကြီးဆုံးနိုင်ငံ ဖြစ်သည်။

News 

၂၁ ရာစုနှစ်တွင် ဗဟုသုတ၏ အရေးပါသောအခန်းကဏ္ဍ

ဒေါက်တာညီဝင်းမှန် (ကုခန်းစိတ်ပညာရှင်)
အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)

ထို့ပြင် အီလက်ထရွန်းနစ်ဆက်သွယ်မှုကို ကမ္ဘာတစ်ဝန်းလုံးတွင် အကြောင်း ကိစ္စအမျိုးမျိုးဖြစ်သော ပညာရေး၊ ကုန်သွယ်စီးပွား ရေးနှင့် အထူးသဖြင့် လူသား ၀န်ဆောင်မှုလုပ်ငန်းများ(human services) အတွက် ကျယ်ပြန့် စွာ သုံးစွဲလျက်ရှိ၏။ သာဓကတစ်ခု အနေဖြင့် ယခုအခါ ကျွန်ုပ်တို့သည် ကုန်သွယ်ရေး၊ ကျန်းမာရေးနှင့် စပ်လျဉ်း၍ 'e-commerce' နှင့် 'e-health' ဟူ၍ အသုံးပြုလျက် ရှိ၏။

News 

ငါးရဖို့က အဓိက

မာဂျေ
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)

ယခုတလော မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန် ကုမ္ပဏီကြား ကျပ် ၅,၀၀၀ တန် ကတ်ဖုန်းကိစ္စ အငြင်းပွားနေကြသည်။ နှစ်ဖက် စလုံးက မီဒီယာများကို အသုံးပြုပြီး ကိုယ့်ဘက်ကမှန်ကြောင်း သက်သေတွေပြနေကြသည်။ မီဒီယာထက်တွင် စစ်တလင်းခင်း နေကြသည်။ ကြားထဲက ပြည်သူတွေမှာတော့ 'ထင်သာထင် မ၀င်ဘူး ကျောင်းအမရေ' ဆိုသည့်စကားလို သက်သာသောနှုန်းထားဖြင့် ဖုန်းကိုင် ဆောင်ခွင့်အိပ်မက်များ ပျက်ပြယ်နေရသည်။

News 

စီးပွားရေး အလားအလာကောင်းများနှင့် တွေ့ကြုံရမည့်အခက်အခဲများ

(တူဒေး)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)

ကာလရှည်ကြာ ထိန်းသိမ်းခံထားခဲ့ရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေချိန်တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီး ရောက် လာသည်။

News 

၂၁ ရာစုနှစ်တွင် ဗဟုသုတ၏ အရေးပါသောအခန်းကဏ္ဍ

ဒေါက်တာညီဝင်းမှန် (ကုခန်းစိတ်ပညာရှင်)
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)

၂၁ ရာစုနှစ်ကို 'ဗဟုသုတ ရာစုနှစ်' ဟု ခေါ်တွင်၏။ ယခုအခါ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သတင်းအချက်အလက်များ (information)၊ ဆက်သွယ်ရေး (communication) ၊ ပညာရေး (education) နှင့် ဗဟုသုတ (knowledge) ပြည့်လျှံလျက်ရှိ၏။ မကြာသေးမီ ကာလက သက်ရှိသက်မဲ့လောကနှင့် စပ်လျဉ်း၍ ကြီးကျယ်ပြီး အခြေခံကျလှသော တိုးတက်မှုများ ဖြစ်ပေါ်ခဲ့၏။

News 

...အိတ်ဖွင့်ပေးစာ

မာဂျေ
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)

ဂျာနယ်များတွင်... အိတ်ဖွင့်ပေးစာ ဟူ၍ သူသူငါငါ ရေးသားနေကြသည့်အတွက် ကျွန်တော်ကလည်း ရောတိရောရာ မာဂျေလည်းပါ ဟူသည့်သဘောဖြင့် ခေတ်မီအောင် ခါတော်မီရေးသားခြင်းမဟုတ်ကြောင်း ဦးစွာ အစီရင်ခံ တင်ပြလိုပါသည်။ နိုင်ငံတော်၏ နိုင်ငံ ရေးစနစ်သည် ယခုအခါ ဒီမိုကရေစီစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနေသည်မှာ မည်သူမှ မငြင်းနိုင်သောအချက် ဖြစ်ပါသည်။

