ပင်ပန်းမှုတွေပြေပျောက်ပြီး စိတ်ရော ကိုယ်ပါ ကြည်နူးလန်းဆန်းစေနိုင်တဲ့ ရေကူးကန်ပါဝင်တဲ့ လုံးချင်းအိမ်
နိုနိုအောင်အိမ်ခြံမြေသတင်းထောက်
အတွဲ ၂၉ ၊ အမှတ် ၅၆၅ ( ၂၀ - ၂၆ ၊ ၄ ၊ ၂၀၁၂)

တည်နေရာ - အောင်ရတနာရိပ်မွန်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်။
ဈေးနှုန်း - ကျပ်သိန်း ၅,၅၀၀ (အရောင်း)။
ဖုန်း - ၂၂၉၆၄၈။
ဆက်သွယ်ရန်- ပန်းစံကားဝါ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်။
စာဖတ်သူတွေအတွက် မတူတဲ့ မြို့နယ် တွေက ကွဲပြားခြားနားတဲ့ ဒီဇိုင်းတွေနဲ့ အိမ်တွေကို တင်ဆက်ဖို့အတွက် စဉ်း စားခဲ့ပါတယ်။
ဒီတစ်ပတ်တော့ သင်္ဃန်း ကျွန်းမြို့နယ်က ရေကူးကန်ပါ ပါဝင်တဲ့ အိမ်လေးတစ်လုံးကို စိတ်ကြိုက်အိမ် အဖြစ် ရွေးချယ်ခဲ့တယ်။
အောင်ရတနာရိပ်မွန်အိမ်ရာဟာ သင်္ဃန်းကျွန်းမြို့နယ်မှာ ဆိုပေမယ့် တိတိကျကျပြောရရင် သုဝဏ္ဏ၊ သွား ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အနီး အနားမှာ တည်ရှိပါတယ်။
အိမ်ရာက လူသိနည်းသလို အနည်းငယ်လည်း ချောင်ကျတယ်ဆိုရမှာပါ။
ဒါပေမယ့် အကောင်းဘက်က ကြည့်ရင်တော့ အဲဒီလို ချောင်ကျတဲ့ အတွက်ကြောင့်ပဲ ရန်ကုန်မြို့ထဲနဲ့ လမ်းပန်းအဆင်ပြေပြီး မဝေးလှတဲ့ နေရာမှာ ပေ ၁၀၀ ပတ်လည် ခြံကျယ်ကြီးကို ရနိုင်တာပေါ့။
အိမ်ရဲ့ အရောင်က ဆွဲဆောင်မှုရှိပါ တယ်။ လိမ္မော်ရောင် အုတ်ကြွပ်မိုးနဲ့ အဖြူရောင်အခံမှာ လိမ္မော်ရောင် အနား သတ်တွေ ပါဝင်တဲ့ အိမ်ဟာ ခြံလုံးပြည့် မြက်ခင်းစိမ်း၊ ပြာလဲ့နေတဲ့ ရေကူးကန် တို့နဲ့ လိုက်ဖက်လို့ နေပါတယ်။
ခြံဝင်း တံခါးဝကနေ ကားသုံးစီးဆံ့ ကားဂိုဒေါင် ဆီကို အက္ခရာ ဒ့ဒ ပုံစံ လမ်းသွယ်နှစ်ခုနဲ့ ဆက်သွယ်ထားပါသေးတယ်။
အပြင်က နေ ခြုံငုံကြည့်ရသလောက် သာယာတဲ့ စိတ်ကူးယဉ်အိမ်လေးသဖွယ် နှစ်သက် မိပေမယ့် အိမ်တွင်းအပြင်အဆင် တချို့ ကတော့ အမျှော်လင့်ကြီး မျှော်လင့် ထားတဲ့ ကျွန်မကို အနည်းငယ် အား လျော့စေခဲ့ပါတယ်။ အိမ်တံခါးမကြီးကနေ ၀င်ဝင်ချင်း ဧည့်ခန်းနေရာကို ရောက်ပါတယ်။