News 

အံ့မခန်း ထမ်းဆမ်းလိုဏ်ဂူတော်

နေမင်းသန့်
အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

တောင်ကြီးမြို့ကို အလည်တစ်ခေါက် နှစ်ဆန်းက ရောက်ခဲ့သည်။ အင်းလေး ဖောင်တော်ဦး ဘုရားငါးဆူနှင့် အင်းတိမ်ဘုရားကြီးကို ဖူးခဲ့သည်။ ထမ်းဆန်းဂူအကြောင်း ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖတ်ဖူးပြီးကတည်းက သွားချင်စိတ် ရှိနေခဲ့သည်။ ကျောက်စက်ပန်းဆွဲများဖြင့် လှသည့်အကြောင်း ဖတ်ထားခဲ့ရသဖြင့် စိတ်ဝင်စားမိသည်။

News 

လူတိုင်းအတွက် ပညာရေး

ပစ်တိုင်းထောင်
အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ လုပ်ငန်းသဘာဝမှာ လုပ်ငန်းစဉ်တစ်ရပ်ကို ပုံစံဖော်၍ လမ်းကြောင်းပေါ်တင်ပေးခြင်းသာ ပြုလုပ် ပါသည်။ လမ်းကြောင်းပေါ်သို့ ရောက်ရှိ၍ လုပ်ငန်းအရှိန် အဟုန်ရရှိလာသည်နှင့် အဆိုပါကုလ သမဂ္ဂအဖွဲ့အစည်းသည် ထိုလုပ်ငန်း ကို သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပါသည်။

News 

မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကို ဤသို့ရှုမြင်သည်

မီးသတ်ဝန်ထမ်းဟောင်းတစ်ဦး
အတွဲ ၂၈ ၊ အမှတ် ၅၅၁ ( ၆ - ၁၂ ၊ ၁ ၊ ၂၀၁၂)

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၄၀ က ဖြစ်ပွားခဲ့သော မင်္ဂလာတောင် ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ မေတ္တာမွန်ဂိုဒေါင်အုပ်စု မီးလောင်မှု တွင် ပေါက်ကွဲမှုဖြစ်ပွားကာ ၁၇ ဦး သေဆုံး၊ ၈၃ ဦး ဒဏ်ရာရရှိ၊ မီးဘေး ဒုက္ခသည် အိမ်ထောင်စု ၁၄၀ အား ယာယီကယ်ဆယ်ရေးစခန်းများ၌ နေရာ ချပေးပြီး လိုအပ်သည်များ ကူညီပံ့ပိုး စသည့် စာလုံး အမည်းများဖြင့် နေ့စဉ်ထုတ်သတင်းစာ၌ ဖော်ပြထားပါသည်။

News 

မြန်မာနိုင်ငံနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး ရည်မှန်းချက

စန္ဒာလွင်
အကြီးတန်းလက်ထောက်စာတည်း
အတွဲ ၂၈ ၊ အမှတ် ၅၅၁ ( ၆ - ၁၂ ၊ ၁ ၊ ၂၀၁၂)

နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးပုံအခြေအနေကို တရားဝင် အသိအမှတ်ပြုလိုက်ခြင်းနဲ့ အတူ အစိုးရသစ်ဟာ နိုင်ငံသစ်တည်ရေး ရည်ရွယ်ချက် ချကာ ငါးနှစ်သက်တမ်းကို စခဲ့တယ်။ အစိုးရသစ် ဘာလုပ်မလဲလို့ စောင့် ကြည့်နေကြစဉ်မှာပဲ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်ဟာ မေလ ၂၀ ရက်ကနေ ၂၂ ရက်အထိ 'ဆင်းရဲ နွမ်းပါးမှု'စကားလုံးကို ပွင့်ပွင့်လင်းလင်း ခေါင်းစဉ်တင်ထားတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့တယ်။

News 

ဈေးနှုန်းတက်တိုင်း မြတ်သလား

မောင်ကြာလှ
အတွဲ ၂၈ ၊ အမှတ် ၅၅၁ ( ၆ - ၁၂ ၊ ၁ ၊ ၂၀၁၂)

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုကုန်ကျစရိတ် ရောင်း ဈေးနှုန်းနှင့် အရှုံးအမြတ်တို့သည် အမြဲတစေ ဆက်စပ် ပတ်သက်နေသော အချက်အလက်များဖြစ်သည်။ ယင်းတို့ အနက် ထုတ်လုပ်မှုကုန်ကျစရိတ်သည် အခြေခံ ပဓာနကျသော အချက်ဖြစ်သည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် မူတည်၍ သင့်လျော်သောအမြတ်ကို ထပ်ဆောင်းကာ ရောင်းဈေးနှုန်းကို သတ်မှတ်ရသည်။

News 

၂၀၁၁ စီးပွားရေးကဏ္ဍ အပြောင်းအလဲများ

အေးသီတာကျော်
အကြီးတန်းသတင်းထောက်
အတွဲ ၂၈ ၊ အမှတ် ၅၅၀ ( ၃၀ ၊ ၁၂ ၊ ၂၀၁၁ - ၅ ၊ ၁ ၊ ၂၀၁၂)

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သမ္မတအသစ်ရရှိခဲ့တဲ့အချိန်က စပြီး အပြောင်းအလဲများစွာ ကြုံတွေ့လာ ခဲ့ရပါတယ်။ ယင်း အပြောင်းအလဲတွေ အထဲမှာတော့ စီးပွားရေးကဏ္ဍအတွင်းမှာ များများစားစားရှိနေတာကို တွေ့ရ ပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်း လောက်ကစပြီး စွမ်းအင်ကဏ္ဍအတွင်း ကြည့်မယ်ဆိုရင် ကုန်းတွင်းရေနံမြေတွေမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ သိုက်တွေကို ရှာဖွေ တွေ့ရှိလာခဲ့ပါတယ်။

News 

အမှိုက်၊ သစ်ရွက် မီးမရှို့ကြပါနဲ့

နေမင်းသန့်
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)

"စောစောအိပ်လို့ .. စောစောထလို့ ..စောစောလမ်းလျှောက်ကြပါစို့.." နှိုးဆော်သံ အသံချဲ့စက်တင်ကားက မနက် ၄ နာရီကျော်တာနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် လိုက်အော်သည်။ အိပ်ရာကနိုးပေမယ့် အပြင်မှာ မည်းမှောင်နေသည်။ အလင်းရောင်ပျပျက မနက် ၅ နာရီခွဲကျော်မှ လာသည့် ဒီဇင်ဘာလ။ ပြန်အိပ်နေလိုက်ပြီး ၅ နာရီကျော်တော့ အိပ်ရာထ၊ မျက်နှာသစ်၊ သန့်ရှင်းပြီး အိမ်အပြင်သို့ ထွက်လိုက်သည်။

News 

မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်

ဆရာဝန်တစ်ဦး
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)

ကျွန်တော်သည် ဆရာဝန်တစ်ဦးဖြစ်ပါသည်။ အစိုးရနှင့် တိုက်ရိုက်ပတ်သက်မှု မရှိပါ။ တစ်ပါတီပဲဖြစ်ဖြစ်၊ ပါတီစုံပဲဖြစ် ဖြစ် ကျွန်တော် သမ္မတလည်းမဖြစ်နိုင်၊ ၀န်ကြီးလည်းမဖြစ်နိုင်ပါ။ ကျွန်တော်၏ အလုပ်မှာ ဆေးကုသရန်သာ ဖြစ်ပါသည်။ ယခု တိုင်းပြည်မျက်နှာ တစ်ခုတည်းကိုသာ ကြည့်၍ ဘယ်သူ့ဘက်မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြလိုပါသည်။ ကျွန်တော်၏ စစ်မှန်သော စေတနာကို ပြည်သူများ နားလည် နိုင်ကြပါစေ။ လက်ရှိအစိုးရသည် အားနည်းချက် ပေါင်းများစွာ ရှိခဲ့ကြောင်း မည်သူမျှ မငြင်းနိုင်ပါ။