ဧည့် ခန်းအသေးစား ဆိုရမှာပေါ့။ အိမ်ရဲ့ ဘယ် ဘက်မှာ အလင်းရောင်လည်းရ ရေကူး ကန်ကိုလည်း ကောင်းကောင်းမြင်ရတဲ့ အပိုထုတ်ထားတဲ့ ဧည့်ခန်းဆောင်ကြီး တစ်ခုလုံးရှိပါသေးတယ်။ ဧည့်ခန်းနဲ့ ထမင်းစားခန်းကို ပိုင်းကန့်ထားတဲ့ အလူ မီနီယံ၊ ကွန်ပို့စစ်နံရံကတော့ အနည်း ငယ် ကသိကအောက် ဖြစ်စေပါတယ်။ အိမ်နဲ့ မလိုက်ဖက်သလို ခံစားရလို့ပါ။
မီးဖိုခန်းက သိပ်မကျယ်လှပေမယ့် အိမ် နောက်ဘက်ခြံကျယ်က မြက်ခင်းစိမ်း ပြန့်ပြန့်ကို မှန်ပြတင်းတွေကနေ တစ်ဆင့် ထွင်းဖောက်မြင်ရတာကတစ်ကြောင်း၊ ခြံနောက်ဘက်ထွက်တဲ့ တံခါးတစ်ချပ် ရှိနေတာကတစ်ကြောင်းကြောင့် စိတ်ခံစားမှုအရ ကျယ်လွင့်ပါတယ်။
အိမ်ပေါ်ထပ်တက်တဲ့ လှေကားက လည်း သံပန်းအလှတွေ၊ ကျွန်းပွတ်လုံး တိုင်တွေ မပါဝင်ဘဲ ခပ်ရိုးရိုးပဲ ဖြစ်ပါ တယ်။
အိမ်ပေါ်ထပ်မှာတော့ ရိုးရိုးအိပ် ခန်းနှစ်ခန်းနဲ့ျြေအနမ နြိမသသာ တစ် ခန်းပါဝင်ပါတယ်။ သဘောကျမိတာက တော့ အိပ်ခန်းအားလုံး အလင်းရောင် ကောင်းကောင်းရတာပါပဲ။ တစ်အိမ်လုံး ကို မာဘယ်လ် ကျောက်ပြားတွေနဲ့ ကြမ်းခင်းထားတယ်။
ပူပြင်းတဲ့ နွေရာသီ အတွက် အေးမြတဲ့ ကျောက်ပြားတွေက နေရထိုင်ရ သက်သာစေနိုင်မှာပါ။ လေ့လာကြည့်ရသလောက် အိမ် အပြင်အဆင်က ပြတင်းပေါက်သံပန်း တွေကအစရိုးရှင်းလွန်းပါတယ်။ မျက်နှာ ကြက်မီးတွေကလည်း ခပ်ရိုးရိုးပဲ။
လှေ ကားအပေါ် မျက်နှာကြက်တစ်ခုမှာပဲ ခရစ္စတယ်မီးဆိုင်း တစ်ခုရှိနေပါတယ်။
များသောအားဖြင့် ခေတ်မီလုံးချင်း အိမ်အသစ်တွေမှာ နံရံကပ်မီး၊ မျက်နှာ ကြက်မီးကအစ ဆွဲဆောင်မှုရှိအောင် သုံးတတ်ကြ တယ်လေ။
ဒီအိမ်မှာတော့ ခံ့ခံ့ညားညား ရွှေအိုရောင် ခန်းဆီး တွေကလွဲလို့ ပကာသန အဆောင် အယောင် ဘာမှသိပ်မတွေ့ခဲ့ရပါဘူး။
လေအေးပေးစက် သုံးလုံး၊ ကြိုးဖုန်း တစ်လုံးပါဝင်မှာဖြစ်ပြီး မီတာက ပါဝါမီ တာနဲ့ ရိုးရိုးမီတာ၊ ရေကတော့ ဂျိုးဖြူ ရေဖြစ်ပါတယ်။
ဒီအိမ်ကို ပန်းစံကားဝါ အကျိုးဆောင်က တာဝန်ယူထားပြီး ရောင်းဈေးက ကျပ်သိန်း ၅,၅၀၀ ဖြစ်ပါ တယ်။
မွန်းကျပ်တဲ့ မြို့ပြဘ၀ကို ခဏ မေ့ဖျောက်ထားပြီး အလုပ်မှာ ပင်ပန်း သမျှ ဒီခြံလေးထဲ ပြန်ရောက်တာနဲ့ ပြေပျောက်သွားအောင် သာယာတဲ့ အိမ် လေးပါပဲ။