News 

အာဆီယံထိပ်သီးညီလာခံအတွက် အဆင်သင့်ဖြစ်နေပြီလား

ကျော်ဆုမွန်
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)

မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၏ ထိပ်သီးအစည်း အဝေးများ လက်ခံ ကျင်းပပေးမည့် အိမ်ရှင်နိုင်ငံဖြစ်လာဖို့ အများသဘော ဆန္ဒ ရရှိပြီးနောက် နှစ်နှစ်တာကာလအတွင်း အခြားအာဆီယံအသင်းဝင် နိုင်ငံများကဲ့သို့ ကြိုတင်ပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်လာရတော့မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

News 

ဤမှစ၍ ဤတွင်ဆုံးသည်

ရာဇာရဲရင့်
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)

ကမာရွတ်မြို့နယ် ပြည်လမ်းနှင့် မြကန်သာလမ်းထောင့်တစ်ဝိုက် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူတွေရှိသည်ဆိုသည့် သတင်း ကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းနှိမ်နင်းရေးအဖွဲ့က ၃-၇-၂၀၁၁ နေ့ ညနေ ၅ နာရီခွဲလောက်မှာ ၀င်ရောက်ဖမ်းဆီး ကြသည်။

News 

အမျိုးသားစည်းကမ်းအစက ခေါင်းလောင်းသံ

စိုးဘားဒိုင်
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)

တရုတ်ပြည်မှ ပင့်ဆောင်ပူဇော်ခံသည့် ဗုဒ္ဓမြတ်စွယ်တော်သည် ဒီဇင်ဘာလ ၈ ရက်နေ့က မန္တလေးမြို့သို့ ရောက်ရှိလာသည်။ မန္တလေးမြို့သို့ ရောက်ရှိလာသည့် စွယ်တော်မြတ်ကို ကြိုဆိုဖူးမြော်ရန် စွယ်တော်မြတ် ပင့်ဆောင်လာမည့် လမ်းတစ်လျှောက်တွင် ကြိုတင်နေရာ ယူကာ စောင့်ဆိုင်းနေကြသည်။

News 

ပွဲတော်များထဲက တစ်ပွဲ၊ စာမေးပွဲ

ပစ်တိုင်းထောင်
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)

ဗုဒ္ဓဘာသာဝင်အများစု မှီတင်းနေထိုင် ကြသော မြန်မာနိုင်ငံတော်တွင် ၁၂ လ ရာသီပွဲတော်များရှိရာ နယုန်လ၏ပွဲတော်မှာ စာပြန်ပွဲ ဖြစ်ပါသည်။ ရှေး မြန်မာမင်းများလက်ထက်ကတည်းက ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ စာပြန်ပွဲ ကျင်းပသောလသည် နယုန်လ ဖြစ်ပါသည်။

News 

ဟင်..အဲလိုကြီးလား

လန်းစေသော်
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)

ကျွန်တော် ဒီလိုအဖြစ်အပျက် ကြုံရတာကို တော်တော်အံ့ဩမိတယ်။ ကူးစက်ရောဂါမျိုး ဖြစ်တယ်ဆိုတာက တားမြစ် လို့ရဦးမယ်၊ အခုလို မြန်မာ့လူ့ အဖွဲ့ အစည်းရဲ့ ကုတင်ခြေရင်းကို အလွယ်တကူရောက်လာတဲ့ မဖွယ်မရာ ဇာတ်ကားတွေကို အများသူငါလာ ထိုင်ကြတဲ့ လက်ဖက်ရည်ဆိုင်မှာ စီးပွားရေးကြောင့် ဖွင့်ပြထားရပါတယ်ဆိုတာမျိုးက တွေးကြည့်ရင်တော်တော် ကြောက်စရာ ကောင်းနေပါတယ်"လို့ ရွှေအမြုတေ စာပေဆုရထားတဲ့ ဆရာ ဇော်ခိုင်ဦးက စိတ်မသက်မသာနဲ့ ပြောပါရဲ့။

News 

တံစိုးလက်ဆောင်

မြင့်သန်းကျော်
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)

လက်ရှိအနိမ့်ဆုံးလစာက ကျပ် ၅၀,၀၀၀ မပြည့်ပါ၊ သာသာထိုးထိုး ၅၀,၀၀၀ လို့ ထားကြရအောင်။ ထမင်းက တစ်ခါပြင် ၅၀၀၊ ချက်စားရင် ဒါထက်ပိုကုန်ပါတယ်။ ကဲပါလေ အ၀စားလို့ ပြောကြည့်ပါ။ တစ်လ နပ် ၆၀။ သုံးသောင်းကုန်ပြီ။ လမ်းစရိတ်က တစ်နေ့ ၂၀၀ ထား (တကယ်တော့ မရပါ)။ အလုပ်ဆင်းရက် ၂၂ ရက်၊ ၄,၄၀၀။ ဆင်ခြေဖုံးဒေသ ရေဖိုး စည်တစ်ဝက် ၅၀၊ ရက် ၃၀ မှာ ၁,၅၀၀။ မီးမရှိ မီးပျက် ဖယောင်းတိုင်ဖိုး (မီတာခဆိုပါစို့) ၂,၀၀၀ (ဒါထက်များပါမယ်)။

News 

စိန်ခေါ်မှုတွေရှိနေဆဲ ကမ္ဘောဒီးယားနိုင်ငံ သတင်းစာလောက

နန်းတင်ထွေး
အတွဲ ၂၈ ၊ အမှတ် ၅၄၄ ( ၁၈ - ၂၄ ၊ ၁၁ ၊ ၂၀၁၁)

ဝါရှင်တန်အခြေစိုက် Watchdog Freedom House ကနေ ထုတ်ပြန် လိုက်တဲ့ ၂၀၁၁ ခုနှစ် စစ်တမ်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှာ ၁၄၁ အနေနဲ့ မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းလိုမျိုး အရှေ့တောင် အာရှနိုင်ငံတွေရဲ့ရှေ့မှာ ရပ်တည်ခဲ့ပြီး အင်္ဂလိပ်နှင့် ခမာဘာသာတွေနဲ့ ထုတ်ဝေနေတဲ့ နေ့စဉ် သတင်းစာတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအလယ်မှာ ၀င့်ကြွားနေပေမယ့် အစိုးရဆီကနေ သတင်းအချက် အလက်တွေ ရရှိရေးဟာ သတင်းထောက်တွေအတွက် ကြီးမားတဲ့ အခက်အခဲ တစ်ရပ်အဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။

News 

ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဦးသန့် ကျမ်းသစ္စာဆိုခဲ့သည့်နေ့မှ နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီ

မေစန္ဒီ
အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ - ၁၇ ၊ ၁၁ ၊ ၂၀၁၁)

ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်တင်ခဲ့သူ၊ မြန်မာတစ်ဦးအဖြစ် ကမ္ဘာ့ရေးရာ အထွေထွေကိစ္စတွေမှာ အဓိကနေရာက တာဝန်ထမ်းဆောင်ခဲ့သူ တတိယမြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်၊ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့ ကုလသမဂ္ဂ ဗဟိုဌာန ချုပ်ကြီးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖို့ ကျမ်းသစ္စာဆိုခဲ့တဲ့နေ့ဟာ နိုဝင်ဘာလ ၃ ရက်နေ့က နှစ် ၅၀ ပြည့်မြောက်ခဲ့ပါပြီ။

News 

ဘ၀မာလိန်မှူး

ဦးတင်မောင်လတ် (မွန်ပြည်နယ် ကျောင်းကျန်းမာရေး)
အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ - ၁၇ ၊ ၁၁ ၊ ၂၀၁၁)

မိုးအကုန် ဆောင်းကူးလာတဲ့အခါ ရန်ကုန်မြို့ နေရာအနှံ့မှာ ကျန်းမာရေး အားကစား လှုပ်ရှားမှုနဲ့အတူ လမ်းလျှောက်သူအများအပြား ကို တွေ့ရပါ လိမ့်မယ်။ ကန်တော်ကြီး ပန်းကန်လုံးကျွန်း။ လွတ်တော်ဟောင်းအရှေ့ ရင်ပြင်ကျယ်၊ မြို့တော်ခန်းမအရှေ့ မဟာ ဗန္ဓုလပန်းခြံအတွင်းနဲ့ ဗိုလ်တထောင် ကမ်းနားလမ်းတွေမှာ ကျန်းမာရေး အားကစားလှုပ်ရှားသူတွေနဲ့ လမ်းလျှောက်သူတွေဟာ ပျားပန်းခပ်သလို စည်ကားနေတာပဲ။

News 

အမျိုးသားခေါင်းဆောင်ကြီး၏ မြေးနှစ်ယောက်

မိုးလင်း
အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ - ၁၀ ၊ ၁၁ ၊ ၂၀၁၁)

ကျွန်တော်တို့အစ်မမှာ သားနှစ်ယောက် ရှိပါတယ်။ သားအကြီးက မောင်မြင့်ဆန်းအောင်(ခ) ALEXANDER နဲ့ သား အငယ်က မောင်ထိန်လင်း(ခ) KIM တို့ ဖြစ်ပါတယ်။ မောင်မြင့်ဆန်းအောင် ကို ၁၂-၄-၁၉၇၃ ခုနှစ်၊ ကြာသပတေးနေ့မှာ မွေးဖွားပါတယ်။ မောင်ထိန်လင်းကိုတော့ ၂၄-၉-၁၉၇၇ ခုနစ်၊ စနေနေ့မှာ မွေးဖွား ပါတယ်။ လွန်ခဲ့သော ၂၃ နှစ် အထိကတော့ သားနှစ်ယောက်ကို ရင်အုပ်မကွာ ထားရှိခဲ့ပါတယ်။

News 

ပြည်သူကို ကိုယ်စားပြုသည့် အသံ

မောင်သိန်းလွင်
အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ - ၁၀ ၊ ၁၁ ၊ ၂၀၁၁)

"ဒီလူငယ်တွေလိုသာ ကြိုးစားလုပ်ကိုင်ကြရင်၊ ဒါမှမဟုတ် သူတို့လုပ်ငန်းကို အစိုးရကသာ အားပေးမယ်ဆိုရင် တိုင်းပြည်စီးပွားရေး ကောင်းမှာဗျ။ ရေအားလျှပ်စစ်တွေ ဘာတွေတောင် လုပ်စရာမလိုတော့ဘူးပေါ့" .....

News 

ကောင်းမှုတော်နှင့် စိန့်ပီတာစ်ဘာ့ဂ်

မောင်ကြာလှ
အတွဲ ၂၇ ၊ အမှတ် ၅၄၁ ( ၂၈၊၁၀ - ၄၊၁၁ ၊ ၂၀၁၁)

"တစ်နှစ်တစ်ခါ ထုံးသင်္ကန်းကပ်ရတဲ့စရိတ် သက်သာအောင်လို့နဲ့ တူပါတယ် ဆရာရယ်၊ တကယ် ဆိုရင် ကောင်းမှုတော်လို့ ပြောလိုက်တာနဲ့ ဖြူဖွေးနေတဲ့ ထုံးသင်္ကန်းနဲ့ အင်မတန်ကြည်ညိုစရာ ကောင်းတဲ့ ပုံတော်ကို မျက်စိနဲ့မှန်းပြီး ပူဇော်ရတာ စိတ်ကြည်နူးစရာပေါ့။ အခုတော့ အဲဒီ ခံစားချက် ပျောက်သွားတယ် ဆရာရဲ့" .....News